Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

၈၈ ကျောင်းသားတို့၏ လူသတ်ပွဲ လုပ်ရပ်များ

$
0
0
၈၈၈၈ လေးလုံးဆိုတာ အမှတ်တရ အခမ်းအနားမျိုး လုပ်သင့်တဲ့အရာမဟုတ်ဘူး ကိုယ့်အိမ်မှာကိုယ်ပဲ ဆိုင်ရာဆိုင်ရာတွေအနေနဲ့ ဘုန်းကြီးပင့် ဆွမ်းကျွေးအမျှဝေရမဲ့ နေ့ရက်မျိုး ဝမ်းနည်းခြင်းဆုတောင်း ဆိုတာမျိုးလုပ်ရမဲ့အရာ

တကယ်တော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျောင်းသားနဲ့ရပ်ကွက်ထဲက ရန်ပွဲလေးတစ်ခုကို မြေပေါ်မြေအောက် နိုင်ငံရေးလက်ဟောင်းကြီးအချို့က နိုင်ငံရေးပဋိပက္ခ အသွင်ရောက်အောင် တွန်းပို့ခဲ့ကြတာပါ

ဒေါ်စုကအစပျိုးခဲ့တာမဟုတ်သလို အခုငွေရတုပွဲလုပ်နေ တဲ့ ကျောင်းသားခေါင်းဆောင်ဆို သူတွေစခဲ့ တာလဲမဟုတ် ဒီကောင်တွေက နောက်မှမီးစဉ်ကြည့်က နံမည်ဝင်ယူခဲ့တဲ့ကောင် မျိုးတွေ ပြည် သူတွေ ရင်ထဲမှာတော့ ငွေစက္ကူကိစ္စနဲ့ အဆိုင်အခဲတစ်ခုဖြစ်နေခဲ့တာတော့မှန်တယ် ချိန်သားကိုက်ပီ ဆိုပီးလုပ်ခဲ့ကြတာ

အဲသည်မှာနိုင်ငံရေးအစဉ်အလာရှိခဲ့ဘူးတဲ့ ကျောင်းသားထုကိုအသုံးချခဲ့တော့တာပါပဲ သေဆုံးခဲ့ရတဲ့
 ကျောင်းသား ပြည်သူတွေဆိုတာ ခေါင်းဆောင်ပိုင်းကမပါဝင်ခဲ့သလို မိုက်ရူးရဲဆန်တဲ့စိတ်ဓါတ် မျိုးရှိသူတွေ ကိုရွေး ချယ်အသုံးချ စတေးစေခဲ့တာပါ

အဲသည်အချိန်ကျမှ အခုကျောင်းသားခေါင်းဆောင်ခေါကြီးတို့အဖွဲ့က လူပါးဝစွာနင်းတက်ခဲ့ကြတာ

ကျောင်းသားဆိုတာ ကျောင်းသားစိတ်ဆိုတာ ဘယ်လိုမျိုးလဲ ဘယ်လိုစိတ်မျိုးလဲဆို တာ ကျောင်းသား တိုင်းသိတယ် သွေးပူလွယ်တယ် သွေးဆူလွယ်တယ် သိမ်းသွင်းဖို့အကောင်းဆုံး အနေအထားမှာရှိနေ တတ် တဲ့အရွယ် နိုင်ငံရေးဆိုတာထက် ပျော်ရွှင် စွာကျောင်းသားဘဝ ကိုပဲဖြတ်သန်းချင်တာမျိုးပဲရှိတယ် ဒါပေမဲ့အထက်ကပြောခဲ့ သ လို သိမ်းသွင်းလွယ်တဲ့အရွယ်တွေမလို့ မလိုအပ်ပဲ သေခဲ့ရတယ် တောထဲ မှာဒုက္ခမျိုးစုံနဲ့ဖြတ်သန်းခဲ့ကြရတယ်

အခုခေါကြီးတို့ ထောင်ကျအုပ်စုကတော့ လူနပ်သားသမီးတွေဆိုတော့ တဖြေးဖြေးအပါးဝ လာပီး ပြည်တွင်းမှာပဲထောင်အကျခံပြည်သူ့မေတ္တာကို လိမ်ညာရယူခဲ့ကြတာပါပဲ

