Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

လိုင်ဇာခရီးရှည် ချီတက်သူ နောက်တဖွဲ့ ကချင်ပြည်နယ်ထဲ ရောက်ရှိ

$
0
0

ဧရာဝတီမြစ် အရှေ့ဘက်ကမ်းကနေ လိုင်ဇာမြို့အထိ ခရီးရှည်ချီတက်နေတဲ့ ငြိမ်းချမ်းရေး လမ်းလျှောက် အဖွဲ့ဟာ မတ်လ ၄ ရက်မှာ ကချင်ပြည်နယ် ဗန်းမော်မြို့ကို ရောက်ရှိနေပြီး အဲဒီကနေ ၉ မိုင်ကွာဝေးတဲ့ မိုးမောက်မြို့ကို ဆက်လက် ချီတက်နေကြပါတယ်။

အဲဒီ လမ်းလျှောက်တဲ့အဖွဲ့ဟာ ဖေဖော်ဝါရီလ ၇ ရက်နေ့က မြင်းခြံမြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့ကနေ ကချင်ပြည် နယ် ကို ဦးတည်ပြီး စတင်ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။

သူတို့ဟာ လိုင်ဇာခရီးစဉ် မရောက်ခင် မိုးမောက်မြို့နယ်မှာရှိတဲ့ စစ်ပြေးဒုက္ခသည် စခန်း ၄ ခုကို သွားရောက် အားပေးစကားပြောဖို့ရှိတယ်လို့ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူတစ်ဦးဖြစ်တဲ့ ကိုသန့်ဇင်စိုး က RFA ကို ပြောပါတယ်။

ဒါ့အပြင် လမ်းခရီးမှာ ဒေသခံတွေ လှူဒါန်းထားတဲ့ အလှူငွေ ကျပ်သိန်း ၁၂၀ ကျော်ကို ခရီးဆုံးလိုင်ဇာမြို့ကို ရောက်ရှိချိန်မှာ ဒုက္ခသည်တွေအတွက် လှူဒါန်းသွားမယ်လို့ ပြောပါတယ်။

အလားတူ ရန်ကုန်ကနေ လိုင်ဇာအထိ ဧရာဝတီမြစ် အနောက်ဘက်ခြမ်းက ငြိမ်းချမ်းရေး လမ်းလျှောက်တဲ့ အဖွဲ့ဟာ ဒီကနေ့မှာ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် တောင်နီကျေးရွာကို ရောက်ရှိနေပြီး ညနေပိုင်း မှာတော့ဒေသခံတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ RFA ကို ပြောပါတယ်။

ဒီအဖွဲ့ထဲက အမျိုးသားနှစ်ဦးနဲ့ သံဃာတော်တစ်ပါးဟာ ကျန်းမာရေးအခြေအေ နကြောင့် မြစ်ကြီး နားဆေး ရုံမှာ ဆေးကုသခံနေရပါတယ်။

From:RFA

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>