Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

OIC ရုံးခွဲဖွင့်လှစ်ခွင့်ကိစ္စနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီး၏ သဘောထား

$
0
0
၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့တွင် နိုင်ငံတော်သမ္မတကြီးနှင့် ပြည်တွင်းမီဒီယာများ တွေ့ဆုံပွဲကို နေပြည်တော် သမ္မတအိမ်တော်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲတွင် News Watch ဂျာနယ် သတင်းထောက်က မြန်မာနိုင်ငံအတွင်း OIC ရုံးများ ဖွင့်ခွင့် မပေးသည့် ကိစ္စ၊ ကချင်ပြည်နယ်သို့ ICRC ၀င်ခွင့်မပေးသည့် ကိစ္စ တို့ကို မေးမြန်းခဲ့ရာမှာ နိုင်ငံတော်သမ္မတကြီးက အကျယ်တ၀င့် ရှင်းလင်းပြောကြားခဲ့ပါသည်။

OIC ရုံးခွဲဖွင့်ခွင့် မပြုသည့် ကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတကြီး၏ ဖြေကြားချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

♦ တစ်အချက်က OIC ကိစ္စ။ OIC ကိစ္စနဲ့ပတ်သက်ပြီးတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ ခုနကလို ဒီဆူပူမှုပဋိပက္ခပေါ့။ ဒါတွေကတော့ ကျနော်တို့အားလုံးသိပြီး ဖြစ်ပါတယ်။ အဲဒီတော့ ဆူပူမှုပဋိပက္ခနှင့်အတူ ခုနလို သေဆုံးတာတွေဒဏ်ရာ ရတာတွေဟာ တခြားဖြစ်စဉ်တွေနှင့် ယှဉ်ရင်တော့သိပ်ပြီးတော့ ကျနော်တို့ ဒါများများစားစားမရှိလှဘူးလို့ ဒီလိုပြောရမှာ ဖြစ်ပါတယ်။ သို့သော်လည်းခုနကလိုမီးရှို့တာကြတော့ ရွာတစ်ရွာမှာ ခုနလိုတစ်အိမ်မီးရှို့ဆိုရင်သက်ကယ်နဲ့ ဓနိနဲ့ နေနေကြတဲ့အိမ်တွေဆိုတော့ အကုန်လောင် တာပါဘဲ။ အဲဒီတော့ မီးရှို့တဲ့အတွက်ကြောင့် ခုနလိုအိုးမဲ့အိမ်မဲ့ဖြစ်တာတွေက ကျနော်တို့များပါတယ်။

♦ အိုးမဲ့အိမ်မဲ့ဖြစ်တဲ့အတွက်ကြောင့် ဘာလုပ်ရလဲဆိုတော့ ကျနော်တို့ ဒီလူတွေကို ထမင်းကျွေးထားရ ပါတယ်။ သူတို့ကိုကျွေးထားတဲ့စရိတ်က ဘယ်လောက်ကုန်တယ်ဆိုရင် တစ်နေ့တစ်နေ့ကို ဒေါ်လာတစ်သန်းဖိုး လောက် ကျနော်တို့ ကုန်ပါတယ်။ အဲဒီတော့ ဒေါ်လာတစ်သန်းဖိုး လောက်ကုန်တဲ့ဟာကို အစိုးရကလည်းစိုက် မပေးနိုင်ဘူး။ ပြည်သူလူထုအကူအညီနဲ့လည်း ဒီလောက် အကုန်ခံကျွေးနိုင်တဲ့ အနေအထား မရှိဘူး။ အဲဒီတော့ ဘာလုပ်ရလဲဆိုတော့ ပြည်ပကအကူအညီတွေကို ကျနော်တို့က လူသားချင်းစာနာတဲ့ ကူညီမှုဆိုတာနော် ဒါတွေကို ကျနော်တို့လက်ခံရပါတယ်။

♦ အဲဒီတော့ လူသားချင်းစာနာတဲ့ အကူအညီတွေလက်မခံဘူးဆိုရင် ကျနော်တို့ ခုနလို လူမဟုတ်ဘူးဆိုပြီးတော့ စွပ်စွဲကြတော့မှာ။ ဒါကတော့တစ်ကမ္ဘာလုံး လက်ခံရတဲ့ကိစ္စပါ။

♦ အလားတူပါဘဲ ကျနော်တို့ OIC နဲ့ ပတ်သက်ပြီး တော့လည်း ကျနော်တို့ ဒါ ဘာသာရေးအရမခွဲခြားပါဘူး။ လူမျိုးအရ မခွဲခြားပါဘူး။ လူသားချင်းစာနာတဲ့ အကူအညီတွေ ကျနော်တို့ပေးချင်ပါတယ်။ ပေးလည်းဘဲ ပေးခဲ့ တာဖြစ်ပါတယ်။

