Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဝန်ထမ်းလစာ တိုးမြှင့်လိုက်မှုနှင့် နိုင်ငံ့ဝန်ထမ်းအချို့၏ တုန့်ပြန်မှုများ

$
0
0
ဧပြီလမှ စ၍ နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားများကို ကျပ် ၂၀,၀၀၀ စီ တိုးမြှင့်ပေးမည် ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးက ပြောဆိုလိုက်သည်။

“၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် နိုင်ငံ့ဝန်ထမ်းများအတွက် လစာနှုန်းထားကို ကျပ်နှစ်သောင်းစီ တိုးမြှင့်ပေးမှာ ဖြစ်ပါတယ်။ အချိုးကျ တိုးမြင့်လာမည့် ပင်စင်လစာနှင့် ဆုငွေများအတွက် သာမန် အသုံးစရိတ်တွင် ထည့်သွင်း လျာထားမှုများ
ပြုလုပ်ခဲ့ပါတယ်” ဟု မတ်လ ၁၅ ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး တွင် ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန် က ပြောကြားသွားခြင်း ဖြစ်သည်။

“လက်ရှိ ခံစားခွင့် ပြုထားသော အပိုထောက်ပံ့ကြေး၊ ဒေသစရိတ်တို့ကိုလည်း ပြောင်းလဲမှုမရှိ ဆက်လက် ထောက်ပံ့ သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသွားသည်။

ထိုသို့ လစာတိုးမြင့်တော့မည်နှင့် ပတ်သက်၍ နိုင်ငံ့ဝန်ထမ်းများက ဝမ်းသာကြသော်လည်း ကုန်ဈေးနှုန်းပါ တပါတည်း တက်လာမည်ကိုမူ စိုးရိမ်လျက်ရှိကြသည်။

“တိုးပေးတာကို ဝမ်းသာလို့ ရအောင် ကုန်ဈေးနှုန်း မတက်ပါမှ ပါပဲ။ ဝန်ထမ်းမိဘတွေ အနေနဲ့ ကလေးတွေရဲ့ ကျူရှင်စရိတ် မတက်ပါမှ အဆင်ပြေနိုင်ပါမယ်။ ပြောင်းလဲနေတဲ့အချိန်မှာ သားသမီးတွေရဲ့ ကျူရှင်စရိတ် က မိဘတွေအပေါ် ဝန်ထုပ်ဝန်ပိုးကြီးဖြစ်နေတာကို ပညာရေးဝန်ကြီး အနေနဲ့ အလေးအနက် ထား စဉ်းစားစေချင်ပါတယ်” ဟု သူနာပြုဆရာမ ဒေါ်မြညွှန့် က တိုက်တွန်းသည်။

အကယ်၍ ကုန်ဈေးနှုန်းများ တက်လာခဲ့ပါမူ ထိုဒဏ်ကို တောင့်ခံနိုင်ရန်လည်း အစိုးရဌာနတခုမှ ဒု-ညွှန်မှူး   ဒေါ်ကြည်ကြည် က အကြံပြုသည်။

“လစာတိုးပေးမှာ ဧပြီလ ကုန်မှပါ။ အရင်ခေတ်တွေကလို ကြိုပြီး ကုန်ဈေးနှုန်း မတက်စေချင်ပါဘူး။ ကျမတို့ အိမ်ရှင်မတွေအနေနဲ့ကလည်း ကြက်သွန် တက်မယ်ဆိုရင် နည်းနည်းပဲ ဝယ်သုံးမယ်။သူ့အစား ဈေးပေါတဲ့ ချင်း၊ စပါး လင် သုံးမယ်။ ပုတ်ကုန် ဖြစ်တဲ့ ကြက်သွန် တက်ဈေးနဲ့ တောင့်မခံနိုင်ပါဘူး။ ဆန်ဆို လည်း ဈေးတက်ရင် တပြည်ချင်း ဝယ်စားမယ်။ ဆန်တွေက ရိတ်သိမ်းကတည်းက မိုးမိထားတာ။ ဂိုဒေါင်မှာ ကြာကြာထားရင် မှိုတက်မယ်။ ပိုးကျမှာပဲ။ ဈေးကျမှ ဝယ်စားမယ်။ ဒါမျိုးတွေ စီမံသင့်ပါတယ်။ အရင်တုန်းက လစာ တိုးမယ် အသံကြားရင် ဈေးနှုန်းတက်မှာ စိုးလို့ ငွေ ရှိတဲ့သူတွေက  စားသောက် ကုန်တွေကို များများ ကြိုဝယ်ကြတယ်။ ရန်ကုန်မှာက တဦးလုပ်ရင် ကျန်တဲ့သူတွေက လန့်ပြီး လိုက်ဝယ်ကြ တာမျိုးတွေ ရှိခဲ့တယ်။ အဝယ်များတော့ ကုန်ပစ္စည်းတွေက ဈေးမတက်သင့်ဘဲ တက်ကုန် တာမျိုးတွေ ဖြစ်ခဲ့ဖူးတယ်။ ဒါမျိုးတွေ သတိပြု လုပ်ကိုင်သင့်ပါတယ်” ဟု အိမ်ရှင်မ လည်း ဖြစ်သူ ဒေါ်ကြည်ကြည် က ဆိုသည်။

ရပ်တည်ရန် အခက်အခဲများကြောင့် ပင်စင်စားများကလည်း လစာတိုးမြှင့်ရလိုကြပြီး သို့မဟုတ်ပါကလည်း သင့်တော်မည့် အစီအစဉ်များ ဖန်တီးပေးစေလိုကြသည်။

