Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

MV GLADYS ကုန်တင်သင်္ဘောအား ဓည၀တီရေတပ်စခန်းဌာနချုပ်မှ သွားရောက်ကူညီပေးခြင်း

$
0
0


MV GLADYS သင်္ဘောဟာ မာန်အောင်ကျွန်းအနောက်မြောက်ဖက်နှင့် မင်းပြင် အနောက်ဘက် (၁၃)မိုင်ခန့်မှာရှိ တယ်လို့ သိရှိရပါတယ်။ အဲဒီရေယာဉ်အနီးကို ဓည၀တီရေတပ် စခန်းဌာနချုပ် က ရေယာဉ်အမှတ်(၆၁၃)ဟာ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၂ ရက်နံနက်စောစော ကတည်းကရောက်ရှိပြီး လုံခြုံရေးနှင့်အခြားလိုအပ်ချက်တွေကို ကူညီဆောင်ရွက် ပေးခဲ့တယ်လို့ သိရှိရပါတယ်။

ရေယာဉ်မှူးက သူတို့ရဲ့ စက်မကြီး Over Heat ဖြစ်လို့ စက်ထိုးရပ်သွားခဲ့ကြောင်း၊ အင်ဒို နီးရှားနိုင်ငံ ကတစ်ဆင့် မြန်မာနိုင်ငံသို့ သံရုံးမှတစ်ဆင့် အကြောင်းကြားထားကြောင်း၊ Tug Boat  ၁ စီး တောင်းခံ ထားကြောင်း (၆၁၃)ရဲ့ စစ်ရေယာဉ်မှူးကို ပြောကြားခဲ့တယ်လို့သိရှိရပါတယ်။

သို့ပေမဲ့ (၆၁၃)က မလှမ်းမကမ်းတွင်ကျောက်ချပြီး လုံခြုံရေးစောင့်ကြည့်နေစဉ်မှာ နေ့အချိန်အဲဒီ ကုန်သင်္ဘောပေါ် မှာ သွားလာလှုပ်ရှားမှု မတွေ့တာနဲ့ ညအချိန် မီးလုံးဝမထွန်းတာ တွေ့တော့ မသင်္ကာဖွယ် ရာဖြစ်ပြီး သြဂုတ်လ ၄ ရက်နေ့မှာ အဲဒီရေယာဉ်မှူးကို ထပ်မံ ဆက်သွယ်ပြီး အသေး စိတ် မေးမြန်းမှုတွေ ပြုလုပ်ကြောင်း သိရှိရပါတယ်။

အဲဒီတော့မှ သူရဲ့သင်္ဘောမှာ စက်ခန်းထဲရေ၀င်မှုရှိနေတာရယ်၊ ပါလာတဲ့ သင်္ဘောသား ၂၁ ဦးထဲက ၁၈ ဦးဟာ ဇူလိုင်လ ၃၁ ရက်နေ့ မွန်းလွဲပိုင်းကပင် စစ်တကောင်း ဆိပ်ကမ်းသို့ဝင်မည့် ကုန်သင်္ဘောတစ်စင်းနဲ့ လိုက်ပါသွားကြောင်း၊ ကမ်းလွန်ပင်လယ်ပြင်တစ်နေရာမှာ လက်ရှိ ကုန်သင်္ဘောက Out Boat ၁ စီးကိုချပြီး ပြောင်းရွှေ့သွားတယ်လို့ သိရှိရပါတယ်။