♦ ဒါနဲ့ပတ်သက်ပြီးတော့ ဆက်သွယ်ဆောင်ရွက်ဖို့ဆိုပြီးတော့ ဒီလို OIC နှင့် စာချုပ်တာမဟုတ်ပါဘူး။ OIC ထဲမှာပါဝင်တဲ့ဌာန တစ်ခုအနေနှင့် ဒီနယ်စပ်ဒေသ ဝန်ကြီးဌာနအောက်က ဌာနတစ်ခုနဲ့ စာချုပ်ကြတာဖြစ်ပါတယ်။

♦ စာချုပ်တာကတော့ ကျနော်တို့ ရန်ကုန်မှာ ဒီ OIC ရုံးဖွင့်မယ်တို့၊ နောက်တခါ စစ်တွေမှာ OIC ရုံးဖွင့်မယ်တို့ ဒါတွေဟာ စာချုပ်ထဲမှာလုံးဝမပါပါဘူး။ ဒါလူတွေရဲ့ကောလဟာလတွေပါ။ ဟိုပြောဒီပြော နဲ့ ဒီလိုပြောနေတဲ့ဟာတွေပါ။

♦ ဒါကြောင့်မို့ ဒီကောလဟာလတွေကို ဒါတွေဟာကျနော်တို့ ဟိုဒင်း မဖြစ်ပါဘူး။ ဘယ်သူကမှလဲ ခုနလို ဒီစာချုပ်ကို သေချာလည်းဖတ်ပြီးတော့ ပြောတာလည်းမဟုတ်ပါဘူး။ ကျနော်တို့ သိပါတယ်၊ စာချုပ်ထဲမှာ ခုနပြောသလို ရန်ကုန်မှာဖွင့်မယ်တို့၊ စစ်တွေမှာဖွင့်မယ်တို့ ဆိုတာလုံးဝ ကျနော်တို့မပါပါဘူး။

♦ အကယ်၍ ဖွင့်ဖို့ရှိတယ်ဆိုရင်တောင်မှ ကျနော်တို့အစိုးရအနေနဲ့ တားမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ပြည်သူကမလိုလားဘူး။ ပြည်သူမလိုလားတဲ့အတွက်ကြောင့် ကျနော်တို့က တားဆီးသွား မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ခုနလို ပြည်သူတွေအနေနဲ့ မစိုးရိမ်ပါနဲ့၊ ဒါကိုကျနော်တို့ အစိုးရအနေနဲ့ တာဝန်ယူပါတယ်။ ဒါတွေကျနော်တို့ လုံးဝဖွင့်ခွင့်မပြုပါဘူးဆိုပြီးတော့ ဒီလိုကြေညာတာဖြစ်ပါတယ်။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
အထက်တင်ပြပါ နိုင်ငံတော်သမ္မတကြီးနှင့် ပြည်တွင်းမီဒီယာများ တွေ့ဆုံပွဲ မတိုင်မီ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၅ ရက် ရက်စွဲဖြင့် နိုင်ငံတော်သမ္မတရုံး၏ ထုတ်ဖော် ပြောကြားချက်သတင်းတွင် အောက်ပါအတိုင်း ဖော်ပြပါရှိပြီး ဖြစ်ပါသည်-

♦ ပြည်သူလူထုအကြားတွင် ပျံ့နှံ့ဖြစ်ပေါ်လျက်ရှိသော မြန်မာနိုင်ငံတွင် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရာတွင် ဆက်သွယ်ဆောင်ရွက်ရန် OIC ရုံး ဖွင့်လှစ်မည့်သတင်းနှင့်စပ်လျဉ်း၍ `ယင်းရုံးဖွင့်လှစ်ရန်ကိစ္စမှာ ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသဖြင့် ခွင့်ပြုမည် မဟုတ်ကြောင်း´

အထက်ပါ သတင်းထုတ်ပြန်ချက်ကို ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့ ထုတ် နိုင်ငံပိုင်သတင်းစာများ၏ ရှေ့ဆုံးစာမျက်နှာများတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။

ယခုအခါ ပြည်သူများအကြား OIC ရုံးခွဲဖွင့်လှစ်ခွင့်ကိစ္စနှင့်စပ်လျဉ်း၍ ဝေဖန်ပြောကြား ချက်များ ဖြစ်ပေါ်နေ၍ ပြန်လည်သတိရ နားလည်သဘောပေါက်စေရန် ထပ်မံ တင်ပြ ရခြင်း ဖြစ်ပါသည်။


From: Hmuu Zaw

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>