$ 0 0 ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်ကာ ဗြိတိန်ရှိ နေအိမ် ၁၉ သန်းတွင် တပ်ဆင်ထားသော အင်တာနက် စနစ်တွင် အပြာပုံရိပ်၊ ဗီဒီယိုစသည့်တို့ ပါဝင်သော ညစ်ညမ်းဝက်ဘ်ဆိုက်များကို ဝင်ရောက်ကြည့်ရှု လိုပါက ကြိုတင်ရွေးချယ်မှု ပြုလုပ်ထားရမည်ဖြစ်ဗြိတိန်နိုင်ငံတွင် လာမည့် ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်း၌ ညစ်ညမ်းအင် တာနက်ဝက်ဘ်ဆိုက်များ (porn webstie) ကို ပိတ်ပင်သွားမည်ဖြစ်ပြီး ထိုဝက်ဘ်ဆိုက် များကို ကြည့်ရှုလိုပါက အဆိုပြု ရွေးချယ်ထားရမည်ဖြစ်သည်။ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်၏ အင်တာနက်ညစ်ညမ်းမှု တိုက်ဖျက်ရေးအစီအစဉ် စတင်လိုက်ပြီးနောက် ညစ်ညမ်းဝက်ဘ် ဆိုက် များ ကို ဗြိတိန်တွင် တားမြစ်ပိတ်ပင်သွားတော့မည် ဖြစ်သည်။၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်ကာ ဗြိတိန်ရှိ နေအိမ် ၁၉ သန်းတွင် တပ်ဆင်ထားသော အင်တာနက်စနစ်တွင် အပြာပုံရိပ်၊ ဗီဒီယိုစသည့်တို့ ပါဝင်သော ညစ်ညမ်းဝက်ဘ်ဆိုက်များကို ဝင်ရောက်ကြည့်ရှု လိုပါက ကြိုတင်ရွေးချယ်မှု ပြုလုပ်ထားရမည်ဖြစ်သည်။ ထိုသို့ ရွေးချယ်ထားခြင်းမရှိ ပါက ပုံမှန် အားဖြင့် ညစ်ညမ်းဝက်ဘ်ဆိုက်အားလုံးကို ကြည့်ရှု၍မရစေရန် အလိုအလျောက် ပိတ်ပင်သွား မည်ဖြစ်သည်။ဝန်ကြီးချုပ်ကင်မရွန်၏ အစီအစဉ်အရ အင်တာနက်ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီအဖွဲ့အစည်းများ အနေဖြင့် ညစ်ညမ်းဝက်ဘ်ဆိုက်များကို စိစစ်ပိတ်ပင်ထားရမည်ဖြစ်ပြီး အသုံးပြုသူက ၎င်း၏ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းနှင့် Tablet များပေါ်တွင် လိင်မှုဆိုင်ရာ ပုံရိပ်များကို မြင်တွေ့ လိုပါက ရွေးချယ် မှုပြုလုပ်ပေးရ မည် ဖြစ် သည်။ အင်တာနက်ပေါ်မှ ညစ်ညမ်းဝက်ဘ်ဆိုက်များသည် ကလေးသူငယ်များကို ပျက် စီးစေနိုင်ကြောင်း၊ အင်တာနက်တွင် လိင်မှုဆိုင်ရာအပြာပုံရိပ်များ မရှိစေဘဲ သန့်ရှင်းသွား ရန် ဆောင်ရွက် မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။From:Planetwww.mmdailystar.com