Quantcast
Viewing all articles
Browse latest Browse all 4837

Nld ဘာပြုပြင် သင့်သလဲ ?


NLD ဘာပြုပြင်သင့်သလဲ?

ကျွန်တော့်အမြင်ကို ပြောရလျှင်

၁။ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နောက်မကြည့်ပဲ ပညာမဲ့စကားမျိုး ပြောတတ်တာကို ဆင်ခြင်သင့်ပါတယ်။

၂။ တရားမဝင် ခိုးဝင်ဘင်္ဂါလီများကို အကာအကွယ်ပေးသော လုပ်ရပ်နှင့် အပြောအဆိုများကို ဆင်ခြင်သင့်ပါတယ်။

၃။ NLD ပါတီတွင်း ဦးဆောင်နေရာများ၌ အရည်အချင်းမဲ့သူများ နေရာယူနေခြင်းကို ဖယ်ရှားပြီး အရည်အချင်းရှိသူများနှင့် အစားထိုးကာ Capicity Building ကိုပါ လုပ်ဖို့သင့်ပါတယ်။

၁။ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နောက်မကြည့်ပဲ ပြောတဲ့စကားတွေက အများဝေဖန်စရာတွေ တောက်လျှောက် ဖြစ်နေခဲ့ပါတယ်။ ဥပမာအားဖြင့် "လူတွေဟာ ကျွန်မရဲ့ ခွေးလေးလောက် လိမ္မာရင် ကောင်းမယ်" ဆိုတာမျိုးပါ။ နောက်ဆုံးသူမပြောခဲ့တဲ့စကား "မြန်မာနိုင်ငံမှာ NLD ထက် ပိုထိရောက်အောင် လုပ်နိုင်တဲ့ပါတီရှိရင် ပြစမ်းပါ" ဆိုတာ လုံးဝမပြောသင့်တဲ့ စကား ဖြစ်ပါတယ်။ မည်သူမဆို ကိုယ်ထင် ကုတင်ရွှေနန်း ပါ။ တိုင်းရင်းသား မျိုးနွယ်တစ်စုကို ကိုယ်စားပြုတဲ့ ပါတီတစ်ခုဟာ အဆိုပါတိုင်းရင်းသားတွေအတွက်ကတော့ အကောင်းဆုံးပါတီပါပဲ။ ဒီလို ပါတီငယ်တစ်ခုဟာ ငွေကြေးအင်အား၊ ပါတီဝင်အင်အား၊ ထောက်ခံသူ အရေအတွက် အင်အား NLD နှင့် နှိုင်းယှဉ်လျှင် ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီပါတီကို မဲထည့်ဝင်ကြတဲ့ တိုင်းရင်းသားတွေရဲ့ အကောင်းဆုံးပါတီ ဖြစ်နေဖို့ပဲ လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒီစကားပြောတာဟာ ကိုယ်တတ်နိုင်သလို ရပ်တည်နေတဲ့ တိုင်းရင်းသားပါတီတွေကို အထင်သေးစော်ကားလိုက်တာပါ။ တိုင်းရင်းသားတွေနှင့် ယုံကြည်မှု တည်ဆောက်နေချိန်မှာ ဒီလိုစကားပြောသင့်သလားဆိုတာနိုဘယ်ဆုရှင်တစ်ယောက်အနေနှင့် ဒေါ်အောင်ဆန်းစုကြည် စဉ်းစားသင့်ပါတယ်။ ဒီလို ရှေ့နောက်မကြည့်ပဲ ပြောတတ်တဲ့ အကျင့်တွေကို ပြုပြင်သင့်ပါပြီ

၂။ NLD ရဲ့ လုပ်ဆောင်မှုတွေ၊ အပြောအဆိုတွေဟာ ခိုးဝင် ဘင်္ဂါလီတွေကို အကာအကွယ်ပေးနေတာမျိုးတွေက မဖြစ်သင့်ပါဘူး။ 2-child limit policy ကို ကန့်ကွက်ခဲ့တာ၊ NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းရဲ့ ဘင်္ဂါလီကို နိုင်ငံသားအဖြစ် လက်ခံရမယ် ပြောခဲ့တာ၊ လွှတ်တော်ထဲမှာ White Card ဖျက်သိမ်းရေးအဆိုကို ကန့်ကွက်ခဲ့တာ၊ မြန်မာတစ်နိုင်ငံလုံး လက်သင့်မခံတဲ့ 'ရိုဟင်ဂျာ' အသုံးအနှုန်းကို လက်သင့်ခံပြီး ရိုဟင်ဂျာ ကဒ်တွေ ထုတ်ပေးထားတာတွေဟာ လုံးဝမဖြစ်သင့်ပါဘူး။ NLD အနေနှင့် ဒီလို လုပ်ရပ်နှင့် အပြောအဆိုတွေကို ဆင်ခြင်သင့်တယ်လို့ ယူဆပါတယ်။

