Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

EU ရဲ့ ပိတ်ဆို့မှုတွေ လုံးဝရုပ်သိမ်းပေးဖို့ သမ္မတ ဦးသိန်းစိန် မေတ္တာရပ်ခံ

$
0
0

ဥရောပသမဂ္ဂ(EU)အနေနဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူထားတွေကို လုံးဝရုတ်သိမ်းပေးဖို့ သမ္မတ ဦးသိန်းစိန်က မေတ္တာရပ်ခံလိုက်ပါတယ်။

သြစတြီးယားနိုင်ငံကို ရောက်ရှိနေစဉ်အတွင်း သြစတြီးယားသမ္မတ Heinz Fischer နဲ့ တွေ့ဆုံအပြီး သမ္မတနှစ်ဦးပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မနေ့က ပြောကြားခဲ့တာပါ။

မိမိတို့မှာ ချို့တဲ့နေတာက အရင်းအနှီးနဲ့ အတတ်ပညာ နည်းပညာတွေဖြစ်ပါတယ်၊ ဒါကလည်း ပြီးခဲ့တဲ့   နှစ်ပေါင်း ၂၀ လောက် ပိတ်ဆို့ခံထားခဲ့ရလို့ဖြစ်ပါတယ်လို့ သမ္မတ ဦးသိန်းစိန်ကသတင်းထောက်ေ တွကို ပြောကြား ခဲ့ပါတယ်။

၂၀၁၁ ခုနှစ် ဦးသိန်းစိန်အစိုးရ တက်လာပြီးတဲ့နောက် မြန်မာနိုင်ငံမှာနိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်း လဲမှုတွေ ဆောင်ရွက်လာခဲ့တဲ့အတွက် ဥရောပသမဂ္ဂ(EU)က လက်နက်အရောင်း အ၀ယ်ကိစ္စကလွဲပြီး ကျန်တဲ့ပိတ်ဆို့အရေးယူထားတာတွေကို ယာယီဆိုင်းငံ့လိုက်ပါတယ်။

ဒါပေမဲ့ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်က ပဋိပက္ခတွေကနိုင်ငံတကာအတွက် စိုးရိမ်စရာဖြစ် လာရပြန်ပါ တယ်။ ဒါပေမဲ့ သမ္မတ ဦးသိန်းစိန်က အခုအခါ တနိုင်ငံလုံးမှာ အကြမ်းပတမ်းကိစ္စတွေ၊ တိုက်တာခိုက် တာတွေ လုံးဝမရှိတော့ပါဘူး၊ ဒီလို လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းသွားအောင် အဆုံးသတ်နိုင်ခဲ့ပါပြီ လို့ ပြောကြားခဲ့ပါတယ်။

သြစတြီးယား သမ္မတ မစ္စတာ Fischer ကလည်း ဒီမိုကရေစီ လမ်းစဉ်ကို စလျှောက်နေပြီဖြစ် တဲ့ မြန်မာနို င်ငံ အနေနဲ့ ဒီလမ်းကြောင်းကို ဆက်လျှောက်ဖို့ တိုက်တွန်းပါတယ်၊ ၂၀၁၅ ရွေးကောက်ပွဲ ဟာလည်းကောင်း   မွန်မျှတပြီး၊ မြန်မာ့အနာဂတ်လမ်းကြောင်းကို ဆုံးဖြတ်လိမ့်မယ်
လို့ မျှော်လင့်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ဒင်းညုမြစ် ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံကိုလည်း သွားရောက်ကြည့်ရှု ခဲ့ပါ တယ်။

နော်ဝေးနဲ့ ဖင်လန်နိုင်ငံတွေကနေ သြစတြီးယားနိုင်ငံကို ရောက်ရှိခဲ့တဲ့ သမ္မတဦးသိန်းစိန် ဟာ ဘယ်လဂျီ ယံ နိုင်ငံနဲ့ အီတလီနိုင်ငံတွေကို ဆက်လက်ထွက်ခွာမှာဖြစ်ပါတယ်။

From:RFA

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>