Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

အီဂျစ် ထောင်ဖောက်ရန် ကြိုးစားမှုတွင် အစ္စလာမ္မစ် အကျဉ်းသား ၃၆ ဦး သေဆုံး

$
0
0

အီဂျစ်တွင် အကျဉ်းထောင် တစ်ခု၌ ပြီးခဲ့သည့် တနင်္ဂနွေနေ့ သြဂုတ် ၁၈ ရက်က ထောင်ဖောက် ထွက်ပြေးကြရန် ကြိုးစားမှု တစ်ခု ဖြစ်ခဲ့ရာ အကျဉ်းသား ၃၆ ဦး သေဆုံးခဲ့ရကြောင်း AFP သတင်း တစ်ရပ်တွင် ဖော်ပြ ထားသည်။

ယင်းကိစ္စရပ် ဖြစ်ခဲ့ပြီးနောက် သမ္မတ မော်စီကို ထောက်ခံ ဆန္ဒပြနေသည့် အစ္စလာမ္မစ် အင်အားစုများ အား အစိုးရက အကြမ်းနည်းဖြင့် နှိမ်နင်းနေသည့် ငါးရက်အတွင်း သေဆုံးသူ အရေအတွက် ၈၀၀ နီးပါး ရှိသွားပြီ ဖြစ်သည်။

“ထောင်သားတွေ မလွတ်သွားအောင် မျက်ရည်ယိုဗုံးတွေနဲ့ တားဆီးနေတဲ့ အချိန်မှာ အကျဉ်းသား ၃၆ ဦးဟာ လူ ပိမိတာနဲ့ အသက်ရှူကျပ် တာတွေကြောင့် သေဆုံးသွားကြတာ ဖြစ်ပါတယ်” ဟု ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မွတ်ဆလင် ညီနောင်များ အင်အားစုက ယင်းမတော်တဆမှုနှင့် ပတ်သက်ပြီး ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ကာ ယင်းထုတ်ပြန်ချက် တွင် “အာဏာသိမ်းပွဲကို မထောက်ခံတဲ့ ဆန္ဒပြသူတွေကို ရည်ရွယ်ချက် ရှိရှိနဲ့ အကြမ်းဖက်တာကြောင့် ထိန်းသိမ်းခံ ၃၅ ဦး သေဆုံးခဲ့ရပါတယ်။ အာဏာပိုင်တွေဟာ သူတို့ ပစ်မှတ်ထားသူတွေကို သွေးအေးအေးနဲ့ သတ်ဖြတ်နေကြခြင်း ဖြစ်ပါတယ်” ဟု ပါဝင်သည်။

တနင်္ဂနွေနေ့ ညနေပိုင်းတွင် ပြည်ထဲရေး ဝန်ကြီးဌာနကလည်း အသိပေး အမိန့်ကြေညာစာ တစ်စောင် ထုတ်ပြန်ခဲ့ကာ ယင်းစာတမ်းတွင် ပြည်သူများ အနေနှင့် ညမထွက်ရ အမိန့်ကို လေးစား လိုက်နာကြစေလိုကြောင်း သတိပေးထားသည်။

ရဲနှစ်ဦးလည်း ဆူးအက် တူးမြောင်းအနီး မြို့တော် အစ္စေမေးလီယာတွင် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရသည် ဟု ဝန်ကြီးဌာနက သတင်း ထုတ်ပြန် ထားသေးသည်။

ဆန္ဒပြ လူအုပ်များကို သွေးမြေကျ ဖြိုခွင်းမှုများအတွက် နိုင်ငံတကာက စိုးရိမ်တကြီး ဝေဖန်ရှုတ်ချမှု များ ပြုလုပ်ကြပြီး အလွန် ဆိုးဝါးသော အဖြစ်အပျက်များ ဖြစ်ခဲ့ခြင်းသည် အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် ထိုးနှက်ချက်များဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောဆိုခဲ့သည်။

ဥရောပ သမဂ္ဂ၏ နိုင်ငံခြားရေးရာ မူဝါဒ အကြီးအကဲ ကက်သရင်း အက်ရှ်တန်နှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း တို့ကလည်း အင်အားသုံးပြီး ဖြိုခွင်းခြင်းကို ဝေဖန် ပြစ်တင်ထားသည်။

နိုင်ငံရေး အကျပ်အတည်းများ ဖြစ်လျက် ရှိနေသည့် မွတ်ဆလင် ညီနောင် များ အင်အားစုကို ဖျက်သိမ်းလျှင် အီဂျစ်အတွက် ကောင်းမည် ဖြစ်ကြောင်း အီဂျစ် ဝန်ကြီးချုပ်ဟာဇမ်အယ်ဘီဘလာဝီက အကြံပြုထားသည်ဟု အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိက သတင်း မီဒီယာများကို ပြောကြားခဲ့ သည်။

အီဂျစ် သမ္မတ မိုဟာမက်မော်စီကို စစ်တပ်က ရာထူးမှ ဖြုတ်ချခဲ့ခြင်းအား ဆန့်ကျင်သည့် ဆန္ဒပြပွဲများကို အင်အားသုံး ဖြိုခွင်းခဲ့ပြီးနောက် ဝန်ကြီးချုပ်၏ ထိုသို့ လက်ရှိ အစိုးရ ဆန့်ကျင်ရေး အင်အားစု မွတ်ဆလင် ညီနောင်များကို ဖျက်သိမ်းရန် အကြောင်းကြားမှု ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။
From:The Voice Weekly

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>