Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဗြိတိန် အောက်လွှတ်တော် ဥက္ကဋ္ဌ လာမည်

$
0
0
ဗြိတိန် အောက်လွှတ်တော် ဥက္ကဋ္ဌ လာမည်









မြန်မာ့နိုင်ငံရေးကို အထူးစိတ်ဝင်စားသူ ဖြစ်သည့် ဗြိတိန် အောက်လွှတ်တော် ဥက္ကဋ္ဌ မစ္စတာ ဂျွန်ဘာကိုသည် မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ် လာရောက်မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ၏   ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။ မစ္စတာ ဂျွန်ဘာကိုသည် မြန်မာ့နိုင်ငံရေးကို အထူးစိတ်ဝင်စားသူ ဖြစ်ပြီး နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဗြိတိန်နိုင်ငံသို့ ရောက်ရှိစဉ် ကလည်း မြန်မာ့အရေးကို အချိန်အတော်ကြာ ဆွေးနွေးခဲ့ကြောင်း ၎င်းကရှင်းပြသည်။

 မြန်မာနိုင်ငံ၌ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေဆဲဟု ယူဆထားသော မစ္စတာဂျွန်ဘာကိုသည် ထိုင်း-မြန်မာ နယ်စပ်တွင်သာ လည်ပတ်ဖူးပြီး မြန်မာနိုင်ငံသို့ ယခင်ကလာရောက် လည်ပတ်ခြင်း မရှိဖူးကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးဌေးဦးက ပြောကြားသည်။   မြန်မာနိုင်ငံကို လာရောက်မည်ဟု ပြောဆိုထားသော်လည်း လာရောက် လည်ပတ်မည့် အချိန်အတိအကျ ကိုမူ မသိရှိသေးကြောင်း ဦးရဲထွဋ်က ဆိုသည်။

ကွန်ဆာဗေးတစ်ပါတီ အမတ်တစ်ဦးဖြစ်သော မစ္စတာဂျွန်ဘာ ကိုသည် ဗြိတိန် အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ၂၀၀၉ ခုနှစ်တွင် ရွေးချယ်ခံခဲ့ရပြီး အောက်လွှတ်တော် သက်တမ်းနှစ်ပေါင်း ၃၀၀ ကျော်အတွင်း ပထမဆုံး ဂျူးလူမျိုး အောက်လွှတ်တော် ဥက္ကဋ္ဌ ဖြစ်သည်။
FromThe Voice

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>