Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

၁၇ နှစ်သမီးကို အသက် ၃၀ ကျော် အိမ်နီးချင်းက ခိုးပြေးသဖြင့် အမှုဖွင့်

$
0
0

၁၇ နှစ်အရွယ်သာ ရှိသေးသည့် မိန်းကလေးငယ်ကို အသက် ၃၄ နှစ်အရွယ် အိမ်နီးချင်းအမျိုးသားက ခိုးပြေးသည် ဟု ဆိုကာ အမှုဖွင့်တိုင်တန်းမှုတစ်ခုအား ကွမ်းခြံကုန်းရဲစခန်းက စက်တင်ဘာ ၈ ရက်တွင် အမှုဖွင့် ဆောင်ရွက်ပေး နေရသည်ဟု တိုင်းရဲဌာနမှ သတင်းထုတ်ပြန်သည်။

အဆိုပါအမှုမှာ စက်တင်ဘာ ၄ ရက်ကတည်းက ကွမ်းခြံကုန်းမြို့ နယ် မေတ္တာကျေးရွာ တွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး ယခုမှမိန်းကလေး၏ အုပ်ထိန်းသူ အဒေါ်ဖြစ်သူက အမှုဖွင့်လိုက်ခြင်းလည်း ဖြစ်သည်။

တိုင်တန်းသူက တူမတော်စပ်သည့် မ....... (၁၇)နှစ်အား နေအိမ်အောက်ထပ်တွင် ထင်းများ စီးခိုင်းထားရာ တွင် ည ၉ နာရီအချိန်ထိ အိမ်ပေါ်သို့ တက်လာခြင်းမရှိ ဘဲ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ် သည်ဟုလည်း ရဲကို ထွက်ဆိုထားသည်။

ထို့ကြောင့် လိုက်လံစုံစမ်းရာတွင် အိမ်နီးချင်းဖြစ်သူ အမျိုးသားတစ်ဦးက ခိုးယူထွက်ပြေးသွားကြောင်း စုံစမ်းသိရှိခဲ့ ရသည်ဟုလည်း ဆက်လက်ထွက်ဆိုထားသည်။

ထိုသို့ တိုင်တန်းမှုကြောင့် ရဲစခန်းကအမှုအမှတ် (ပ)၁၈၃/၂၀၁၃ဖြင့် အမှုဖွင့်ကာ စွပ်စွဲခံထားရသူအား ဖမ်းဆိးရမိပါ က ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၆၆ ဖြင့် တရားစွဲမည်ဟု ရဲဌာနကဆိုသည်။ 


From:Mizima

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>