Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

NLD ပါတီမှ ထုတ်ဝေလျက်ရှိသော ဒီလှိုင်းစာစောင်တွင် ကျပ် သိန်းပေါင်း ၁၈၀၀ ကျော် အလွဲသုံးစားလုပ်ထားမှုအား NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းမှ ဖော်ထုတ်ပြောဆို

$
0
0

 
အင်တာနက် လူမှုစာမျက်နှာများတွင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတွင်ယင်းကြွေးကျန်များကို လျှော်ပစ်မည်ဟု ပြောကြားခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် ဦးဥာဏ်ဝင်းက The Daily Eleven ၏ေ မးမြန်းမှုအပေါ် ယင်းသို့ပြန်လည်       ဖြေကြားခဲ့ခြင်းဖြစ်ပြီး     ၂၀၁၂ မှစတင်ထုတ်ဝေခဲ့သည့် ဂျာနယ်တစ်စောင်အနေဖြင့် ယခုကဲ့သို့ သိန်းပေါင်းမြောက်များစွာ ကွာဟနေမှုအပေါ် မည်သို့ စီမံခန့်ခွဲခဲ့သနည်းဟု မေးမြန်းခဲ့မှုအား   ဖြေကြားရန်    ငြင်းဆန်ခဲ့သည်။

"ကျွန်တော်လည်း တွေ့ပါတယ်။ အဲဒီသတင်းက သတင်းအမှားကြီးဗျ။ ဒီလှိုင်းက စာရင်းတွေကို စိစစ်တုန်းပဲ။ ဘာမှမလုပ်ရသေးဘူး။ အဲဒီ အခြေအနေတွေမှာ ဒေါ်စုလည်း ဘာမှမပြောပါဘူး"ဟု ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားသည်။

ယင်းကဲ့သို့ ငွေကြေးကွာဟမှုမှာ မည်ကဲ့သို့ ဖြစ်ပွားသည်နှင့် ပတ်သက်၍ အယ်ဒီတာအဖွဲ့ဝင် မုံရွာအောင်ရှင်က "ကျွန်တော်ကတော့ သတင်းပိုင်းနဲ့ပဲ ဆိုင်တဲ့အတွက် ဒီငွေကြေးကိစ္စနဲ့ ပတ်သက်လို့တော့ ဟုတ်တယ်မဟုတ်ဘူးဆိုတာ အတည်ပြု မပြောချင်ပါဘူး။ အခုကိစ္စကို စာရင်းကိုင်နဲ့ အုပ်ချုပ်ရေးမှူးတို့ စိစစ်နေပါတယ်။ ဟုတ်တယ်ဆိုရင် စီအီးစီကို တင်ပြသွားကြမှာလို့ပဲ နားလည်ပါတယ်။ ကျွန်တော့် အနေနဲ့တော့ လောလောဆယ်မှာ ဘာမှမပြောနိုင်ပါဘူး"ဟု ထွက်ပေါ်နေသော သတင်းများနှင့် ပတ်သက်ပြီး မေးမြန်းမှုအား   ပြန်လည်ဖြေကြားသည်။

ဒီလှိုင်းစာစောင်မှ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူ တစ်ဦးက သတင်းများကို အတည်မပြုကြောင်း၊ ယခုငွေကြေးကိစ္စသည် အဆင်ပြေသွားမည့် ကိစ္စဖြစ်ကြောင်း၊ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့၏ ချမှတ်သည့် လုပ်ငန်းစဉ် မူဝါဒအတိုင်း ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဒီလှိုင်းငွေစာရင်း သိန်းပေါင်းများစွာ ကွာနေတဲ့ သတင်း စ ထွက်လာခါစတုန်းကလည်း  ကောလာဟလတွေ အလကား သိက္ခာချတာနဲ့ ဘလိုင်းကြီး တံဆိပ်ကပ်     ဆော်ခဲ့ကြသူတွေအနေနဲ့ အခုလိုမျိုး တရားဝင် ၀န်ခံတာကို ကြားသိလိုက်ရတဲ့အခါမှာ မည်ကဲ့သို့ ပြန်လည်ဖြေရှင်းချက် ပေးမည်ကို စောင့်ကြည့်နေကြသူ အများစုလည်းရှိနေကြသည်။

သေချာတာကတော့ အရင်အစိုးရနဲ့ ပါတ်သက်ရင် လျှို့ဝှက်လွန်းလို့ ကောလာဟလကို သတင်းအမှန်လို့ အတည်ယူခဲ့ရတယ်.....