၃။ http://www.thithtoolwin.info/2013/09/nld_24.html?m=1
 


ပထမဆုံး BBC သတင်းထောက် မေးတဲ့ မေးခွန်းက စပြောချင်ပါတယ်။ BBC သတင်းထောက်က NLD မှာ အရည်အချင်းမရှိသူတွေ များနေလို့ Capicity Building လုပ်စေလိုသော သဘောနှင့် မေးတယ်လို့ ယူဆပါတယ်။ NLD မှာ အရည်အချင်းရှိသူအချို့ရှိနေတာရယ်၊ လူအင်အားအများဆုံး ပါတီကြီးဖြစ်တာရယ်ကြောင့် နိုင်ငံတွင်းမှာ သူ့ထက်စွမ်းဆောင်နိုင်တဲ့ ပါတီမရှိဘူးဆိုတာက ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီလူအရေအတွက်၊ ဒီအရည်အချင်းနှင့် နိုင်ငံကို ဦးဆောင်နိုင်တဲ့အထိ ပြည့်မီရဲ့လား။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေကို အနက်ဖွင့်ရလျှင်"နိုင်ငံကိုဦးဆောင်နိုင်တဲ့ အရည်အချင်း ပြည့်မီသည်ဖြစ်စေ၊ မမီသည် ဖြစ်စေ ကျန်ပါတီတွေမှာ NLD လောက် အရည်အချင်းရှိသူ မများတဲ့အတွက် Capicity Building လုပ်စရာ မလိုဘူး၊ ဒီလူစုနှင့်ပဲ နိုင်ငံကို အလောင်းအစားဆန်ဆန် ဦးဆောင်သွားမယ်" လို့ အဓိပ္ပါယ် ရနေပါတယ်။

ဒီအမြင်ကြီးက တက်တက်စင်အောင် လွဲပါတယ်။ ဒါဟာ နိုင်ငံအပေါ် ခြုံငုံသုံးသပ်တဲ့အမြင် မဟုတ်ပဲ ပါတီတစ်ခုအနေနှင့် ကွက်ကွက်ကလေးသာကြည့်တဲ့ သေးသိမ်တဲ့ အမြင်ဖြစ်ပါတယ်။ ပါတီငယ်တွေ ဆိုတာက NLD နှင့် နှိုင်းယှဉ်ဖို့ရာ ဦးတည်ချက် လမ်းကြောင်းမတူပါဘူး။ ပါတီငယ်တွေ အနေနှင့် ၎င်းတို့ကိုယ်စားပြုရာ လူမျိုး၊ နယ်မြေဒေသကို ကူညီပေးနိုင်ဖို့ပဲ လိုတာပါ။ ပါတီငယ်တွေမှာ ၎င်းတို့ရည်ရွယ်ချက်ကို ဖော်ဆောင်နိုင်တဲ့ အရည်အချင်းရှိသူတွေ လုံလုံလောက်လောက် ရှိပါတယ်။

အရည်အချင်းရှိသူတွေ မလုံလောက်တာက NLD ပါ။ NLD အနေနှင့် မိမိလက်ရှိလူစုနှင့် တိုင်းပြည်ကို ဦးဆောင်နိုင်မလားဆိုတာ ကိုယ့်ကိုကိုယ် မေးကြည့်ပါ။ အဖြေကတော့ မဦးဆောင်နိုင်ဘူးဆိုတဲ့ အဖြေပဲ ထွက်ပါလိမ့်မယ်။

NLD အနေနှင့် ပါတီတွင်းမှာ အရည်အချင်းမရှိသူတွေများပြီး အရည်အချင်းရှိသူတွေ နည်းနေတာကို နားလည်သဘောပေါက်ပြီး Capicity Building လုပ်ဖို့ လိုနေပါပြီ။
 
 
From: Myo Min Thant

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