Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ကန့်ဘလူ ထန်းကုန်းရွာ ပဋိပက္ခ စတင်စေခဲ့သူကို ထောင် ၇ နှစ်ချမှတ်

$
0
0
kantbalu-buring-house-305.jpg
 
 
သြဂုတ်လ ၂၄ ရက်နေ့က ကန့်ဘလူမြို့ ထန်းကုန်းရွာပဋိပက္ခတွင် မီးရှို့ခံလိုက်ရသောအိမ်များပုံ
 

စစ်ကိုင်းတိုင်း၊ ထန်းကုန်းရွာမှာ ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းက ပဋိပက္ခစဖြစ်စေတဲ့ကိစ္စမှာ အမျိုးသမီးတစ်ဦးကို ဘလက္ကာယလုပ်သူ ဆန်းမင်းဦးကို မုဒိန်းမှုဆိုင်ရာပြစ်မှု ပုဒ်မတွေနဲ့ မနေ့က စက်တင်ဘာလ ၄ ရက်နေ့မှာ ကန့်ဘလူမြို့နယ် တရားရုံးက ထောင်ဒဏ် ၇ နှစ် ပြစ်ဒဏ်စီရင်လိုက်တယ်လို့ သိရပါတယ်။

ဆန်းမင်းဦးဟာ အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်ပြီး၊ သူ့ကို မုဒိန်းကျင့်ရန်ကြံစည်မှု ပုဒ်မ(၃၇၆/၅၁၁)အတွက် ပြစ်ဒဏ် ၅နှစ်၊ ကာယိနြေ္ဒပျက်စီးစေမှု ပုဒ်မ (၃၅၄) အတွက် ပြစ်ဒဏ် ၂နှစ် စုစုပေါင်း ၇နှစ် အမိန့်ချလိုက်တာလို့ သိရတဲ့အကြောင်း ကန့်ဘလူမြို့က ဒေါက်တာ လှိုင်မြင့်ဟန်က ပြောပါတယ်။

ဆန်းမင်းဦးကို မန္တလေးထောင်ကိုပို့လိုက်ပြီလို့ ကြားသိရတဲ့အကြောင်းလည်းပြောပါတယ်။
ဒီပဋိပက္ခမှာ အကြမ်းဖက်ဖျက်ဆီးမှုတွေနဲ့ ပတ်သက်လို့ သံသယဖြစ်သူ အဲဒီဒေသတဝိုက်က ဗုဒ္ဓဘာသာဝင် ရွာသား ၁၁ ယောက်ကို ဖမ်းဆီးစစ်ဆေးနေဆဲမှာပဲ အဲဒီလူတွေထဲက အသက် ၄ဝအရွယ် ဦးဆန်းချိုဆိုသူ သေဆုံးခဲ့ပါတယ်။ သူဟာ ဝမ်းလျှောလို့ သေဆုံးတာလို့ ရဲဌာနကပြောပေမယ့်၊ ဝမ်းလျှောလူနာတစ်ယောက် တစ်ရက်အတွင်း သေဆုံးရတဲ့အပေါ် သံသယရှိတယ်လို့ ဆရာဝန်တစ်ဦးဖြစ်တဲ့ ကန့်ဘလူမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြင့်နိုင်က ပြောပါတယ်။

ထန်းကုန်းရွာပဋိပက္ခမှာ မွတ်စလင်တွေရဲ့ အိမ်ခြေ ၄၈ လုံးလောက် မီးရှို့ဖျက်ဆီးခံလိုက်ရပြီး၊ အခုတော့ အလှူရှင်တစ်ဦးရဲ့ အကူအညီနဲ့အိမ်တွေပြန်ဆောက်ဖို့ စီစဉ်နေပြီလို့သိရပါတယ်။

From:Rfa

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


ယာတောက သာဗြော - အဝေးက ပေးစာတစောင် (ပုဂံငလျင်)


ဆေးစွမ်းထက်သော မြက်မုန်ညှင်းပင်


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဒုတိယအကြိမ်မြောက် တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဆင့်ပွားဓမ္မစကူးလ်...


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


ဆင်ဖြူ ရှင်၏ ယိုးဒယားအောင်ပွဲ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ဆရာလွတ် အင်္ဂလိပ်စာရေးနည်း နှင့် Essay, Letter စာအုပ်


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ အပိုင်း(၂)"


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


တပ်မတော်(ရေ)၏ Combined Fleet Exercise (Sea-Shield 2014)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>