Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌတာဝန် သူရဦးရွှေမန်းကို လွှဲပြီ

$
0
0

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ လုပ်ငန်း တာဝန်များအား လက်ရှိပါတီ ဒုတိယဥက္ကဋ္ဌဖြစ်သူ သူရဦးရွှေမန်းက အပြည့်အဝ တာဝန် ယူ ဆောင်ရွက် လျက်ရှိကြောင်း ပါတီဗဟို အတွင်းရေးမှူးက ထုတ်ဖော်ပြောကြားလိုက်သည်။ “ဖွဲ့စည်း ပုံ အခြေခံ ဥပဒေ နဲ့ရော ပါတီဖွဲ့စည်းပုံ အခြေခံဥပဒေ စည်းမျဉ်းနဲ့အညီပဲ သမ္မတကြီးက ဥက္ကဋ္ဌ တာဝန် ရယူခြင်း၊    ဆောင် ရွက်ခြင်း မပြုတော့ကြောင်း အတိအလင်း ပြောကြားနိုင်ပါတယ်” ဟု ယင်း က ပြောကြား ခဲ့ခြင်း ဖြစ် သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက “ဖွဲ့စည်းပုံ အခြေခံ ဥပဒေစည်းမျဉ်းမှာတော့ နိုင်ငံတော်ရဲ့ တာဝန်၊ ပြည်ထောင် စုအဆင့် တာဝန်တွေယူရင် ပါတီတာ ဝန်တွေ ထမ်းဆောင်လို့မရလို့ သတ်မှတ်ထားပါတယ်။

 ဒါကြောင့် သမ္မတကြီးက ပါတီတာဝန် ထမ်းဆောင်လို့ မရပါဘူး။ နှုတ်ထွက်မယ်။ မထွက်ဘူးဆိုတာ သူ့ရဲ့ဆန္ဒ၊ ဗဟိုအလုပ်အမှုဆောင်ရဲ့ ဆန္ဒပါ။ ပြည်ထောင်စုအဆင့် တာဝန်ယူရင် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာတော့ ပါတီတာဝန် ထမ်းဆောင်မရလို့ပဲ ပါပါတယ်။ ထွက်ပါလို့တော့ မပါဘူး” ဟု ပြောကြားခဲ့သည်။ ဦးရဲထွန်းက “ပါတီခေါင်းဆောင် အနေနဲ့ဆိုရင် လုပ်ပိုင်ခွင့် ပိုရလာမှာပါ။ လွှတ်တော် ကိုယ်စားလှယ်တွေကို ပါတီတွင်းမှာပဲ တရားဝင် စည်းရုံးလို့ ရလာမယ်။ သူ့ရဲ့ သြဇာနဲ့ လုပ်ပိုင်ခွင့် ပိုရှိလာမှာပေါ့” ဟု ယင်းက သူ၏အမြင်ကို ရှင်းပြသည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ (၆၄) တွင် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများသည် ရွေးချယ်တင်မြှောက် ခံရသည့်နေ့မှစ၍ မိမိတို့ရာထူး သက်တမ်းအတွင်း ယင်းပါတီ အဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရဟု ပါရှိကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၂၁ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။ 
From:ခေတ်လူငယ်


www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>