Quantcast
Viewing all articles
Browse latest Browse all 4837

သံတွဲတွင် ဗုဒ္ဓရှင်တော်မြတ်ဘုရားကို ဆဲရေးတိုင်းထွာသူ ဘင်္ဂလီတစ်ဦး အား ထောင်ဒဏ်ချမှတ်


ရခိုင်ပြည်နယ်၊သံတွဲမြို့နယ်၌် ဗုဒ္ဓဘုရားရှင်အပေါ် ဆဲဆိုသူ ဘင်္ဂလီ မူဆလင် တစ်ဦးအား ပြစ်မှုထင်ရှားသဖြင့် မြို့နယ် တရားရုံးက စက်တင်ဘာလ ၃ရက်နေ့တွင် ထောင်ဒဏ် ၂နှစ်ချမှတ်လိုက်ကြောင်း သိရသည်။

 အမှုဖြစ်စဉ်မှာ၂၀၁၂ခုနှစ်၊ဒီဇင်ဘာလ၂၈ရက်နေ့က နတ်မော်ကျေးရွာအုပ်စု၊သပြုချိုင်ရွာနေ(ဘ) ဦးကျော် မောင်၏သားအောင်ကျော်မိုး(၂၉-နှစ်)မှာအရက်သေစာသောက်စားမူးယစ်ကာဗုဒ္ဓဘုရားရှင်အပေါ် ရိုင်းပြ ပြင်းထန်စွာ ဆဲရေးတိုင်းထွာခဲ့သဖြင့် နယ်မြေရွှေလှေရဲစခန်းမှ(ပ)၄၈/၂၀၁၂၊ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၅-ကအရ ၄င်းအား အမှုဖွင့် အရေးယူခဲ့သည်။

 မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအုပ် တင်မောင်လွင် တရားလိုပြု၍ ထိုအမှုအား သံတွဲမြို့နယ်တရားရုံး၌ တရားစွဲဆို ရာတွင်တရားရုံး၏လုပ်ထုံးလုပ်နည်းများနှင့်အညီစစ်ဆေးချက်၊တရားခံ၏၀န်ခံချက်တို့အရပြစ်မှုကျူး လွန်ထား ကြောင်းမှာထင်ရှားသည်ဖြစ်၍ ဥပဒေပုဒ်မ၂၉၅(သာသနာကိုအကြည်ညိုပျက်စေမှု) အရ မြို့နယ်တရားရုံးက တရားခံအောင်ကျော်မိုးအား အလုပ်နှင့် ထောင်ဒဏ်၂နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း
 ဖြစ်သည်။

 စီရင်ချက်ချသည့်နေ့တွင် တရားခွင်သို့ ရောက်ခဲ့သူ သံတွဲမြို့ခံတစ်ဦးက “စီရင်ချက်မှာ တရားခံက မင်းဘုရားက ငါ့(xxx)ပဲ။မင်းတို့ကငါ့(xxx)ကို ကိုးကွယ်နေကြတာပဲ။ မင်းတို့ဘုရားက ကုလားပဲ ဆိုတဲ့ ယုတ်ညံ့တဲ့ဆဲဆိုမှုတွေ ကိုထပ်ခါတလဲလဲလုပ်ခဲ့တယ်၊ တရားခံ ကိုယ်တိုင်ကလည်း ၀န်ခံထားတယ်လို့ မြို့နယ်တရားသူကြီးက ဆိုတယ်”ဟု ပြန်ပြော ပြသည်။

 အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သံတွဲမြို့စည်းကမ်းထိန်း သိမ်းရေးနှင့်ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့ အတွင်းရေးမှူး ဆရာတော် ဦးကောသလ္လက “ပြဿနာဖြစ်လိုက်တိုင်း ဖြစ်ရတဲ့အကြောင်းရင်းကိုကြည့်ရင် သူတို့ ဘက်ကစတာပဲတွေ့ရလိမ့်မယ်။ ဒါဟာ စနစ်တကျ လေ့ကျင့်ထားတဲ့စစ်ဆင်ရေးတစ်ရပ်လိုဖြစ်နေတာမို့ ဗုဒ္ဓဘာ သာဝင် တွေ အထူးကရုစိုက်ဖို့ လိုနေပြီလို့ပဲ သတိပေးချင်ပါတယ်”ဟု မိန့်ကြားခဲ့သည်။

 သံတွဲမြို့တွင်ရခိုင်ဗုဒ္ဓဘာသာဝင်များနှင့်ဘင်္ဂလီမူဆလင်များအနီးကပ်နေထိုင်လျက်ရှိကြသည်ကြောင့် မတူညီ သော လူမျိုးစုနှစ်ခုကြား တင်းမာမှုများ ရှိနေပြီး၊ ဤအတောအတွင်းဒေသ မငြိမ်မသက်မှုများကြောင့် ဇွန်လ၃၀ ရက်မှ စ၍ ပုဒ်မ ၁၄၄ အမိန့်ကို ထပ်မံထုတ်ဆင့်ထား ရဆဲဖြစ် သည်။

From: RSV

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>