မာန်ထက်ချီ ဗီဒီယိုထုတ်လုပ်ရေးမှ ဦးဝင်းကိုသည် ဥက္ကဋ္ဌ ဦးဇင်ဝိုင်းအား ဂုဏ်သိက္ခာကျဆင်းစေသော ကိစ္စ များ ပြောဆို ခြင်းကြောင့် ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ကျောက်တံတားမြို့နယ် တရားရုံးသို့ သွားရောက် ၍ တရားစွဲဆိုခြင်း ဖြစ်သည်။ ထိုကိစ္စနှင့် ပတ်သက်၍ “ နာဂစ်ရန်ပုံငွေ ကားခြောက်ကား သိန်း နှစ်ထောင်ကျော် ကို ၆၀၀နဲ့ ရောင်းစာြး့ပီး ကျန်တဲ့ တစ်ထောင် လေးရာကို ကျွန်တော်တို့က ဝိုက်လိုက် သလို မျိုး ဖန်တီးပြောဆိုတယ်။ ကျွန်တော့် ဇနီးဘက်က အမျိုးတော်စပ်တဲ့ မဇင်မီမီဟိန်း ရောင်းချတဲ့ လမ်းဘေး ခိုးကူးခွေ သိမ်းဆည်းရမိတာနဲ့ ပတ်သက်ပြီး ကျွန်တော့်ရဲ့ ဂုဏ်သိက္ခာ ကို ထိခိုက်အောင် ပြောဆိုတာတွေကြောင့် အသေရေ ဖျက်မှုနဲ့ တရားစွဲတာပါ’’ ဟု မာန်ထက်ချီ ဗီဒီယို ထုတ်လုပ်ရေးမှ ဦးဝင်းကိုက ပြောကြားသည်။ “ဗီဒီယို လောကကောင်းမွန်လာဖို့ အတွက် ကိုယ့်လောကထဲ က ဘယ်သူပါပါ ဖမ်းခိုင်းခဲ့ပါတယ်။
ဒါဟာ ရုပ်ရှင် အစည်း အရုံး၊ ဗီဒီယို အခြေခံအဖွဲ့ကို အကွက်ကျကျ တိုက်ခိုက်တာပါ။ ကျွန်တော် တာဝန် ရှိသူ တစ်ယောက်အနေနဲ့ အမှန်တရားကိုပဲ ပြောပါတယ်။ အဲဒီအတွက် ဖြစ်လာတဲ့ အကျိုး ဆက်တွေကို ခံဖို့အသင့်ပါပဲ။ ခိုးကူးခွေ ဖမ်းမိတဲ့ဆိုင်ကလည်း ဦးဝင်းကို တူမရဲ့ ဆိုင်ပါ ’’ ဟု မြန်မာနိုင်ငံ ရုပ်ရှင်အ စည်းအ ရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ၎င်း၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ “အစ်မ သိ သလောက်တော့ ဦးဇင်ဝိုင်း လုပ်တဲ့ အလုပ်တွေက စည်းစနစ်ပြောရင် ဥပဒေဘောင် အတွင်းက လုပ်တာ ပါ။ အစ်မ တို့ ဦးဇင်ဝိုင်းကို ဥက္ကဌဖြစ် စပြီးရွေးချယ်ကတည်းက ရုပ်ရှင်လောက တိုးတတ်ဖို့၊ ကောင်းဖို့ အတွက်ကို လုပ်တဲ့သူ လို့ ယုံကြည်တဲ့အတွက်ကြောင့် ဦးဇင်ဝိုင်းကို ရွေးချယ်ဖို့ ထောက်ခံတယ်။ ဦးဇင်ဝိုင်း က တစ်ကယ်ကို ရုပ်ရှင်လောက တိုးတတ်ဖို့ အတွက်ကို စေတနာမှန်မှန်နဲ့ လုပ်နေတာပဲ။
အစ်မ အနေနဲ့ ပြောရမယ်ဆိုရင် ဦးဇင်ဝိုင်း လုပ်တဲ့လုပ်ရပ် တွေကို မှန်တယ်လို့ မြင်ပါတယ်” ဟု ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောကြားသည်။ “ကျွန်တော် ဒီအကြောင်းကို ဂဃနဏ မသိဘူးဗျ။ အမှန်က တော့ အနုပညာ ရှင်တွေချင်း တရားစွဲတယ်ဆိုတာ မကောင်း ဘူးပေါ့။ ညီအစ်ကို အချင်းချင်းတွေပဲ။ အကုန်လုံးက အနုပညာ သမားတွေချင်း တစ်ဦးကတစ်ဦးရဲ့ သဘောတရားကို နား လည်ပြီးသား ဘယ်သူ မှားတယ်၊ ဘယ်သူမှန် တယ်ဆိုတာကို အကိုလည်း အတိကျ မသိတော့ မပြောတတ်ဘူး’’ ဟု ထပ်ဆင့် အကယ်ဒမီ ရန်အောင် က ၎င်း၏အမြင်ကို ပြောကြားသည်။ “ စွဲမယ်ဆိုလည်း စွဲပေါ့။ ရင်ဆိုင်ရမှာပေါ့။ ဒီသ ရုပ်ဆောင် လောကတစ်ခုလုံးကတော့ ဦးဇင်ဝိုင်းဘက်က ရှိကြပါတယ်။ ကျွန်မလည်း ဦးဇင်ဝိုင်းဘက်က ရှိပါတယ်” ဟု အကယ်ဒမီ ထွန်းအိန္ဒြာဗိုက ပြောကြားသည်။
www.mmdailystar.com