Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ငွေ ၁၀ သိန်းစီဖြင့် ခေါင်းဖြတ် လူသတ်ခဲ့သူများ စရန် တစ်သိန်းစီသာ ရပြီး အဖမ်းခံရ

$
0
0

တွံတေးမြို့နယ် ကြည်တန်းကျေးရွာ ကွမ်းခြံ စိုက်ခင်း အတွင်း အသက် ၅၇ နှစ်အရွယ် ဒေါ်သန်းစိန်(ခ) ဒေါ်သန်းမြင့် ခေါင်းဖြတ် အသတ်ခံရမှုတွင် ပြစ်မှု ကျူးလွန်ခဲ့သည်ဟု ယူဆရသည့် လူ နှစ်ဦးမှာ ငွေကျပ် ၁၀ သိန်းစီ ရမည်ဟု ဆို၍ လူသတ်ရန် သဘောတူ ခဲ့သော်လည်း စရန်ငွေ တစ်သိန်းစီသာ လက်ခံ ရရှိသေးသည်ဟု ထွက်ဆိုခဲ့ကြောင်း တွံတေးမြို့နယ် ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

လူသတ်မှုတွင် ကိုယ်တိုင် ပါဝင်ခဲ့ပြီး ထိုနှစ်ဦးကိုလည်း စေခိုင်းသူ ကိုထူးနိုင်၏ ဖခင်ဖြစ်သူ ဦးစိုးမြင့် သည် အသတ်ခံရသူ ဒေါ်သန်းစိန်ထံမှ မြေ ၈ ဒသမ ၆ ဧကခန့်ကို ယခင်နှစ်က ဝယ်ယူခဲ့ကြောင်း၊ ယခု လယ်မြေဈေး တက်လာသောကြောင့် ပိုက်ဆံ ထပ်မံ ရလိုသည်ဟု လာရောက် ပြောကြားသော အခါ မတရားလုပ်သည်ဟု ထင်မြင်မိသည့်အတွက် တွံတေးမြို့နယ် ဘုရားငုတ္တို ကျေးရွာတွင် နေထိုင်သူ သူရင်းငှား ဦးဇော် (ခ) အရှည်ကြီးနှင့် ဦးထွန်းမင်းလတ် (ခ) မောင်ထွန်း (ခ) ထော်ကြီး တို့ကို ငွေ ၁၀ သိန်းပေး၍ လူသတ်ရန် ခိုင်းစေခဲ့သည်ဟု ကိုထူးနိုင်က ရဲစခန်းတွင် ထွက်ဆိုခဲ့ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရှိရသည်။

အသတ်ခံရသူ ဒေါ်သန်းစိန်သည် ကိုထူးနိုင်၏ ဖခင်ဖြစ်သူ ဦးစိုးမြင့် (ခ) ပသီနှင့် လယ်မြေကိစ္စ အငြင်းပွားလျက် ရှိသော်လည်း လက်ရှိ ဖမ်းဆီးရမိသူများနှင့် မည်သည့် ရန်ငြိုးရန်စမျှ မရှိခဲ့ဖူး ကြောင်း၊ ၂၀၁၂ ခုနှစ် နှစ်ဦးပိုင်းက မိမိပိုင်ဆိုင်သည့် လယ်မြေ ၁၀ ဧကခန့်ကို ဦးစိုးမြင့်ထံတွင် တစ်ဧကလျှင် ရှစ်သိန်းခွဲနှုန်းဖြင့် ပေါင်နှံခဲ့သော်လည်း ယခု ၎င်းလယ်များကို ပြန်လည် ရွေးယူမည်ဟု ဆိုရာတွင် ပြန်လည် ပေးအပ်ခြင်း မရှိကြောင်း၊ ယခု ကာလပေါက်ဈေးမှာ တစ်ဧကလျှင် သိန်း ၄၀ မှ ၅၀ ထိ ရှိသဖြင့် လယ်မြေကို ယူဆောင်၍ ငွေအနည်းငယ် ထပ်ဆောင်း ပေးစေလိုသည်ဟု ဦးစိုးမြင့် ထံတွင် သေဆုံးသူ ဒေါ်သန်းစိန်က တစ်ကြိမ် သွားရောက် တောင်းခံခဲ့ပြီး မိမိကိုယ်တိုင်လည်း တစ်ကြိမ် သွားရောက် တောင်းခံ ခဲ့ဖူးကြောင်း၊ သို့သော် မည်ရွေ့ မည်မျှမှ မရခဲ့သည့်အတွက် ဆက်လက် တောင်းဆိုခြင်း မပြုတော့ကြောင်း သေဆုံးသူ၏ ခင်ပွန်းဖြစ်သူ ဦးကြီးမောင်က The Voice သို့ ပြောကြားသည်။