“လစာတိုးပေးတာ မုဒိတာပွားစရာပါ။ ကျနော်တို့လို ပင်စင်စားတွေကလည်း ပင်စင်သမားတွေ ပါမလားလို့ နားစွင့်နေတာပါ။ သမ္မတကြီးရဲ့ ခေါင်းထဲမှာလည်း ပင်စင်စားတွေရဲ့ကိစ္စ ရှိနေနိုင်ပါတယ်။ အဆင့်မြင့် ရာထူးတွေနဲ့ အငြိမ်းစားယူသူတွေက တာဝန်ထမ်းဆောင်စဉ် ကတည်းက လိမ္မာပါးနပ်သူ များတော့ အနည်းအ ကျဉ်း မပူပင်ရသူ များတယ်။ တာဝန်ထမ်းစဉ် ကတည်းက အောက်ခြေဝန်ထမ်း လုပ်ခဲ့ရသူတွေကတော့ ပင်စင် ယူပြီးတာတောင် စားဝတ်နေရေးအတွက် ပူပင်နေကြရတော့ ပင်စင်လစာ တိုးတာမျိုး၊ ရင်းနှီးစားလို့ ရအောင် တစုတည်း ထုတ်ပေးတာမျိုးတွေကို မျှော်လင့်နေသူတွေ များပါတယ်။ ဒါပေမယ့် ပင်စင်ကိစ္စကလည်း ခေါင်းစဉ်အမျိုးမျိုး ရှိနေတော့ အတော်ရှုတ်တဲ့ ကိစ္စတခုလို ဖြစ်နေတာကိုး” ဟု ရန်ကုန်တက္ကသိုလ်မှ အငြိမ်းစားပါမောက္ခ တဦး က ပြောသည်။

သို့သော် တိုင်းပြည် လူဦးရေ၏ ၃ ရာခိုင်နှုန်းသာ ရှိသော နိုင်ငံ့ဝန်ထမ်းများ လစာ တိုးမြှင့်ပေးမှုကြောင့် ကုန်ဈေးနှုန်း တက်လာမည်ကို စိုးရိမ်ရန် မရှိကြောင်း စီးပွားရေး သုတေသီ တဦး က ဆိုသည်။

“တပြည်လုံး အတိုင်းအတာနဲ့ ကြည့်ရင် လုပ်သားအင်အားစု အားလုံးထဲမှာ နိုင်ငံ့ဝန်ထမ်း အင်အားစုက နည်းပါတယ်။ ဒီလူနည်းစုကို လစာတိုးပေးလို့ ငွေကြေးဖေါင်းပွမှုက ဖြစ်စရာ အကြောင်းမရှိပါဘူး။ သီအိုရီ သဘော အရပဲ ဖြစ်ဖြစ်၊ သဘာဝ အရပဲ ကြည့်ကြည့် တိုင်းပြည် စီးပွားရေး အဆောက်အအုံ တခု  အောက်မှာ အလုပ်အကိုင် အပြည့်အဝ မရမချင်း လစာတိုးပေးရင် ငွေကြေးဖေါင်းပွမှု ဆိုးဆိုးရွားရွား မဖြစ်နိုင်ပါဘူး။ လစာတိုးတာကို နွယ်ပြီး ကုန်ဈေးနှုန်း တက်တယ် ဆိုရင် ဈေးကွက်သဘာဝကြောင့် မဟုတ်နိုင် ပါဘူး။ လူ့ ပရောဂ ကြောင့်သာ ဖြစ်နိုင်ပါတယ်” ဟု ဆရာ ဦးစောနိုင် က သုံး သပ် ပြောကြားသည်။

၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ဧပြီ ၁ ရက်က စတင်၍ နိုင်ငံ့ဝန်ထမ်းများနှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) ဝန်ထမ်းများအတွက် လက်ရှိသတ်မှတ်ထားသော လစာနှင့် စရိတ်နှုန်းထားများ အပြင် တဦးလျှင် တလ ကျပ် ၃၀,၀၀၀ နှုန်းဖြင့် အပိုထောက်ပံ့ကြေး ပေးခဲ့သည်။ ထို့အပြင် အစိုးရဌာနနှင့် အဖွဲ့အစည်း များ ရှိ နေ့စားအလုပ်သမားများ၏ လုပ်ခကို လက်ရှိသတ်မှတ်ပြီး လုပ်ခအပေါ်တွင် ကျပ် ၁,၀၀၀ နှုန်းဖြင့် အပိုထောက်ပံ့ကြေး ပေးခဲ့သည်။
 
From: Mizzima Burmese

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


နိုင်ငံခြားမှာ အလုပ်အဆင်ပြေပြီး ငွေအမြန်ပေးပို့စေသောယတြာ


ညတွေကိုမသတ်နဲ. ...... သရ၀ဏ်(ပြည်)


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


ရိုးရာမပျက် ဆင်ကာနွှဲ အာခါတိုင်းရင်းသားတို့ရဲ့ နှစ်သစ်ကူးပွဲ ( သတင်းဆောင်းပါး )


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


မြန်မာ့တပ်မတော်(ရေ)၏ စစ်ရေယာဉ်-773 အား ရေချ


ဝေဖန်မှု ဇာတ်လမ်းမျိုးစုံ နောက်ကွယ်က.... မိသားစုလိုက် ကတ်ကြေးနဲ့ထိုးခံရတဲ့...


♪ မြန်မာနိုင်ငံတစ်ဝန်း မြန်နှုန်းမြင့် Broadband အင်တာနက်...


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


ဗြိတိန်မှာ သံရုံးကြီးဆောက်မယ့်တရုတ်နဲ့ လုံခြုံရေးစိုးရိမ်ချက်တွေ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>