Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

တပ်မတော်၏ ငြိမ်းချမ်းရေး လိုလားမှုကြောင့် လိုင်ဇာမြို့ ပုံမှန်ပြန်ဖြစ်နေပြီ

$
0
0

ကချင်လွတ်မြောက်ရေးအဖွဲ့မှ ထိန်းချုပ်ထားသော နယ်စပ်မြို့ဖြစ်သည့် လိုင်ဇာမြို့မှာ ပုံမှန်အနေ အထား ပြန်ရောက်နေပြီဖြစ်ကြောင်း ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော် က ရွှေလီမြို့ တွင် ပြောကြားခဲ့သည်။

“လိုင်ဇာကတော့ ပုံမှန်ပြန်ဖြစ်ပြီလို့ ပြောလို့ရပါပြီ”ဟု ဗိုလ်ချုပ်ဂွန်မော်က မတ်လ ၁၁ ရက်တွင် တရုတ်နိုင် ငံ ရွှေလီမြို့၌ ပြုလုပ်ခဲ့သော ဆွေးနွေးပွဲခေတ္တနားစဉ် သတင်းထောက်များ အား ပြောကြား ခဲ့သည်။

မြန်မာနှင့် တရုတ်နိုင်ငံနယ်စပ်တွင် တည်ရှိသော လိုင်ဇာမြို့သည် နယ်စပ်ကုန်သွယ်ရေးအရ အရေးပါသော မြို့တစ်မြို့ဖြစ်ခဲ့ပြီး ၂၀၁၁ ခုနှစ် ဇွန်လမှစ၍ အစိုးရတပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားပြီးနောက် ကုန်သွယ်ရေးလုပ်ငန်းများ အားလုံးနီးပါး ရပ်တန့် သွားခဲ့သည်။

၂၀၁၂ နှစ်ကုန်ပိုင်းနှင့် ယခုနှစ်ဇန်န၀ါရီလအတွင်း နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စဉ် ကေအိုင်အိုဌာနချုပ်ရှိရာ လိုင်ဇာမြို့ အတွင်းသို့ပင် လက်နက်ကြီးများကျရောက်ကာ လေကြောင်းတိုက်ခဲ့မှုများသည်လည်း လိုင်ဇာမြို့ အနီးသို့ ရောက်ရှိခဲ့သည်။

လူဦးရေ ၈၀၀၀ ကျော်ရှိသော လိုင်ဇာမြို့တွင် ဒုက္ခသည်စခန်း ငါးခုရှိပြီး ထိုဒုက္ခသည် စခန်းများ တွင် နိုင်ငံတကာအဖွဲ့အစည်း အချို့နှင့် ကုလသမဂ္ဂမှ အကူအညီများ စတင်ရောက်ရှိနေပြီဖြစ်သော်လည်း အစားအသောက်နှင့် မကြာမီရောက်ရှိလာတော့မည့် မိုးရာသီအတွက် လုံခြုံသော အဆောက်အအုံများ လိုအပ်လျက်ရှိနေသေးသည်။

လိုင်ဇာမြို့သို့ ရန်ကုန်မှ ဇန်န၀ါရီလ၂၁ ရက်ကတည်းက ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သော အဖွဲ့သည် လည်း မတ်လ ၁၈ ရက်တွင် လိုင်ဇာသို့ ရောက်ရှိသွားပြီဖြစ်ပြီး ယင်းတို့သည် မြစ်ကြီးနား-လိုင်ဇာလမ်းအတိုင်း လမ်းလျှောက်ခဲ့ကြခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။

လိုင်ဇာမြို့သို့ မြင်းခြံမြို့မှ ငြိမ်းချမ်းရေးလမ်းလျှောက်သူများနှင့် ငြိမ်းချမ်းရေးအတွက် သွားရောက်သော ပန်းရဲလမ်းငြိမ်းချမ်းရေးအဖွဲ့တို့သည် မတ်လ ၁၃ နှင့် ၁၅ ရက်တို့က အစိုးရတပ်များ တပ်စွဲထားရာ လဂျားယန်ဂိတ်မှ ဖြတ်သန်းကာ လိုင်ဇာမြို့သို့ အသီးသီး ရောက်ရှိခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဖြတ်သန်းရာတွင် လဂျားယန်ဂိတ်ရှိ မိုင်းကွင်းများကို ဖြတ်သန်းရာ၌ အစိုးရတပ်က ကူညီပေး ခဲ့ပြီး မြင်းခြံမြို့မှ ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့တွင် ဘုန်းတော်ကြီးများပါ ပါဝင်ရာ ဘုန်းတော်ကြီး များအား နေ့ဆွမ်းဆက်ကပ်ပြီး လမ်းလျှောက်အဖွဲ့များအား နေ့လယ်စာ စီစဉ်ပေးခဲ့ကြောင်း သတင်းရ ရှိသည်။

မတ်လ ၁၁ ရက်က တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် ကေအိုင်အိုနှင့် အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ပထမ ဆုံးအနေဖြင့် တပ်ဘက်ဆိုင်ရာများကို ဆွေးနွေးကာ အပစ်အခတ်ရပ်စဲရေးရ သည်အ ထိ ဆောင်ရွက်ရန် သဘောတူညီ ခဲ့ကြသည်။ ကေအိုင်အေနှင့် အစိုးရတပ်အကြား တိုက်ပွဲ များ လျော့နည်း သွားပြီဆိုသော် လည်း ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံလွယ်ယာဒေသတွင် မတ်လ ၁၆ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။


From:7day

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>