Quantcast
Viewing all articles
Browse latest Browse all 4837

မြောက်ဦးတွင် ဆရာဝန်အိမ်ကို ဝင်ခိုးသည့်အမှု နာရီပိုင်းအတွင်း ရဲက ဖော်ထုတ်နိုင်


မြောက်ဦးမြို့၊ ဆေးရုံဝင်းအတွင်း နေထိုင်သော ဆရာဝန်တဦး၏ နေအိမ်ကို ဝင်ခိုးသည့် အမှုအား ရဲတပ်ဖွဲ့က ၁ နာရီအတွင်း သံသယရှိသူအား သက်သေခံ ပစ္စည်းများနှင့်အတူ ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း မြို့မရဲစခန်းမှတဆင့် သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၂၉ ရက်နေ့ည ၁၀နာရီခန့်က လက်ထောက် မြို့နယ်ဆရာဝန် ဒေါက်တာဇော်ဝင်းကို နေအိမ်မှ ထွက်ခွာ၍ ဆေးရုံ၌ လူနာများအား လှည့်လည်ကြည့်ရှုပြီး အိမ်သို့ ပြန်ရောက်စဉ် ၎င်းသိမ်းဆည်းထားသော ငွေ ၆ သိန်း၊ ၇ သောင်း၊ ၅ ထောင်ကျပ်မှာ ပျောက်ဆုံးနေကြောင်း တွေ့ရသဖြင့် ည ၁၂ နာရီတွင် မြောက်ဦး မြို့မ ရဲစခန်းသို့ တိုင်ကြားခဲ့သည်။

စခန်းမှူးရဲအုပ် မောင်မောင်မြနှင့် နယ်ထိန်းဒုရဲအုပ် ကျော်စိုး ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များက ချက်ချင်း လိုက်လံရှာဖွေစုံစမ်းရာ ထိုည ၁၂း၄၅ နာရီတွင် သံသယရှိသူအား သက်သေခံ ငွေများ နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲဌာန မှတ်တမ်းတွင် ဖော်ပြထားသည်။

ယခုအမှုနှင့်ပတ်သက်၍ သက်သေခံငွေများနှင့်အတူဖမ်းဆီးခံရသူမှာ မြောက်ဦးမြို့၊ ညောင်ပင်ဈေးရပ်ကွက်နေ အသက် ၁၈ နှစ်အရွယ် လူငယ်တဦးဖြစ်ပြီး ၎င်းအား ရဲဌာနက အမှုအမှတ်(ပ) ၉၁/၂၀၁၃ဖြင့် အမှုဖွင့်ကာ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၈၀ ဖြင့် တရားစွဲဆိုခံရမည်ဟုလည်း ရဲစခန်းက သတင်းထုတ်ပြန်ထားသည်။

ခိုးမှုအား နာရီပိုင်းအတွင်း အရေးယူ ဖော်ထုတ်နိုင်ခဲ့သည့် ရဲအုပ် မောင်မောင်မြ က “ပြည်သူများအနေဖြင့် ပြစ်မှု မဖြစ်စေရန် ကြိုတင်ကာကွယ်မှု ပြုရန် လိုအပ်ကြောင်းနှင့် ပြစ်မှု ကျူးလွန်ခံရလျှင်လည်း ရဲတပ်ဖွဲ့သို့ အမြန်ဆုံး အကြောင်းကြားမှသာလျှင် အမှုများကို အချိန်နှင့် တပြေးညီ စုံစမ်းဖော်ထုတ် အရေးယူနိုင်မည်ဖြစ်ကြောင်း” မဇ္ဈိမကို ပြောကြားသည်။


From:Mizzima

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>