Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ကင်တားနားခရီးစဉ်ကြောင့် ချင်းပြည်နယ် ပြောင်းလဲမှုရှိမည်မဟုတ်ဟု ချင်းလူမှုရေးဝန်ကြီးဆို

$
0
0




မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တားနား၏ ခရီးစဉ်ကြောင့် ချင်းပြည်နယ် အတွက် ထူးခြားသည့် ပြောင်းလဲမှုမျိုး ရှိလိမ့်မည် မဟုတ်ဟု သုံးသပ်မိကြောင်း ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာဘမောင်က The Voice သို့ ပြောကြားသည်။

“အစိုးရသစ် တက်ပြီးတဲ့နောက်ပိုင်းချင်းမှာ ဘာသာရေးပြဿနာ မရှိပါဘူး။ ရှိခဲ့ရင်လည်း ဖြေရှင်းပေးနိုင်ပါတယ်။ သူကအရင်က ဖြစ်ခဲ့တာတွေကို ထောက်ပြပါတယ်။ လူကြီးဖြစ်ပြီးတဲ့နောက် ကလေးအင်္ကျီကို ပြန်ဝတ်ချင်ရင် အချိုးမပြေနိုင်ဘူးလို့ ကျွန်တော် ပြောလိုက်ပါတယ်” ဟု ၎င်းကဆိုသည်။

ကင်တားနားသည် မြန်မာနိုင်ငံကို တတိယခရီးစဉ်အဖြစ် ချင်းပြည်နယ်သို့ သြဂုတ်လ ၁၆၊ ၁၇ ရက်များတွင် ရောက်ရှိခဲ့ပြီး မင်းတပ်နှင့် ကန်ပက်လက်မြို့တို့ရှိ ဒေသခံများနှင့် တွေ့ဆုံခဲ့ကာ ဒေသတွင်း လူ့အခွင့်အရေးနှင့် ဘာသာရေးဆိုင်ရာ ပြဿနာများရှိ မရှိ၊ ယခင်အစိုးရလက်ထက် တွင်ဖြစ်ပေါ်ခဲ့သော လက်ဝါးကပ်တိုင် ဖြိုချခံရခြင်း အကြောင်း ဒေသခံများကို မေးမြန်းခဲ့ကြောင်း၊ ဘာသာရေး ပဋိပက္ခများ ယခင်က မရှိခဲ့သကဲ့သို့ ယခုလည်း မရှိကြောင်း၊ နောက်လည်း ရှိလာမည် မဟုတ်ကြောင်း ဒေသခံများက ပြောကြားခဲ့ကြောင်း ၎င်းက ပြန်လည် ပြောကြားသည်။

“သူက ဟိုတုန်းက ဖြစ်ခဲ့တာတွေ ပြန်ဖွချင်တယ်။ ပြဿနာဖြစ်လို့ ဖြေရှင်းပေးဖို့လာတာ ဆိုရင်တော့ ကြိုဆိုပါတယ်၊ သူဟာ အဆိုးမြင်ဝါဒ၊ အဆိုးမြင် ရှုထောင့်နဲ့ ချင်းပြည်နယ်ကို ရောက်လာတယ်လို့ မြင် တယ်” ဟု ဝန်ကြီးက သုံးသပ်ပြောဆိုသည်။

မစ္စတာကင်တားနား၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရခိုင်၊ ကချင်၊ ချင်း၊ ရှမ်းပြည်နယ်နှင့် မိတ္ထီလာမြို့တို့သို့ သွားရောက်မည်ဖြစ်ပြီး ရခိုင်ခရီးစဉ်အတွင်း ဆန္ဒပြမှုနှင့် ကြုံတွေ့ရကာ ကချင်ခရီးစဉ်အတွင်း လိုင်ဇာဒေသသို့ သွားရောက်ခွင့် မရခြင်းတို့နှင့် ကြုံတွေ့ရကြောင်း ပြည်တွင်း၊ ပြည်ပမီဒီယာများတွင် ဖော်ပြထားသည်။
 
 
From: the voice

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...