Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဂုဏ်ပြုမှတ်တမ်းလွှာ လဲလှယ်ခံရမှုကြောင့် အဓိပ္ပါယ်များ ကွဲလဲဟုဆို

$
0
0


မတ်လ(၁၆)ရက်နေ့က သမိုင်းပါမောက္ခဒေါက်တာအေးချမ်းအား ရခိုင်ပြည်သူတစ်ရပ်လုံးက ပေးအပ်သော ဂုဏ်ပြုမှတ်တမ်းလွှာ ဆုတံဆိပ်ကို လဲလှယ်ပေးအပ်ခြင်းခံလိုက်ရသည့်အတွက် ဂုဏ်ပြုမှတ်တမ်းလွှာ ၏အဓိပ္ပါယ် များ ကွဲလွဲသွားကြောင်း ၀ံလက်ဖေါင်ဒေးရှင်းမှ ဒါရိုက်တာအဖွဲ့ဝင် ဆရာသိန်းထွန်းအေးမှ ဆိုသည်။

"ဆုပေးတဲ့အခါမှာ ရခိုင်လူမျိုးတမျိုးတည်း နာမည်ခံတာမဖြစ်ရဘူး။ သမိုင်းပညာရှင်တစ်ယောက်အနေနဲ့ အမှန်တရားကို အမှန်တရားဖက်က မားမားမတ်မတ် တိုက်ပွဲဝင်ဝံ့တဲ့ သတ္တိရှင်ဆုအနေနဲ့ သာ ပေး တာဖြစ် တယ်။ လူမျိုးရေးဆန်တဲ့ စကားလုံးတွေမသုံးဘဲနဲ့ ပညာရှင်တွေပေးတဲ့ စားသားမှာ အမှန်တရားဖက်က ရပ်တည်ပေး တဲ့ သတ္တိရှင်လို့သာ သုံးထားပါတယ်။ အခု လဲလှယ် ပေး အပ်လိုက်တဲ့ ဂုဏ်ပြုမှတ်တမ်း လွှာမှာ တော့ ဘင်္ဂလီတွေကို သုံးထားတော့ လူမျိုးရေးဆန်သွားတာပေါ့။ အနက်အဓိပ္ပါယ်တွေက အကုန်လုံး က ကွဲလွဲသွားတာပေါ့။ အဲဒီလိုဖြစ်တာဟာ ဆရာအေးချမ်းရဲ့ ဂုဏ် သိက္ခာနဲ့ မထိုက်တန်။ ဆရာကို လူမျိုးရေး ဆန်တယ်လို့ ကမ္ဘာက စွပ်စွဲနေတာမှာ ဆရာကို ပိုလို့အရုပ်ဆိုးအောင်ဖန်တီး လိုက်တာ ဖြစ် သွားပါတယ်။ " ဟု ဆရာ သိန်းထွန်းအေးက ပြောသည်။

သမိုင်းပညာရှင်များက သဘောတူထားသော အမှန်တကယ်ပေးအပ်မည့် ဂုဏ်ပြုမှတ်တမ်းလွှာထဲတွင် ပါဝင်သည့် logo ကအစ စာသားများ ကပါ တစ်ခုချင်းကို အနက်အဓိပ္ပါဖွင့်ဆိုချက်ပါရှိကြောင်း သိရသည်။

" ပညာရှင်တွေရဲ့ သဘောတူညီချက်နဲ့ လက်မှတ်ထိုးပြီးတော့ ပေးအပ်တာဖြစ်တယ်။ လူမျိုးတစ်မျိုးလုံးကို ကိုယ်စားပြုနေတာမှာ လူစုတစ်ခု ကို ဦးဆောင်နေတဲ့ အမျိုး သားခေါင်စဉ်တွေက လုပ်တာကို လူမျိုးတခု လုံးကို ကိုယ်စားပြုတယ်လို့ သုံးသပ်ပါတယ်။ ဆရာတော်အရှင် စက္ကိန္ဒ၊ မြောက်ဦးက ဆရာ ဦးကျော်ထွန်းအောင်၊ သမိုင်းဆရာ ဦးမောင်ဗသိန်း၊ ဦးအောင်စံ၊ ဆရာ အောင်လှသိန်း၊ ဆရာဦးမောင်မောင်၊ ပညာရှင် များ စွာနဲ့ နောက်ပြီးတော့ နိုင်ငံရေးပါတီဖြစ်တဲ့ ALD ကလည်း နှစ် ကိုဖိတ် ထားတယ်။ RNDP ကလည်း ပါတီကိုယ်စား တစ်ယောက်ဖိတ်ထား ပါတယ်။ အဲဒီပုဂ္ဂိုလ် တွေရဲ့ အားလုံးသဘောတူညီတာကို အနီးကပ်ဖြစ်တဲ့အချိန်ကျမှ အခမ်းအနားစီစဉ်သူတွေက သူတို့လုပ်ချင်ပိုင် လုပ် လိုက်ကြတယ်။ ဒီလိုလုပ်လိုက်တာဟာ ဆရာတော်ပါအဝင် ပညာရှင်တွေကို မလေးစား ရာ ရောက် တယ်။ အသိအမှတ် မပြုရာရောက် တယ်။ " ဟု ၄င်းက ဆက်လက်ပြောကြားခဲ့သည်။

သမိုင်းပညာရှင်များမှ စုစည်းကာ ဒေါက်တာအေးချမ်းအား ပေးအပ်ရန် စီစဉ်ထားသည့် ဂုဏ်ပြုမှတ် တမ်းလွှာ ကို အခမ်းအနားတွင် ဆရာဦး ကျော်မောင်ထံမှ အခမ်းအနားမှူး(၂)ဦး လက်ထဲ သို့ ပေးအပ် ခဲ့ကြောင်း သိရသည်။

၎င်းအခမ်းအနားမှူး(၂)ဦးဖြစ်သော ဆရာကျားချေ(ခေါ်) ဦးသန်းထွန်းနှင့် ကိုစိုးပိုင်တို့ကိုမေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း အဆက်အ သွယ်မရခဲ့ပေ။
 
From:News Collection


www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>