အခုလည်း NLD နဲ့ ပါတ်သက်ရင်   ကောင်းသတင်းကလွဲပီး ကျန်တဲ့ဟာတွေကို လျှို့ဝှက်လွန်းလို့ ကောလာဟလကိုပဲ   အမှန်ယူရမယ့်သဘောမျိုး    ဖြစ်လာနေပီလား...
ဟု FB ပေါ်ရှိ နာမည်ကြီး စာရေးဆရာတစ်ဦးဖြစ်သည့် James Mint (Voice of James Mint) မှလည်း မေးခွန်းထုတ်ခဲ့သည်။


NLD ပါတီအနေဖြင့် ပါတီဥက္ကဌ၏   မွေးနေ့ပွဲမှရရှိသည့် ရန်ပုံငွေများကိုလည်း ဗလီများဆောက်လုပ်ရာတွင် အသုံးပြုမည်ဟု အသံများကျယ်လောာင်စွာ ထွက်ပေါ်ခဲ့စဉ်ကလည်း   ဆုံးဖြတ်ချက်ပြောင်းလည်းပြီး   အဆိုပါကိစ္စများမှာ မဟုတ်မမှန်ကြောင်း    ပြန်လည်ဖြေရှင်းခဲ့ရဖူးသည်။

ဒီလှိုင်းဂျာနယ်အား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သတင်းနှင့် ပြန်ကြားရေးဋ္ဌာနမှ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၆ ရက်တွင် စတင်ထုတ်ဝေ ခဲ့ခြင်းဖြစ်သည်။


ဓါတ်ပုံ - ဒီလှိုင်းဂျာနယ်

အထက်ပါကိစ္စနှင့်ပတ်သက်၍ လူမှုကွန်ယက် Facbook ပေါ်ရှိ Eleven Media ၏
Page တွင်ရေးသားခဲ့သော ပြည်သူအများ၏ ကွန်မန့်အချို့အား စုစည်းဖော်ပြလိုက်ရပါသည်။

    ZawzawLinn ထုတ်မနေပါနဲ့တော့သတင်းစာဘိုးအေကြီးဦးဝင်းတင်ရှိနေတဲ့ဒီလှိုင်းဂျာနယ်က ဂျာနယ်တွေထဲမှာအညံ့ဆုံးဘဲ

    Like · Reply · 8 · 2 hours ago via mobile

    Wunna Htun ရင်မလေး ကြ ပါ နဲ့ ပွင့် လင်းမြင်သာမှု့ ရှိ လို့ ဒီသတင်း ကြား ရ တာ ၊ တခြား ပါတီ တခြား ဂျာနယ်ဆို သိ ကို သိ ရ မှာ မ ဟုတ် ဖူး ။

    Like · Reply · 6 · about an hour ago via mobile

    Min Oo ဒီဂျာနယ်ကိုငါတို့ရွာမှာ အတင်းလိုက်ရောင်းတာတောင် ဝယ်မယ့်လူမရှိ

    Like · Reply · 4 · about an hour ago via mobile

    Aung Lwin Tun ဟဟ ဂျာနယ် လေးတစ်စောင် ထုတ်တာတောင် အဲလောက်ဖြစ်ပျက်နေတာ ရင်လေးတယ်

    Like · Reply · 5 · about an hour ago via mobile

    Ashin Mandala ဂျာနယ်လေးတစ်စောင်ကို တစ်နှစ်ကျော်အတွင်း အဲဒီလောက်ဖြစ်နေသူတွေလက်ထဲ ၂၀၁၅ မှာ တိုင်းပြည်ကြီးတစ်ခုလုံးကို ဘယ်လိုယုံကြည်ချက်နဲ့ အပ်နှံကြမှာလဲ

    Like · Reply · 4 · about an hour ago via mobile

    Win Thein ဒါနဲ့တိုင်းပြည်အုပ်ချုပ်ချင်သေးတယ်
    နောက်ဆုံးတော့လဲဒလမ်းပါပဲ

    Like · Reply · 3 · about an hour ago via mobile

    U Teikkha Nyarna အ ဝေမတည့်ရင်တော့ အသံတွေထွက်လာမှာပဲလေ

    Like · Reply · 4 · 2 hours ago via mobile

    Htet Arkar ဟာဟ ဂျာနယ်ပဲရှိသေးတယ်နော်
    ၂၀၁၅ အတွက်ကြိုတင်ရင်လေးမိတယ်
    လုပ်ကြအုံးပေါ့

    Like · Reply · 9 · about an hour ago via mobile

    Taw Tharlay ၂၀၁၂ မှစထုတ်တာ သိန်း ၁၈၀၀ ကျော်တောင်မှ ကွာဟနေတယ်ဆိုတော့ ဟားးးဟားးထုံစံပေါ့