တောခိုတာချင်းအတူတူ အခု မိုးသီးဇွန်တို့ အောင်နိုင်တို့လို ပုဂ္ဂိုများကြတော့လဲ တကယ့်ရိုးသားဖြူစင်ခဲ့တဲ့ ကျောင်း သားတွေရဲ့ဘဝများစွာကိုစတေးပီး စင်ပေါ်ရောက်အောင်တက်ခဲ့ကြ တာပဲ မ လား လုပ်တဲ့အလုပ်ရည်ရွယ်ချက်က ဒီမိုကရေစီ တော်လှန်သူချင်း အချင်းချင်း ကိုယ့်ကိုယ် ကျော်တက်နိုင်မဲ့သူမျိုးတွေ ကိုယ့်ထက်ပေါက်ပေါက်ရောက်ရောက်ရှိမဲ့သူမျိုးတွေကို အုပ်စုဖွဲ့ယုတ်မာရိုင်းဆိုင်းစွာ ထောက်လှမ်းရေးလို့စွပ်စွဲ ပါဂျောင်လူသတ်ပွဲကို ဖန်တီးခဲ့ကြတာက သက်သေပဲမဟုတ်လား

ပြည်တွင်းမှာဆိုလဲ ဦးနေဝင်းက ခင်များတို့ တစ်ပါတီစနစ်ကို မကြိုက်ရင် ပါတီစုံစနစ်နဲ့သွားကြတော့လို့ ထိုးပေးခဲ့ရာမှာ ကိုယ့်ဆီက မြေပေါ်မြေအောက် မူလလက်ဟောင်းနိုင်ငံရေးခေါင်းဆောင်ပုဂ္ဂိုလ်တွေရဲ့ မလိုလောဘတွေအောက်မှာ တိုင်းပြည်ဟာ စုန်းစုန်းမြုပ်ခဲ့တော့တာပါပဲ သူတို့က တိုင်းပြည်ဆူပူသောင်း ကျန်း မင်းမဲ့စရိုက်အသွင်မျိုးရောက်မှ အစိုးရကသူတို့လက်ထဲ တိုင်းပြည်ထိုးအပ်မယ် ထင်ခဲ့ကြတာ ဟိုလူက ဝန်ကြီးချုပ် ဒီလူကသမ္မတနဲ့ ကိုယ့်ကိုယ်ကို ရာထူးတွေ ပေး နေရာလုဖို့အာဏာရဖို့ ပဲအလေးထားခဲ့ကြတယ်

ဒေါက်တာမောင်မောင်က ဆန္ဒတွေမစောကြပါနဲ့ဆိုတာတောင် ကိုယ့်ဆီက ဘိုးအေ ဘွားအေကြီးများ ကတော့ အဓိကရုဏ်းအသွင်ကိုပဲ တွန်းပို့ခဲ့ကြတာပါပဲ

ပြောရင်လဲဆုံးမှာမဟုတ်ဘူး တကယ်တော့ ကျနော်တို့ပြည်သူတွေနဲ့တန်တဲ့ အစိုးရမျိုးကို ကျနော်တို့ရခဲ့ကြတာပါ လူထုခေါင်းဆောင်ဆိုသူတွေ အတ္တကြီး လောဘကြီးခဲ့ကြ လို့ သောက်သုံးမ ကျခဲ့ကြလို့ နှစ်နှစ်ဆယ်ကျော်ထပ်စောင့်ခဲ့ရတာ ခင်များတို့ပြောပြောနေတဲ့ စစ်အုပ်ချုပ်ရေးဆိုတာ အဲ့ကောင်တွေဆွဲခေါ်ခဲ့တာ

၈၈၈၈ငွေရတုဆိုတာ တကယ်တော့ သောက်ခွက်ပြောင်ပီး ရန်ပုံငွေရှာတဲ့ပွဲသက်သက်သာဖြစ်ပါတယ် သူတို့ကိုယ်သူတို့အရောင်တင်တဲ့ပွဲ မသိမမှီခဲ့တဲ့ ခုခောတ်လူငယ်တွေကို ဦးနှောက်အရောင်ဆိုးပေးဖို့ကြိုး စားတဲ့ပွဲတစ်ခု သာဖြစ်ပါကြောင်း

ဒီလိုပြောလို့ တီကောင်ကို သေးနဲ့ပန်းသလိုမျိုးဖြစ်သွားခဲ့ကြရင်လဲ မတတ်နိုင်ဘူးဗျာ ။



From: ဗိုက်ပူသူတော်

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>