ပြီးတော့ GLADYS ရေယာဉ်မှူးကဘဲ ဆက်ပြီး ရေ၀င်မှုကို ထိန်းမရတော့လို့ ရေစုပ် ပန့် လိုတဲ့အကြောင်း၊ Power လဲ လုံးဝမရတော့လို့ Power Supply လုပ်ဖို့ အကူအညီတောင်းခဲ့ တယ်လို့ သိရှိရပါတယ်။ အဲဒီ သြဂုတ်လ ၄ရက်နေ့ညမှာဘဲ တပ်မတော်(ရေ)က စစ်ရေယာဉ် (၅၅၅) ရောက်ရှိလာပြီး သူတို့ကုန်သင်္ဘောပေါ် ရေစုပ်ပန့် ၃ လုံးနှင့် အရာရှိ/စစ်သည်တွေ တက်ရောက်ပြီး ရေစုပ်ထုတ်တာ မူလက သင်္ဘောစက်ခန်းမြုပ်လုနီးပါး ၁၅ ပေခန့်ရေ၀င်နေ တာဟာ သြဂုတ်လ ၆ ရက်နေ့နံနက်ပိုင်းမှာတော့ ၄ ပေလောက် ဘဲ ကျန်တယ်လို့သိရှိရပါတယ်။ ရေတပ်ကအဖွဲ့တွေဟာ ရေယာဉ်မှူးနဲ့ လူချင်းတွေ့ ဆုံမေးမြန်းတော့မှ ဇူလိုင်လ ၂ ရက်မှာ မလေးရှားနိုင်ငံက ထွက်ခွာလာကတည်းက စက်ခန်းထဲကို လူသိပ်မဆင်းဘဲ Control Room ကဘဲ မောင်းနေခဲ့ရာ ဇူလိုင်လ ၃၀ ရက်နေ့ရောက်မှ ဆင်းကြည့်တော့ ရေ၀င်နေပြီး မကြာမီ မြုပ်မှာစိုးလို့ ရေယာဉ်မှူး၊ အင်ဂျင်နီယာချုပ်၊ ကုန်းပတ်(၂)တို့ဘဲ ကျန်ခဲ့ပြီး ကျန်လူ ၁၈ ဦးကို ကုန်သင်္ဘောကြုံနဲ့ စွန့်ခွာလိုက်ပါသွားကြောင်း၊ သင်္ဘောသား (၂၁)ယောက်လုံး ဟာ အင်ဒိုနီးရှား လူမျိုးတွေဖြစ်ကြောင်း၊ ကျန်တဲ့လူ (၃)ယောက်နဲ့ အနီးဆုံးကမ်း ကို မောင်းဝင်ခဲ့ တာ ရေ၀င်မှုကြောင့် စက်ရပ်သွားတော့ အခုနေရာမှာဘဲ ကျောက်ချခဲ့တယ်လို့ သိရှိရပါတယ်။

အခုတော့ ရေတပ်ရဲ့ကောင်းမှုကြောင့် အန္တရာယ်ကင်းသွားပါပြီ။ အရာရှိ/စစ်သည်တွေ ရာသီဥတု လှိုင်းလေကြမ်းတဲ့ကြားက ဒေသခံငါးဖမ်းလှေနဲ့ကပ်ပြီး ကြိုးနဲ့တွယ်တက်ကာ လူသားချင်း စာနာထောက်ထား ကယ်ဆယ်မှုများ ပြုလုပ်ခဲ့တာဟာ ကျေးဇူးတင်စရာပါ။ မြန်မာ့ တပ်မတော်(ရေ)နဲ့ ဂုဏ်သိက္ခာပေါ့။

အဓိကတော့ DMA ကို သက်ဆိုင်ရာနိုင်ငံနဲ့ ကုပ္မဏီက အကြောင်းကြားအကူအညီတောင်း  ခံပြီး ၀န်ကြီးဌာနအဆင့်မှ လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးရမည့်တာဝန်ဖြစ်ပါတယ်။ ဒါပေမဲ့ ရေတပ်ကဘဲ ပင်လယ်ပြင်မှာ ကာစတန်အလုပ်၊ လ၀ကအလုပ်၊ DMA အလုပ်စတာတွေကို လုပ်နေတာဟာ အနာဂတ် အတွက် စဉ်းစားစရာပါ။

အခု GLADYS ပေါ်မှာ ကုန်သေတာ (၆၀၀)ကျော်ပါရှိပြီး သင်္ဘောက အလျား ၁၇၆ မီတာ၊ ရေစူး ၁၀ မီတာရှိတယ်လို့ သိရှိရပါတယ်။ နစ်မြုပ်ဆုံးရှုံးသွားခဲ့ရင် တန်ဖိုးက မနည်းပါလား။ ဒါ့အပြင် မြန်မာ့ပင် လယ်ကမ်းရိုး တန်း မှာ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု၊ ရေကြောင်း အန္တရာယ် ဖြစ်မှုတွေ စတဲ့ နောက်ဆက်တွဲတွေကို စဉ်းစားကြည့်နိုင်ပါတယ်။ ဓည၀တီရေတပ်စခန်းဌာနချုပ်ရဲ့ မိုးထဲ လေထဲ လှိုင်းထဲမှာ ပင်ပင်ပန်းပန်းလုပ်ရတာဟာ ဂုဏ်ယူစရာဖြစ်ပါတယ်။

 


www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>