Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ကေအိုင်အိုနယ်မြေ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဧပြီလမှသာ ဖြေမည်

$
0
0
မြန်မာတစ်နိုင်ငံလုံး တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေပြီဖြစ်သော်လည်း လက်နက်ကိုင်ပဋိပက္ခ များကြောင့် ကေအိုင်အို ထိန်းချုပ်နယ်မြေ အတွင်းတွင် ဧပြီ ၁ ရက်နေ့မှ ၈ ရက်နေ့ထိ ဖြေ ဆို မည်ဖြစ်ကြောင်း ကေ အိုင်အို ပညာရေးဌာန ဒုတိယတာဝန်ခံ ဦးခွန်းအောင် က ပြောကြားသည်။ “မေးခွန်းတွေ ကို ကေအိုင်အို ပညာရေး ဌာနက ဘာသာရပ်အ လိုက် ရေးဆွဲထားပါတယ်” ဟု ၎င်းက ဆိုသည်။
 
 ကေအိုင်အို ပညာရေးဌာန၏ စာစစ်ဌာန သုံးခုရှိပြီး လိုင်ဇာ စာစစ်ဌာနတွင် ၁၃၄ ဦး၊ မိုင်ဂျာယန် စာစစ်ဌာနတွင် ၁၁၁ ဦးနှင့် အင်ဂွမ်းလ စာစစ်ဌာနတွင် ၂၅ ဦး စုစုပေါင်း ၂၇၀ ဦးရှိကြောင်း ယင်းဌာန၏ စာရင်းများအရ သိရသည်။ တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည့် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင်လည်း ကေအိုင်အို ပညာရေးဌာနက ရေးဆွဲသည့် မေးခွန်း အတိုင်း တက္ကသိုလ် ဝင်တန်း ကျောင်းသားကျောင်းသူပေါင်း ၂၆၀ ဦး ဖြေဆိုခဲ့သည်။ ယင်းတက္ကသိုလ် ဝင်တန်း ဖြေ ဆိုအောင်မြင် သူများသည် ကေအိုင်အို ပညာရေးဌာနမှ ဖွင့်လှစ်သော သင်တန်းများအပြင် တရုတ်ပြည်သူ့ သမ္မ တနိုင်ငံ ကူမင်းမြို့ရှိ တက္ကသိုလ်နှင့် ထိုင်းနိုင်ငံရှိ တက္ကသိုလ်များတွင် ဖွင့်လှစ်သော သင်တန်းများကို တက်ရောက်နိုင်ရန် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဦးခွန်းအောင်က ပြောကြားသည်။
 
 ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်းရှိ ကျောင်းသူကျောင်းသားများသည် ၁၉၉၄ ခုနှစ်မှ စတင်ကာ ၂၀၁၁ ခုနှစ်အထိ အစိုးရ၏ အခြေခံပညာ အထက်တန်းကျောင်းများတွင် သွားရောက် ဖြေဆိုခဲ့သော်လည်း တိုက်ပွဲ ဖြစ်ပွားပြီးနောက် သွားရောက် ဖြေဆိုရန် အဆင်မပြေသောကြောင့် ကေအိုင်အို နယ်မြေ အတွင်း၌ သာ စာမေးပွဲ စစ်ဆေးခြင်းဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၁၈ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။ 


From:ခေတ်လူငယ်


www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>