Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

သမ္မတဖြစ်မှ လူထုအကျိုးလုပ်နိုင်မယ့် ဒေါ်စုဟာ သမ္မတမဖြစ်သရွေ့ လူထုအတွက် ဘာမှမလုပ်ပေးနိုင်တဲ့ အသုံးမကျတဲ့ သာမန်လူတစ်ဦးပါပဲ

$
0
0

မနေ့က ကျွန်တော်တို့ စလုံးက မြန်မာတွေနဲ့ ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံပွဲတစ်ခုလုပ်ခဲ့ ပါတယ်။ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းရှည် တစ်ခုပြောခဲ့ပါတယ်။ မိန့်ခွန်းအပြီး မှာ ဒေါ်အောင်ဆန်းစုကြည် ကို မေးခွန်းတွေအများကြီး မေးခဲ့ကြပါတယ်။ ဒီပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ရ တာ  စိတ်အားတော်တော် ထက်သန်နေတာကို သတိထားမိပါတယ်။ 

ဒေါ်အောင်ဆန်း စုကြည်က “ကျွန်မ ဟာဝိုင်အီလို နေရာမျိုးမှာနေချင်သလား စဉ်းစားကြည့်တော့ ဟာဝိုင်အီ မှာ မနေချင်ပါဘူး.. မြန်မာနိုင်ငံထဲမှာ ပြည်သူတွေနဲ့အတူ လှုပ်ရှားရုန်းကန်ရတာ.. အတူတူ ဆင်းဆင်းရဲရဲနေ ရတာ ကိုကျေနပ်မှုရှိတယ်”  ဆိုပြီး သူမရဲ့သဘောထားကို လူအများကို ထုတ်ပြောခဲ့ပါ တယ်။ လူအများက ဝိုင်းဝန်းသြဘာ လက်ခုပ်တီးပြီး ချီးမြှောက်ခဲ့ကြပါ တယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ပိုမိုလေးစား အထင်ကြီးသွားကြပါတယ်။  


ဒါပေမယ့် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပြောဆိုမှုကို သံသယတစ်ခုဖြစ်မိပါတယ်။ နိုင်ငံခြားမှာကောင်း စား နေတာကို မနေချင်ပဲ မြန်မာပြည်သူတွေနဲ့အတူ ဆင်းရဲနေရတာ ခံချင်ပါတယ်ဆိုတဲ့ ဒေါ်အောင်ဆန်း စုကြည်ဟာ မြန်မာနိုင်ငံကို အသက် ၄၀ ကျော်မှ ပြန်လာခဲ့သူဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ မှ မြန်မာနိုင်ငံကို ပြန်လာသူဖြစ်ကြောင်း မိန့်ခွန်းမပြောခင်မှာလည်း Slide ထိုးပြီး ပြသွားပါတယ်။ ဒါတောင် မိခင် ဒေါ်ခင်ကြည် နေမကောင်းလို့ ပြန်လာတာလို့ ဆိုပါတယ်။ အသက် ၄၃ နှစ် မတိုင်ခင် တောက်လျှောက် နိုင်ငံခြားသားကို လက်ထပ်ပေါင်းသင်းပြီး သားနှစ်ယောက်နဲ့အတူ ဥရောပမှာ ပျော်ရွှင်နေသူတစ်ဦးက ပြည်သူတွေနဲ့အတူ လှုပ်ရှားရ တာ.. အတူတူ ဆင်းဆင်း ရဲရဲ နေရတာကို ပိုသဘောကျတယ် ဆိုတဲ့ စကားလုံးက အပြောနဲ့ အလုပ် ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ ၄၃ နှစ် မတိုင်ခင်ကရော အခုလို စိတ်ဓာတ်မျိုး မရှိခဲ့ဘူးလား? ဒီစကားမပြောခင်မှာ ကိုယ့်သမိုင်း ကိုယ်ပြန်လည်မသုံးသပ်မိဘူးလား? ဆိုတာ မေးခွန်းထုတ်စရာတစ်ခုပါ။


 မိန့်ခွန်းအပြီး မေးခွန်းများကိုဖြေကြားရာတွင် ပထမဆုံးမေးခွန်း ကိုဖြေကြားချိန်၌ ဒေါ်အောင်ဆန်း စုကြည်မှ ပြည်ပရောက်နိုင်ငံသားများကို ကာကွယ်ရန်မှာ အစိုးရတစ်ယောက်တည်းမှာသာ တာဝန်ရှိတာ ဖြစ်ကြောင်း ပြောဆို ခဲ့ပါတယ်။ ပြီးမှ ရုတ်တရက် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြောင်းဖို့ ပြော ဆိုခဲ့ပါတယ်။ ထို့နောက် စိတ်ဓာတ်မကျဖို့နှင့် ဒီမိုကရေစီရမှ ပြည် ပရောက် မြန်မာ များကိုကာ ကွယ်ပေးမယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ဒုတိယမြောက် လာဘ်ပေးလာဘ်ယူနဲ့ ပတ်သက်သောမေးခွန်းမေးမြန်းချိန်မှာ သူမသမ္မတဖြစ်ဖို့အတွက် မြန်မာနိုင်ငံပြန် လာပြီး ထောက်ခံကြဖို့ ပြောဆိုသွားပါတယ်။


