အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့မှာ အမျိုးသမီး ဓာတ်ပုံသတင်းထောက်တစ်ယောက်ကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် ဒီဇင်ဘာလအတွင်းက အမျိုးသမီးငယ်တစ်ယောက်ကို အုပ်စုဖွဲ့ပြီး အဓမ္မပြုကျင့်ခဲ့ပြီး အဲဒီဒဏ်ရာနဲ့ သေဆုံးသွားခဲ့တဲ့ ဖြစ်ရပ်ကို သတိရစေခဲ့ပါတယ်။
ကြာသာပတေးနေ့တုန်းက အုပ်စုဖွဲ့ပြီး အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီး သ တင်းထောက် ဟာ ဆေရုံမှာရှိနေပြီးတော့ အခြေ အနေကောင်းမွန် လာနေပြီလို့ ဆေးဝန်ထမ်းတွေက ပြောပါတယ်။ သူမဟာ လူတွေ မရှိတော့တဲ့ အထည်ချုပ်စက်ရုံကိုသွားပြီးတော့ ဓာတ်ပုံရိုက်ကူးနေချိန်မှာ အမျိုးသား ၅ ယောက်က ဝိုင်းပြီးတော့ အဓမ္မပြုကျင့်တာ ခံခဲ့ရတာလို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။
သူမနဲ့အတူ အမျိုးသားသတင်းထောက်တစ်ယောက် ပါသွားပြီးတော့ အဓမ္မပြုကျင့်ချိန်မှာ အဲဒီ အမျိုးသားကို ကြိုးတုပ်ထားတယ်လို့ ပြောပါတယ်။

www.mmdailystar.com