Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဘာလဲဟဲ့ စစ်တပ် ??

$
0
0

ကြောင့်အိမ်မှာ စကိုင်းနက်ဆိုတာကြီးကို ပြီးခဲ့တဲ့အပတ်က တပ်ဖြစ်တယ်။ အချိန်ကိုက်ပဲ ငြိမ်းချမ်းရေးပွဲကို ကြည့်ခွင့်ရလိုက်တာပေါ့။ ဟားငါးကောင်ရဲ့ ဟာဒယရွှင်ဆေးဆိုတာလေး ကြည့်လိုက်ရတယ်။ တိုင်းရင်း သား ကိုယ် စားလှယ်ကြီးတွေ ငြိမ်းချမ်းရေးအတွက် မြေမြှုပ်မိုင်းတွေ ရှင်းလင်းဖို့အတွက် တိုင်ပင်ကြတဲ့ပွဲပုံ စံလေး ကို ဟာသလုပ်ထားတာပါ။

မြေမြှုပ်မှိုင်းတွေ မရှိအောင် ဦးပိုင်ကို ခေါ်သင့်ပါတယ်လို့ ပြောတယ်။ မြေကြီးရှိလို့ မိုင်းတွေရှိတာ။ ဦးပိုင် က မြေတွေသိမ်းသွားရင် မြေကြီးမရှိတော့ဘူးဆိုတဲ့ သဘောပေါ့။

တပ်မတော်သာအမိ၊ တပ်မတော်သာအဖဆိုတာကို တစ်သက်လုံး ယုံကြည်တယ်။ အခုတော့ မိဘမဲ့ဖြစ်ချင် တယ်လို့ တပ်မတော်သားကိုယ်စားလှယ်က ပြောတယ်။ (ဗိုလ်ချုပ်လိုဝတ်တာတော့ သိပ်ကြည့်မကောင်း ဘူး)

ပရိသတ်က လက်ခုပ်တွေ တီးလို့ပေါ့။ ကြောင်တွေးမိတာလေး ပြောချင်တာပါ။ လူတိုင်းကတော့ ကြိုက်ကြမယ်မဟုတ်ဘူး။ ခုနောက်ပိုင်း အများနဲ့ ဆန့်ကျင်ပေမယ့် ပြောသင့်တယ်ထင် တာလေးတွေ ကို ကြောင်ပြော မိတဲ့အခါတိုင်း မဟာကြောင်ကို ဘယ်သူတော့ဖြင့် ဘယ်လောက်နဲ့ ဝယ်သွားပြီဆိုတာလေးတွေကို ကြားကြားနေရပေမယ့် ဒါလေးလည်း ပြောကို ပြောမှဖြစ်မှာမို့ ပြောပါမယ်။ မဟာကြောင်ကို ဦးမင်းအောင်လှိုင်ဝယ်သွားပြီလို့ ပြောကြဦးမှာကိုတော့ ကြိုတင်မြင်ယောင်မိပါတယ်။

၁၉၅၈ကနေစတယ်။ ၁၉၆၂မှာ အသက်ဝင်လာတဲ့ စစ်အာဏာရှင်စနစ်ဟာ ကြောင်တို့နိုင်ငံကို အတော်လေးကို  နှိပ်စက်ခဲ့ပါတယ်။ ရက်စက်စွာ အုပ်ချုပ်ခဲ့ပါတယ်။ အသက်ပေါင်းများစွာ ကို ပေးဆပ်ခဲ့ရပါတယ်။ တိုက်ရိုက်ဆန့်ကျင်လို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြရတယ်။ စစ်အာဏာရှင်စနစ်ရဲ့ ဖိနှိပ်မှုကြောင့် ရောဂါထူ ငတ်ပြတ်ပြီး သွယ်ဝိုက်သေဆုံးခဲ့ကြရတယ်။ ပညာမတတ်ကြတော့လို့ တစ်တိုင်းပြည်လုံး လူညွန့်တုံးခဲ့ရတယ်။ ကြောင်တို့ ဒီစနစ်ကြီးကို မုန်းသင့်တယ်။ မုန်းကိုမုန်းရမယ်။ ဘယ်တော့မှလည်း မမေ့သင့်ဘူး။ ပြန်ပေါ်မလာအောင်လည်း ကြိုးစားရမယ်။ တားဆီးကြရမယ်။ အားလုံးရဲ့ တာဝန်ပဲ။ အခုတောင် ကြောင်တို့တွေဟာ အရည်ခွံလဲထားတဲ့ စစ်အာဏာရှင်ရဲ့ အစွယ်အပွားနဲ့ စခန်းသွားနေကြရတာဖြစ်တယ်။ ၂၀၁၅မှာ လုပ်မယ့် အထွေထွေရွေးကောက်ပွဲ ကျရင်တော့ စစ်အာ ဏာရှင်စနစ်ဆိုတာကို အမြစ်ပါမကျန်အောင် နှုတ်ပစ်နိုင်ဖို့ မျှော်လင့်မိတယ်။