ကျွန်တော်အပါအဝင် စလုံးက မြန်မာအားလုံး အထူးစိတ်ဝင်စားတဲ့မေးခွန်းကတော့“ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရင် စင်္ကာပူက မြန်မာတွေအတွက် ဘာလုပ်ပေးမလဲ”ဆိုတဲ့ မေးခွန်းပါ။ သမ္မတလုပ်မယ် အကြိမ်ကြိမ် ပြောပြီး သမ္မတလုပ်ဖို့ အခြေခံဥပဒေပြင်ဆင်ရေးကို အသည်းအသန်ကြိုးစားနေတဲ့ ဒေါ်အောင်ဆန်း စုကြည်ဟာ ဒီမေးခွန်းကိုဖြေဖို့ အဆင့်သင့်မဖြစ်ခဲ့ပါဘူး။ အမှန်တကယ် ဖြစ်သင့်တာက စလုံးကတင်မကဘူး.. နိုင်ငံခြားရောက် မြန်မာအလုပ်သမားတွေအတွက် ဘာတွေလုပ်ပေးမယ်..၊ အိမ်ပြန်လာဖို့ ဘယ်လိုကူညီမယ်.. ၊ ပြန်ရောက်လာရင် အလုပ်အကိုင် ဘယ်လိုရှာပေး မယ်…ဆိုတဲ့ စကားမျိုးတွေကို စလုံးက မြန်မာတွေအားလုံးက ကြားရလိမ့်မယ် မျှော်လင့်ထားတာပါ။ ဒါပေမယ့် ဒေါ်အောင်ဆန်း စုကြည် ဖက်က ပြည်သူတွေရဲ့လိုအပ်ချက်နဲ့ မျှော်လင့်ချက်ကို ဘာမှ မသိထားဘူးဆိုတာ သိသာပါတယ်။  မသိထားတဲ့အတွက် ဘာလုပ်ပေးရမယ်ဆိုတာကိုလည်း မဖြေနိုင်တော့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် မအခဲ့ပါဘူး။ ထုံးစံအတိုင်း အမေးတစ်ခြား အဖြေတစ်ခြား ကွေ့ပတ် ပြီး “သမ္မတ ဖြစ်ဖြစ်၊ မဖြစ်ဖြစ် ကိုယ့်နိုင်ငံကိုယ် ပြန်ပြီး ထောက်ပံ့ကြပါ” လို့ပဲ ပြောသွားပါတယ်။ 


အကျဉ်းချုံးရရင် စင်ပေါ်မှာစကားပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတသိပ်ဖြစ်ချင်နေပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို သိပ်ပြင်ချင်နေတာကို မြင်ရတွေ့ရပါတယ်။ သမ္မတအသည်းအသန်ဖြစ်ချင်နေတဲ့ ဒေါ်အောင်ဆန်း စုကြည်ဟာ သူမရဲ့ အတိတ်ဘဝက ပြုမူခဲ့တာတွေကို မသိကျိုးကျွန်ပြုနေတာ စိတ်မကောင်း ဖြစ်မိပါတယ်။ ဒါ့အပြင် သူမအနေနဲ့ လူထုအကျိုးအားလုံးကို သမ္မတဖြစ်မှသာ လုပ်ပေးမယ်လို့ ဆုံးဖြတ်ထားပြီး သမ္မတမဖြစ်ပါက ဘာမှ လုပ်နိုင်တဲ့ အရည်အချင်းမရှိသူ တစ်ဦးဖြစ်ပါတယ်။ သမ္မတဖြစ်မှ လုပ်မယ်ဆိုသည့် အရာအားလုံးအတွက်လည်း မည်သို့မည်ပုံ လုပ်ဆောင်မယ်ဆိုတာကို ကြိုတင်စဉ်းစားထားတာတစ်ခုမှ မရှိသေးတာကြောင့် အဆင်သင့်လည်း မဖြစ်သေးပြန်ပါဘူး။ 


အရင်တုန်းက မြန်မာနိုင်ငံ ဆင်းရဲတယ်.. မကောင်းဘူး… ဆိုးတယ်.. ဆိုတဲ့ စကားတွေ ကြားတိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ချထားလို့ဆိုပြီး အတိုက်အခံများကပြောတာ နားထောင်ဖူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ကသာလွှတ်ပေးပြီး လွတ်လွတ်လပ် လပ်လုပ် ပိုင်ခွင့်ပေးလိုက်ရင် မြန်မာနိုင်ငံ ကြီးချမ်းသာသွားမယ်… အဆိုးတွေ တစ်ခုမှမရှိပဲ ကောင်း သွားမယ်… နတ်ရေကန်ထဲ ပစ်ချသလို ရုတ်ချည်း ပြောင်းလဲ သွားမယ်လို့ ပြောကြပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် လွှတ်လွှတ်လပ်လပ်လုပ်နေတာ ၃ နှစ်ပြည့် တဲ့အထိ ဘာမှမထူးခြားလာတော့ အတိုက်အခံအင်အားစုတွေက ဘာပြောရမှန်းမသိ ဖြစ်ရပါတယ်။ ခက်ခဲနေချိန် မှာပဲ ဒေါ်အောင်ဆန်းစုကြည်က ဆင်ခြေတစ်ခုကို ကိုယ်တိုင်ပေးလိုက်တာပါ။ သူမ သမ္မတ မလုပ်ရလို့ ဆိုတဲ့ အကြောင်းပြချက်ပါ။ သူမ သမ္မတလုပ်ရမှသာ မြန်မာနိုင်ငံ ချမ်းသာလာမယ်… နိုင်ငံရေးတွေ ကောင်းလာ မယ်.. စီးပွားရေးတွေ ကောင်းလာမယ်.. ပညာရေးနဲ့ လူမှုရေးတွေ ကောင်းလာမယ် ဆိုတာပါပဲ။ ဒီတော့ နောက်ဆုံးအဖြေ တစ်ခုကတော့ ဒေါ်အောင်ဆန်း စုကြည်ဆိုတာ သမ္မတရာထူးမရရင် တိုင်းပြည်အတွက် ဘာမှအလုပ်အကျွေး မရတော့ဘူးလား... စဉ်းစားစရာတွေကလည်း များလိုက်တာ.....

From:MEG

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>