Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

OIC ကိုယ်စားလှယ်အဖွဲ့ အစိုးရ၊ ဒေါ်စုတို့နဲ့ တွေ့မည်

$
0
0
မြန်မာနိုင်ငံ အနောက်ဖက် ရခိုင်ပြည်နယ်တွင်းမှာ မကြာသေးခင်နှစ်တွေအ တွင်း ဖြစ်ပွားခဲ့ တဲ့ သွေးထွက်သံယို ပဋိပက္ခတွေနဲ့ ပတ်သက်လို့ အစိုးရ တာဝန်ရှိ သူတွေနဲ့ ဆွေးနွေးဖို့ နိုင်ငံတကာ အစ္စလာမ်ကော င်စီ (OIC) ရဲ့ အတွင်းရေးမှူးချုပ်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အင်္ဂါနေ့မှာ မြန် မာနိုင်ငံ ကို သွားဖို့စီစဉ်နေပါတယ်။ ဘာသာရေး၊ လူမျိုးရေး ကွဲပြားမှုအပေါ် အခြေခံ ဖြစ်ပွားခဲ့ တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ အဓိကထား ဆွေးနွေးဖို့ ရည်ရွယ်ထားတဲ့ ခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံမှာပါ။ အပြည့်အစုံကိုတော့ OIC တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

OIC (ခေါ်) နိုင်ငံတကာ အစ္စလာမ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့မှာ အတွင်းရေးမှူးချုပ် Ekmeleddin Ihsauoglu နဲ့အတူ အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ဆော်ဒီအာရေဗျ၊ အီဂျစ်၊ တူရကီ၊ ဘင်္ဂလားဒက်ရှ်၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဂျီဘူတီ (Djibouti) နိုင်ငံ ၇ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီး(၇) ဦး လိုက်ပါလာမှာ ဖြစ်ပါတယ်။ ငါးရက်ကြာမြင့်မယ့် မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ ရခိုင်ပြည်နယ်က လူနည်းစု မွတ်ဆလင် ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးတွေ ဘယ်လိုအကာအ ကွယ် ပေးနိုင်သလဲဆို တာနဲ့ပတ်သက်လို့ မြန်မာအစိုးရနဲ့ တွေ့ဆုံ စကားပြောမှာ ဖြစ်တယ် လို့ OIC ရုံးရဲ့ပြောခွင့်ရအမျိုးသမီးက ဗွီအိုအေကို ပြောပါတယ်။

“OIC အဖွဲ့ဝင်နိုင်ငံတွေက အစိုးရ၀န်ကြီးတွေဟာ မြန်မာအစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံကြမှာပါ။ အကြောင်းအရာ တော်တော်များများ ဆွေးနွေးကြမှာဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ OIC အနေနဲ့ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီဆိုင်ရာ ကိစ္စအတွက်တင် မဟုတ်ပါဘူး။ ဒီ အကူအညီတွေကို ဘယ်လိုပေးနိုင်သလဲဆိုတာကိုလည်း ဆွေးနွေးမှာပါ။ ပြီးတော့ ဒီခရီးစဉ်အတွင်းမှာ ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို OIC ခေါင်းဆောင်ပိုင်းအနေနဲ့ ပထမဆုံးအကြိမ် သွားရောက်လေ့လာမှာ ဖြစ်ပါတယ်။ မြန်မာအစိုးရနဲ့လည်း ဒီလူနည်းစုအခွင့်အရေးနဲ့ပတ်သက်လို့ ဘယ်လို အကာအကွယ်ပေးနိုင်သလဲဆိုတာ ညှိနှိုင်းဆွေးနွေးမှာပါ။”

ဒါ့အပြင် မြန်မာနိုင်ငံမှာ OIC ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ဖို့ကိစ္စလည်း အဓိက ဆွေးနွေးဖို့ရှိတယ်လို့ OIC ပြန်ကြားရေးတာဝန်ခံက ဗွီအိုအေကို ပြောပါတယ်။

မြန်မာအစိုးရကတော ရိုဟင်ဂျာတွေကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုထားခြင်း မရှိသေးသလို အိမ်နီးချင်း ဘင်္ဂလားဒက်ရှ် နိုင်ငံက ဝင်ရောက်လာသူတွေ ဖြစ်တယ်လို့ သဘောထားပါတယ်။

OIC အတွင်းရေးမှူးချုပ် ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့နဲ့ သမ္မတဦးသိန်းစိန် တွေ့ဆုံဖို့ ရှိမရှိဆိုတာ မသိရသေးပေမယ့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိသလို နိုဝင်ဘာလ (၁၆) ရက် နေ့မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

OIC ရဲ့ အခုတခေါက်ခရီးစဉ်မှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ပေးဖို့မရှိပေမယ့် အနာဂတ်မှာ ဒီလိုမျိုး အကူအညီတွေ ဘယ်လိုပေးနိုင်သလဲ ဆိုတာကို မြန်မာအစိုးရ နဲ့ ဆွေးနွေးမှာဖြစ် တယ်လို့ OIC ရုံးရဲ့ပြောခွင့်ရ အမျိုးသမီးက ဆိုပါတယ်။

“OIC အနေနဲ့ မြန်မာအစိုးရကို ဘယ်လိုပဲဖြစ်ဖြစ် အကူအညီပေးချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် သူတို့ ကြိုးပမ်းနေတာတွေ၊ ကချင်တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့နဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ရ ဖို့ ဆောင်ရွက်နေ တာတွေ မြင်တွေ့နေရပါ တယ်။ မြန်မာနိုင်ငံမှာ တိုးတက်ပြောင်းလဲမှုတွေ ရှိနေတယ်ဆိုတာ ကျမတို့ နားလည်ပါတယ်။ ဒါကြောင့်လည်း ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို OIC အနေနဲ့ သွားပြီး ကူညီပေးချင်တာပါ။”

ခရီးစဉ်အတွင်းမှာ OIC ကိုယ်စားလှယ်အဖွဲ့ဟာ ရခိုင်ပြည်နယ်ကို လာမယ့် အောက်တိုဘာလ (၁၅) ရက်ဒါမှမဟုတ် (၁၆) ရက်နေ့မှာ သွားဖို့ စီစဉ်ထားပါတယ်။

OIC အတွင်းရေးမှူးချုပ်ကလည်း စက်တင်ဘာလတုန်းက နယူးရောက်မြို့မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းနဲ့ သူတွေ့ဆုံစဉ်မှာ ရိုဟင်ဂျာ အရေးဆိုင်ရာ ပြဌာန်းချက်ကို အကောင်အထည်ဖော် ဖို့ ဆွေးနွေးခဲ့တဲ့ကိစ္စ အတွက် မြန်မာနိုင်ငံကို သွားရောက်တာဖြစ်တယ်လို့ ပြောပါတယ်ရှင်။

From:VOA

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>