အဲဒီလို စစ်အာဏာရှင်စနစ်ကို လူတိုင်းမုန်းသင့် ဆန့်ကျင်သင့်ပေမယ့် စစ်အာဏာရှင်စနစ်နဲ့ စစ်တပ်ကိုတော့ ကွဲကွဲပြားပြားဖြစ်အောင် ရှုမြင်သင့်ပြီလို့ ယူဆမိပါတယ်။ စစ်အာဏာရှင်စနစ်နဲ့ စစ်တပ်ကို ခွဲခြား မမြ င်ရင် စစ်တပ်ထဲက တပ်မတော်သား စစ်သားတွေရဲ့ ခံစားချက်ကို လျစ်လျူရှုမိ သလို ဖြစ်သွားမှာစိုးတယ်။ စစ်အာဏာရှင်တွေခေတ်ကလည်း စစ်တပ်ရဲ့ အပေါ်ဆုံးက အရာရှိကြီးတွေပဲ ကောင်းစားကြတာပါ။ အောက်ခြေ စစ်သားတွေကတော့ လမ်းဖောက် လိုက်။ မြက်ရှင်း လိုက်။ စစ်တိုက် လိုက်နဲ့ အငတ်ငတ်အပြတ်ပြတ်ပါပဲ။ အခုစစ်အာဏာရှင်ကြီးတွေက ဒီမိုကရေ စီ ဖော်ဆောင် သူကြီးတွေဖြစ်ကုန်တော့လည်း စစ်တပ်က စစ်သားတွေက မူလအတိုင်း မွဲမြဲမွဲ လျက် ငတ်မြဲ ငတ်လျက်ပါပဲ။ ကယ်တင်ရှင်ကြီးတွေထဲမှာ ပါခွင့်မရခဲ့သလို နိုင်ငံတကာက ချီးမွမ်းမှုတွေပြု တာခံနေရတဲ့ ပြုပြင်ပြောင်းလဲလိုသူကြီးများဆိုတာမှာလည်း အောက်ခြေစစ်သားတွေမှာ ပါခွင့်မရပါဘူး။

စစ်အာဏာရှင်စနစ်ကို သရော်ပါ။ စစ်အာဏာရှင်တွေကို မုန်းပါ။ စစ်အာဏာရှင်စနစ် ဘယ်တော့မှ ပြန်မ လာနိုင်အောင် အားထုတ်ပါ။ ကာကွယ်ပါ။ တားဆီးကြပါ။ လက်ရှိ တပ်မတော်ထဲမှာရှိတဲ့ ရိုးသားတဲ့ တပ်မတော် သားတွေကိုတော့ အကြောင်းမဲ့ စိတ်ထိခိုက်အောင် မပြောသင့်ဘူးလို့ ကြောင်မြင်မိပါတယ်။ အဲဒီလိုဆိုရင် ကြောင့်ကိုရော စစ်ခွေးလို့ ခေါ်ကြဦးမှာလား။

မြန်မာနိုင်ငံမှာ စစ်တပ်ဆိုတာ သူ့နေရာနဲ့သူ ရှိကို ရှိနေရမယ့် အဖွဲ့အစည်းဖြစ်ပါတယ်။ တပ်မတော်သား၊ စစ်သားတွေဟာ သူ့တာဝန်ကို သူသိပြီး တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခွင့်ရဖို့ လိုအပ်ပါတယ်။ လူ့စည်း ဘီလူး စည်း ကွဲပြားကြရပါမယ်။

အုပ်ချုပ်ရေး၊ တိုင်းပြည်ထူထောင်ရေးတွေဟာ အရပ်ဘက် ပညာရှင်တွေရဲ့ အလုပ်ဖြစ်သလို၊ နိုင်ငံတော် ကာကွယ်ရေးအ လုပ်တွေဟာစစ်သားတွေရဲ့အလုပ်။ တပ်မတော်ရဲ့အလုပ်။ စစ်တပ်ရဲ့ အလုပ်ဖြစ်ပါတယ်။ စစ်တပ်နဲ့ စစ်အာဏာရှင်ကို ရောထွေးရှုံ့ချနေကြမယ်ဆိုရင်၊ စစ်အာဏာရှင်ရှိတုန်းက မပြောရဲခဲ့ တာတွေ ကို မဖမ်းတော့ဘူးဆိုတာ သေချာတဲ့ ခုခေတ်ကျမှ စစ်တပ်အပေါ် ဖိပြီး စောင်းမြောင်းပြော ဆိုနေကြမယ်ဆိုရင် ဘယ်သူမှ အကျိုးရှိမယ် မဟုတ်ဘူးလို့ မြင်မိပါတယ်။


From:မဟာကြောင်

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...