Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

တပ်မတော်အခန်းကဏ္ဍ လျှော့ချရေး နိုင်ငံရေးအင်အားစုများ အပေါ်မူတည်ဟု သမ္မတပြောရေးဆိုခွင့်ရှိသူဆို

$
0
0
မြန်မာနိုင်ငံ၏ အနာဂတ်နိုင်ငံရေး အခင်းအကျင်းတွင် တပ်မတော်၏ အခန်းကဏ္ဍ လျှော့ချရေးမှာ ပါတီအသီးသီးနှင့် နိုင်ငံရေး အင်အားစုများ အပေါ်၌ အဓိကမူတည်ကြောင်း စက်တင်ဘာလ ၂၀ ရက်နေ့က နေပြည်တော် စက်မှုဝန်ကြီးဌာနရုံး၌ ပြုလုပ်သည့် အစိုးရသတင်းစာ ရှင်းလင်းပွဲ တွင် နိုင်ငံတော်သမ္မတ ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်တို့ တွေ့ဆုံစဉ် နိုင်ငံရေး၌ တပ်မတော်၏ အခန်းကဏ္ဍကို လျှော့ချမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားချက်အပေါ် ၎င်းက ယင်းသို့ ရှင်းလင်းပြောကြားခြင်း ဖြစ်သည်။ 

“တပ်မတော်က နောင်မှာ အမျိုးသားနိုင်ငံရေးပဲ လုပ်မယ်၊ အာဏာနိုင်ငံရေး မလုပ်ဘူးဆို အမြဲတမ်းပြောခဲ့တယ်။ ဒီမိုကရေစီကျင့်စဉ်တွေ အသားကျလာရင် အခြေခံဥပဒေကို လည်း ပြောင်းလို့ရ တယ်လို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလည်းေ ပြာခဲ့ပါတယ်” ဟု ဦးရဲထွဋ်က ဆိုသည်။ သို့သော် နိုင်ငံရေးတွင် တပ်မတော်၏ အခန်းကဏ္ဍကို လျှော့ချရန် နိုင်ငံရေး အင်အားစုများ မည်မျှ ရင့်ကျက်သည်၊ ဒို့တာဝန်အရေးသုံးပါးကို မည်မျှ စောင့်ထိန်းနိုင်မည် စသည့် အချက်များပေါ်တွင် အဓိက မူတည်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။ 

လက်ရှိ တပ်မတော်၏ အခန်းကဏ္ဍမှာ ရှိသင့်သည်ထက် များစွာမြင့်မားနေပြီး ယင်းကို ပုံမှန်ရှိသင့်သည့် အနေအထားသို့ လျှော့ချမည်ဆိုခြင်ကို ကြိုဆိုကြောင်း၊ သို့သော် လိုအပ်သည်ထပ်ပို၍ လျှော့ချဖို့လည်း မဖြစ်သင့်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဥာဏ်ဝင်းက မှတ်ချက်ပြုသည်။ “နိုင်ငံရေး အင်အားစုတွေ ရင့်ကျက်ဖို့ဆိုတာက ဘယ်အပိုင်းကို ပြောတာလဲ၊ စီးပွားရေး လား၊ မူဝါဒ အပေါ်လား ကွဲကွဲပြားပြား သိဖို့လိုပါတယ်” ဟု ၎င်းက ဆိုသည်။ နိုင်ငံရေး  ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရာတွင် အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ဖက်ဒရယ် စနစ် ဖော်ဆောင်ရေး ကဲ့သို့ ကိစ္စရပ်များတွင် တပ်မတော်၏ ရပ်တည်ချက်ကို ထိခိုက်သည်အထိ အတိုက် အခံ နိုင်ငံရေးအင်အားစုများက တောင်းဆိုခဲ့လျှင်တပ်နှင့် ထိပ် တိုက်တွေ့နိုင်ကြောင်း၊ မြန်မာ့နိုင်ငံရေးတွင် တပ်မတော်၏ သဘောတူညီမှုမရှိဘဲ မည်သည့် အရေးကိစ္စမျှ ဆောင်ရွက်နိုင်မည် မဟုတ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ စာရေးဆရာ ကျော်ဝင်းက ပြောဆိုထားသည်။ 

၂၀၁၀ ရွေးကောက်ပွဲအပြီး နောက်ပိုင်းတွင် မြန်မာ့နိုင်ငံရေးစနစ်၌ အာဏာသုံးရပ်ကို ခွဲဝေကျင့်သုံး သည့်စနစ် စတင်ခဲ့သော်လည်း အုပ်ချုပ်ရေး၊ ဥပဒေပြုရေး အခန်းကဏ္ဍများတွင် ယခင်တပ်မတော် အစိုးရ လက်ထက် တာဝန်ယူခဲ့သူ အများစုသာ ပြန်လည်နေရာယူထားခြင်း၊ လွှတ်တော်တွင် တပ်မတော်က ၂၅ ရာခိုင်နှုန်း နေရာယူထားခြင်းတို့မှာ ဒီမိုကရေစီ စံနှုန်းများနှင့် မကိုက်ညီကြောင်း ပြည်တွင်းနိုင်ငံရေး အင်အားစုများနှင့် နိုင်ငံတကာက ထောက်ပြဝေဖန်ထားကြောင်း ၂၀၁၃ ခုနှစ် စက်တင်ဘာ ၂၃ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။ 
From:ခေတ်လူငယ်

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>