Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

စနိုးဒန်ကို ခိုလှုံခွင့် ပေးခဲ့သော်လည်း ရုရှား-အမေရိကန် အဆင့်မြင့် ဆွေးနွေးပွဲများ ဆက်လုပ်မည်

$
0
0

အမေရိကန် အစိုးရ၏ ထောက်လှမ်းရေး လျှို့ဝှက် သတင်းများကို ဖွင့်ချခဲ့သူ စနိုးဒန်ကို ရုရှားက ခိုလှုံခွင့် ပေးလိုက်သော်လည်း အမေရိကန်နှင့် ရုရှား အဆင့်မြင့် အရာရှိများ၏ ဆွေးနွေးပွဲများကို ဆက်လက် ပြုလုပ်သွားမည်ဟု အမေရိကန် အစိုးရက ပြောကြား လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြ ထားသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီနှင့် အမေရိကန် ကာကွယ်ရေး ဝန်ကြီး ချတ်ဟေဂယ်တို့ သည် ရုရှား နိုင်ငံခြားရေး ဝန်ကြီး၊ ကာကွယ်ရေး ဝန်ကြီးတို့နှင့် အမေရိကန်ပြည်ထောင်စု ဝါရှင်တန် တွင် ဆီးရီးယားအရေး၊ အီရန်အရေး အပါအဝင် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ကမ္ဘာ့ ရေးရာများနှင့် ပတ်သက်၍ ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြား သည်။
စနိုးဒန်ကို ရုရှားက ခိုလှုံခွင့် ပေးသည့် ကိစ္စကို စိတ်ပျက်မိကြောင်းနှင့် ရုရှားသည် စစ်အေးခေတ် စိတ်နေစိတ်ထားဖြင့် မကြာခဏ အလုပ် လုပ်လျက် ရှိကြောင်း အမေရိကန်သမ္မတ အိုဘားမားက NBC သတင်း ဌာနနှင့် အင်တာဗျူးတွင် ပြောကြားသည်။

“ကျွန်တော် ရုရှားသမ္မတ ပူတင်ကို ပြောချင်တာကတော့ အတိတ်ကဟာတွေ ထားခဲ့ပါ။ အနာဂတ်ကိုပဲ စဉ်းစားရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကြားမှာ ယခင်ကထက်ပိုပြီး ပူးပေါင်း မဆောင်ရွက်နိုင်စရာ အကြောင်း မရှိပါဘူး” ဟု အမေရိကန်သမ္မတ အိုဘားမားက ပြောကြားသည်။ လောလောဆယ်တွင် အမေရိကန် အစိုးရ၏ လျှို့ဝှက်ချက်များကို ဖွင့်ချခဲ့သူ စနိုးဒန်သည် ရုရှား လေဆိပ်မှ ထွက်ခွာသွားပြီ ဖြစ်သော်လည်း မည်သည့်နေရာတွင် နေထိုင်သည်ကိုမူ သိရှိခြင်း မရှိသေးပေ။
စနိုးဒန်သည် ယခုအခါ ရုရှား ပိုင်နက်အတွင်း တစ်နေရာရာတွင် နေထိုင်ရန် စာရင်းသွင်းထားကြောင်း၊ အမေရိကရှိ ၎င်း၏ ဖခင်မှာလည်း စနိုးဒန်နှင့် တွေ့ရန် ရုရှား ဗီဇာ လျှောက်ထားလျက် ရှိကြောင်း စနိုးဒန်၏ ရှေ့နေက ပြောကြားသည်။ စနိုးဒန်ကို အမေရိကသို့ ပြန်ပို့ရန် အမေရိကန် အစိုးရက အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း ရုရှားက ယာယီ နေထိုင်ခွင့် ပေး ခဲ့ခြင်းကြောင့် ရုရှား-အမေရိကန် ဆက်ဆံရေးကို အဖုအထစ် ဖြစ်သွားစေခဲ့ သည်။

အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီနှင့် စီအိုင်အေတို့၏ အိုင်တီ နည်းပညာ ကန်ထရိုက် ကုမ္ပဏီတွင် အလုပ် လုပ်ခဲ့ဖူးသော စနိုးဒန်သည် ကမ္ဘာတစ်ဝန်းရှိ အင်တာနက် အသုံးပြုသူများ၏ သတင်း အချက်အလက် များနှင့် အမေရိကန် နိုင်ငံသားများ၏ တယ်လီဖုန်း အသုံးပြုသည့် မှတ်တမ်း များကို အမေရိကန်အစိုးရက လျှို့ဝှက် ရယူနေကြောင်း ကမ္ဘာသို့ ဖွင့်ချခဲ့သူ ဖြစ်သည်။

From:The Voice

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>