    Like · Reply · 2 · 2 hours ago via mobile

    NaylinnAungsoe မြန်မာလူမျိုးတချို့ တဝက်ရဲ့စိတ်ဓါတ်တွေက တော်တော် ကြောက်ဖို့ကောင်းတယ် ကလေးတွေဆီ ကူးစက်သွားရင် မြန်မာနိုင်ငံ အတွက်ရင်လေးစရာပဲ

    Like · Reply · 1 · about an hour ago via mobile

    Phyo Ko II ပေါ်ပင် က ပေါ် ပင် အဆင့်ပဲ ရှိမှာပေါ့

    Like · Reply · 2 · about an hour ago via mobile

    Mringyin San နဂိုကတည်းကစိတ်ဓါတ်မကေါင်းတာ အခု တော့ခိုးကြပြီပေါ့

    Like · Reply · 2 · about an hour ago via mobile

    ထွန်းထွန်း နိုင် စိတ်ပျက်စရာကောင်းလိုက်တာဗျာ ဆွမ်းဆန်ထဲကြွက်ချေးရောနေပြီ

    Like · Reply · 2 · 2 hours ago via mobile

    Ko Zaw Min အစကတော့ နဲနဲစိတ်ဝင်စားတယ်
    နောက်ပိုင်းကိုင်ကြည့်ချင်စိတ်တောင်မရှိတော့ဘူး. . .၊ တော်တော်ဆွဲဆောင်မှုရှိတဲ့ ဂျာနယ်ကြီး . . .်

    Like · Reply · 4 · about an hour ago via mobile

    Shwe Phyo အဲလောက်အများကြီး လျှော်ပစ်၇အောင် သူဌေးပါတီမှမဟုတ်တာ။ မလျှော်နဲ့အမေ။

    Like · Reply · 16 minutes ago via mobile

    Kyaw Soe Naing ဒီလှ်ိုင်းဂျာနယ်ထွက်စ ကပင်နီအကျီင်္ာဝတ်မှဂျာနယ်ရောင်းရတယ်ထင်တဲ့ကောင်တွေရေပေါ်စီတွေအခုပျောက်သွားကြပြီ

    Like · Reply · 1 · 40 minutes ago via mobile

    Waiphyo Kyaw ခိုင်မာတဲ့စည်းမျဉ်းထားပါ

    Like · Reply · 44 minutes ago via mobile

    Lwin Lwin ကိုယ်‌ကျိုးစွန့်‌ပြီးအလုပ်‌လုပ်‌‌နေတဲ့အ‌မေစုကို‌အောက်‌ကအဖဲ့ဝင်‌‌တွေအ‌နေနဲ့ပြသနာမ‌ပေးသင့်‌ပါဘူး။
    မကူညီချင်‌‌နေပါမ‌နှောက်‌ယှက်‌ပါနှင့်‌။

    Like · Reply · 1 · about an hour ago via mobile

    Wai Lin Aung သာကူးတွေပါကွာ ဘယ်စိတ်ရင်းမှန်မှာလဲ

    Like · Reply · 1 · about an hour ago via mobile

    Kyaw Zaya ကြေမုံ သတင်းတောင်မကြိုက်တယ်နေရာကျော် ကြည်လို့ရတယ် မွတ်ဒီလိုင်ကတော့ ချီးကုံးလို့ဘယ်ရတယ် သူစောက်ခွက်တွေကြီးဘယ်

    Like · Reply · 1 · about an hour ago via mobile

    U Aung Kyaw Myint ဒီလှိုင်းဂျာနယ်တာဝန်ခံဘယ်သူလဲ?
    စာရေးဆရာအောင်ဝင့်ခေါ် ဗဟိုအလုပ်အမှုဆောင်ဉီးအုံးကြိုင်
    မဟုတ်ဘူးလား၊မသိလို့မေးတာပါ၊

    Like · Reply · 1 · about an hour ago via mobile

    Ashin Zaneinda ဝယ်မတန် ဂျာနယ်ပါကွာ။ ဆိုင်းဘုတ်တင်ပွဲနဲ့ ကြီးစု ပဲများတဲ့
    ပုံတွေက များနေတာ ။ ဖတ်စရာ ဟုတ်တိ ပတ်တိမပါလို့ နှပ်တောင် မသုတ်တော့ဘူး

    Like · Reply · 19 minutes ago via mobile

https://www.facebook.com/ElevenMediaGroup/posts/569538636417097
 
From:MEG

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>