အဆိုပါ လယ်များကို ဦးကြီးမောင် ငွေကြေး အလွဲသုံးစားမှုဖြင့် အကျဉ်းထောင် ကျခံနေသည့် ၂၀၁၂ ခုနှစ်တွင် ၎င်း၏ ဇနီးဖြစ်သူ စိုက်ပျိုးစရိတ် ချေးငွေ၊ ဓာတ်မြေသြဇာဖိုး ငွေများ ပေးဆပ်ရန် ငွေ မလုံလောက်သဖြင့် ဦးကြီးမောင်၏ ခွင့်ပြုချက်ဖြင့် အချုပ် အတွင်းသို့ သွားရောက်၍ လက်မှတ်နှင့် လက်ဗွေများ ရယူကာ လယ်မြေ လုပ်ပိုင်ခွင့်ကို ဦးစိုးမြင့်၏ဇနီး ဒေါ်မြင့်သိန်း နာမည်ဖြင့် လယ်လုပ်ကိုင်ခွင့် ပြုခဲ့ကြောင်း၊ ဒေါ်မြင့်သိန်းထံတွင် ရောင်းချသည်ဟု သိရှိခဲ့သော်လည်း ၎င်းတို့ မည်မျှ တန်ဖိုးနှင့် ရောင်းဝယ်ခဲ့သည်ကို မသိရှိခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ် နှစ်ဦးပိုင်းတွင် လယ်မြေ တစ်ဧက ဈေးနှုန်းမှာ ရှစ်သိန်း၊ ကိုးသိန်းခန့်သာ ပေါက်ဈေးရှိခဲ့ကြောင်း အဆိုပါ ကျေးရွာ၏ အုပ်ချုပ်ရေးမှူး ဦးသိန်းတန်က ပြောကြားသည်။

အခင်းမဖြစ်မီ လအပိုင်းအခြားခန့်က ထင်းစုကျေးရွာမှ ဦးစံလင်းက ၎င်းလယ်မြေ ကိစ္စကို မှန်မှန်ကန်ကန် ဆောင်ရွက်ပေးပါက မိမိအတွက် အကျိုးများစွာ ရှိနိုင်သည်ဟု ဝင်ရောက် စွက်ဖက် ပြောကြားခဲ့ဖူးကြောင်း၊ ဦးကြီးမောင်က မိမိထံသို့ မြေယာ ကိစ္စများကို အမှန်အတိုင်း ကူညီ ဆောင်ရွက်ပေးရန် စာတစ်စောင် ပေးပိုခဲ့ပြီး ဦးစိုးမြင့်ထံသို့ သုံးရက်အတွင်း လယ်ပြန်ပေးရန် စာတစ်စောင် ပေးပို့ခဲ့ကြောင်း၊ သို့သော် အခင်းဖြစ်ပွားမှုမှာ ၎င်းတို့ချင်း မည်ကဲ့သို့ မကျေမနပ်ဖြစ်၍ လူသတ်သည်လောက်ထိ ဖြစ်သွားသည်ကို မသိရှိကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

ဇူလိုင်လ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က သေဆုံးသူ ဒေါ်သန်းစိန် ( ခ ) ဒေါ်သန်းမြင့်မှာ နေအိမ်အနီး ကွမ်းခြံတွင်းသို့ အလုပ် သွားရောက် လုပ်ကိုင်ခဲ့ပြီး ညနေပိုင်းတွင် အိမ်နီးချင်းဖြစ်သူ မတင်တင်မိုး ရောက်ရှိလာကာ ဒေါ်သန်းစိန်ကို မေးမြန်းသဖြင့် သားဖြစ်သူမှ ကွမ်းခြံအတွင်းသို့ သွားသည်ဟု ပြောပြခဲ့ကြောင်း၊ မတင်တင်မိုးမှာ ကွမ်းခြံအတွင်းသို့ ရောက်ရှိစဉ် ဒေါ်သန်းစိန်ကို ဦးခေါင်း ပြတ်လျက်နှင့် တွေ့ရှိခဲ့ပြီး ၎င်း၏ ဦးခေါင်းကို ၁၀ ပေခန့်အကွာ ရေထဲတွင် တွေ့ရှိခဲ့ကြောင်း၊ အဆိုပါ အမှုကို (ပ) ၆၃/၁၃၊ ပြစ်မှု ပုဒ်မ- ၃၀၂ ဖြင့် ပြစ်မှု ကျူးလွန်သူဟု ယူဆရသည့် တရားခံ သုံးဦးကို ဖမ်းဆီး စစ်ဆေးဆဲဖြစ်ကြောင်း ခလောက်ချိုက် နယ်မြေ ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

တောင်ငူခရိုင် ဖြူးမြို့နယ်၊ သပြေလှ ကျေးရွာ၊ မိုင်တိုင် အမှတ် ၁၄၀/၁ ဇဟား ချောင်းကူး တံတား အောက်တွင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်းက အသက် ၃၀ အရွယ်ခန့်ရှိ အမျိုးသမီး၏ ဦးခေါင်းပြတ် ခန္ဓာကိုယ်ကို ပီနံအိတ်နှင့် ထည့်ကာ စွန့်ပစ်ခဲ့ပြီး ယင်းနေရာနှင့် နှစ်မိုင် အကွာတွင် ဦးခေါင်းတစ်ခုကို တွေ့ရှိခဲ့ကြောင်း၊ အဆိုပါ ခေါင်းပြတ် သေဆုံးမှုနှင့် ပက်သက်၍ သေသူ၏ လက်ဗွေရာကို မေလ ၂၀ ရက်နေ့မှ စတင်ကာ ခရိုင် မှုခင်းတပ်ဖွဲ့ (C.I.D) နှင့် တောင်ငူခရိုင် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန (လ.ဝ.က) များရှိ အမျိုးသမီးများ၏ မှတ်ပုံတင် လက်ဗွေရာများနှင့် တိုက်ဆိုင် စစ်ဆေးခဲ့သော်လည်း သေဆုံးသူမှာ ယနေ့ထိ မည်သူ မည်ဝါ ဖြစ်ကြောင်း စုံစမ်း မရသေးပေ။

From:The Voice

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>