Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

စာချုပ်သစ်အတိုင်း ကြေးနီစီမံကိန်း ကို အကောင်အထည်ဖော်မယ်လို့ ဝမ်ပေါင်ကုမ္ပဏီ ကတိပြု

$
0
0

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စာချုပ်သစ်မှာ ပါတဲ့အတိုင်း တရုတ်ဝမ်ပေါင်ကုမ္ပဏီအနေနဲ့ လေးစား လိုက်နာသွားမှဖြစ်ပြီး စာချုပ်ပါအချက်လက်တွေအတိုင်း အကောင်ထည်ဖော်   ဆောင်ရွက်သွား မယ်လို့ ဝမ်ပေါင်ကုမ္ပဏီမှ မန်းနေးဂျင်းဒါရိုက်တာ မစ္စတာ Gen Yi ဂန်းယီ က ဒီကနေ့မှာပြောကြားလိုက်ပါတယ်။
 
နေပြည်တော် သတ္တုန်ကြီးဌာနရုံးအဆောက်အုံ မှာ ကျင်းပတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံ ကိန်း စာချုပ်သစ်နဲ့ ပတ်သက်ပြီးပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာ Gen Yi က စကားပြန်က တဆင့် ခုလို ပြောကြားလိုက်တာပါ
စာချုပ်သစ်အရ ဝမ်ပေါင်ကုမ္ပဏီအနေနဲ့ တာန်သိ ရင်းနှီးမြှပ်နှံမှုလုပ်ငန်းတွေကို ဦးစားပေးလုပ်ကိုင် သွားမှာဖြစ်ပြီး အသားတင်အမြတ်ငွေတွေထဲက တနှစ်ကို ၂ ရာခိုင်နှုန်းအထိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အတွက် အသုံးပြုသွားမယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ကြေးနီထုတ်လုပ်မှု မစတင်ခင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် အမေရိကန် ဒေါ်လာ ၁ သန်း လှူဒါန်း သွားမှာဖြစ်တယ်လို့ သိရပါတယ်။ စာချုပ်အသစ်အရ မြန်မာအစိုးရက ၅၁ ရာခိုင်နှုန်း၊ တရုတ်ဝမ်ပေါင် ကုမ္ပဏီက ၃ဝ ရာခိုင်နှုန်းနဲ့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က ၁၉ ရာခိုင်နှုန်းစသဖြင့် အမြတ်ငွေရဲ့ အချိုးကျခွဲဝေယူမယ် လို့ သိရပါတယ်။ စာချုပ်ကို တရုတ်ဝမ်ပေါင် ကုမ္ပဏီ၊ မြန်မာ့ စီးပွားရေးဦးပိုင် လီမိတက်၊ မြန်မာအစိုးရရဲ့ သတ္တုတွင်း ဝန်ကြီးဌာနတို့အကြား ချုပ်ဆိုခဲ့တာဖြစ်ပြီး သတ္တုတွင်းဝန်ကြီးဌာနက လက်မှတ်ရေးထိုးခ အမေရိကန်ဒေါ်လာ ၅ သန်း ရရှိမယ်လို့လည်း သိရပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံ စာပါ အကြံပြု ချက် အတိုင်း အရင်ကစာချုပ် ကို အသစ်ပြန်လည်ချုပ်ဆိုလိုက် တဲ့အကြောင်း မနေ့ကကျင်းပ တဲ့ ပြည်ထောင် စုလွှတ်တော် အစည်းအေးမှာ သတ္တုတွင်း ဝန်ကြီးဌာနအပါအင် တာန်ရှိ သူတွေက လာရောက်ရှင်းလင်းတင်ပြခဲ့ပါတယ်။ 
From:RFA

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


TTA Oreo Gapp Installer


ထိုင်း-မြန်မာ နယ်စပ် ပဋိပက္ခ (၂၀၀၃)


အစ်ကိုအရင်းက ညီမကို မူးလာတိုင်း ဓါးထောက်မုဒိန်းကျင့် ဗိုက်ထွက်လာမှသိရ


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တိတ်တိတ်ပုန်း မုန့်ဖိုးပေးတဲ့အကျင့်လေး စပြင်လိုက်ကြရအောင်


မနောမယအိမ်ခြံမြေရောင်းနည်း


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ဆရာလွတ် အင်္ဂလိပ်စာရေးနည်း နှင့် Essay, Letter စာအုပ်


သင်္ကြန်မှာ မုန့်လုံးရေပေါ် စတုဒီသာ ဒါနပြုမယ်


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


၂၀၁၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွေ့အကြုံမှသည် အနာဂတ် နယ်စပ်ပညာရေး...


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


တာနောယက္ခ


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>