Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ရခိုင်ပြည်နယ်တွင် မျိုးစောင့်အဖွဲ့ နှင့် ပတ်သက်၍ ရှင်းလင်းပွဲများ ကျင်းပ

$
0
0




ရခိုင်ပြည်နယ်၌ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး အဖွဲ့ဆိုသည့် အဖွဲ့အစည်းက ရှင်းလင်းပွဲများပြုလုပ်လျှက်ရှိကြောင်း ယင်းအဖွဲ့၏ ဗဟိုကော်မတီဝင် တိပိဋကဓရ ဆရာတော်အရှင်ဣန်္ဒပါလက မဇ္ဈိမကို မိန့်သည်။

ထိုအဖွဲ့သည် သံဃာ ၁၅၀၀ ကျော်၏ သဘောတူညီချက်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း၊ အဖွဲ့၏ မူနှင့် လမ်းစဉ်များကို ပြည်သူများထံသို့ တိုင်းနှင့်ပြည်နယ်အလိုက် လိုက်လံရှင်းလင်းတင်ပြနေခြင်း   ဖြစ်သည်ဟု လည်း ဆရာတော်က မိန့်သည်။

“ဦးဇင်းအနေနဲ့ အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ အညီ ပြည်နယ်တွင်းမှာ ရှင်းလင်းတာတွေ၊ ပြည်နယ်၊ မြို့နယ်၊ ရပ်ကျေးစတဲ့ အဆင့်ဆင့်သော ဖွဲ့စည်းပုံတွေကို ရဟန်း ပုဂ်္ဂိုလ်၊ လူပုဂ်္ဂိုလ်တွေကိုရှင်းပြတယ်”ဟု ဆရာတော်   အရှင်ဣန်္ဒပါလက ဆက်မိန့်သည်။

အဆိုပါ အမျိုးဘာသာသသနာ စောင့်ရှောက်ရေးအဖွဲ့ကို ရခိုင်ပြည်နယ်၌ ဖွဲ့စည်းရေးအတွက် စစ်တွေမြို့ အတုလမာရိန် ဘုရားကြီး၌ ရှင်းလင်းပွဲပြုလုပ်ခဲ့ရာ သြဂုတ် ၁၆ ရက်တွင် မြို့နယ် ၁၀ မြို့နယ်မှ ရဟန်းရှင်လူ ၈၀၀ ကျော်၊ သြဂုတ် ၁၇ ရက်တွင် လူအင်အား ၁၀၀၀ ခန့်နှင့် သြဂုတ် ၁၉ ရက်တွင် အင်အား ၃၀၀ ခန့်တို့ဖြင့် ဖွဲ့စည်းနိုင်ခဲ့ကြောင်းလည်း ဆရာတော်က မိန့်ကြားခဲ့သည်။

အမျိုးဘာသာသာသနာ စောင့်ရှောက်ကာကွယ်ရန်ဟူသော အကြောင်းပြချက်ဖြင့် သံဃာတော်အချို့နှင့် လူပုဂ်္ဂိုလ်အချို့က အဖွဲ့အစည်းတည်ထောင်ခြင်းနှင့် မျိုးစောင့်ဥပဒေဟူသော မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးများကို ဘာသာခြား အမျိုးသားက လက်ထပ်ခွင့်ကို ကန့်သတ်သည့် ဥပဒေနှင့် ဘာသာခြားမှ ဗုဒ္ဓဘာသာဝင် အဖြစ်သို့ ကူးပြောင်းရာတွင် ကြပ်မတ် ကျင့်သုံးရမည့် စည်းကမ်းများကို ပြဋ္ဌာန်းထားသည့် ဥပဒေတို့ကို အတည်ပြုရေးတို့ကို ယခုနှစ်အတွင်း ကြိုးပမ်းလာကြသည်။

ထိုကဲ့သို့သော ဥပဒေများ၊ လှုပ်ရှားမှုများသည် လူ့အခွင့်အရေးနှင့် မညီညွတ်ကြောင်း အမျိုးသမီးအဖွဲ့အစည်းများဖြစ်သည့် Rain Fall၊ အခရာ၊ ကရင်အမျိုးသမီးဖွံ့ဖြိုးရေးအဖွဲ့ (KWEG), ဖန်တီးအိမ်မျိုးဆက်၊ Colorful Girls, Triangle Wowen Support Gorup တို့နှင့် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂကဲ့သို့သော လူမှုအဖွဲ့အစည်းများက ကန့်ကွက်ပြောဆိုမှုများ ရှိနေသည်။

မီဒီယာများတွင်လည်း လက်ရှိတည်ဆဲဥပဒေများသည် အမျိုးဘာသာသာသနာကို လုံလောက်စွာ ကာကွယ်နိုင်နေပြီဖြစ်သဖြင့် ဗုဒ္ဓဘာသာကို အထူးပြု ကာကွယ်သည့် ဥပဒေများပြဌာန်းရန် မလိုကြောင်း   ဖော်ပြမှုများ ရှိနေသည်။

ထို့ပြင် လူမျိုး ၁၃၅ မျိုးနှင့် အခြေခံဥပဒေတွင်လည်း ဘာသာကြီးလေးမျိုးကို အသိအမှတ်ပြုထား သည့် မြန်မာနိုင်ငံ တွင် ဗုဒ္ဓဘာသာတစ်ခုတည်းအတွက် သီးခြား ဥပဒေပြဌာန်းရန်သင့်မ သင့် မေးခွန်းထုတ်မှုများ လည်း ရှိနေသည်။


From: mizzima

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...