Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ယခုလ ၁၅ဝဝ ဂျီ ဆက်သွယ်ရေး တံဆိပ်ဖြင့် ရောင်းမည်

$
0
0

ယခုလရောင်းမည့် ကျပ်ထောင့်ငါး ရာတန် ဂျီဖုန်းအား MPT တံဆိပ်ဖြင့် ရောင်းမည်ဖြစ်ပြီး ကတ်ပျောက်လျှောက် ထားမှုကို တိုင်းမန်နေဂျာ ရုံးများ တွင်သာ ဆောင်ရွက် ရမည်ဟု မြန်မာ့ ဆက်သွယ် ရေးလုပ်ငန်းမှ သိရသည်။ ''ဆက်သွယ်ရေး တံဆိပ်နဲ့ ရောင်း တယ်ဆိုပေမယ့် ဖုန်းကတ်ေ ပျာက်တာကို တော့ တိုင်းမန်နေဂျာ ရုံးတွေကပဲ ဆောင်ရွက်မှာပါ။ MEC ဖုန်းတွေ လျှောက်ရသလို မျိုးပဲ နှုန်းထားလည်း မပြောင်းလဲပါဘူး'' ဟု မြန်မာ့ ဆက်သွယ် ရေးလုပ်ငန်းမှ အင်ဂျင်နီယာ မှူးတစ်ဦး က ပြောသည်။

မိုဘိုင်းဖုန်း ဆင်းကတ်ပျောက်ဆုံး မှုကို ကျပ်နှစ်သောင်းနှုန်းဖြင့် ဆောင် ရွက်ပေးကြောင်း၊ ကျပ်ထောင့်ငါးရာတန် ဖုန်းမှလွဲ၍ ကျန်ရှိသည့် မိုဘိုင်းဖုန်းများ ကို ဆက်သွယ်ရေး ရုံးများတွင် ဆောင် ရွက်ပေးကြောင်း ၄င်းက ဆက်လက် ပြောသည်။ ''အင်တာနက် လျှောက်ထားမှုကို လည်း တိုင်းမန်နေဂျာ ရုံးတွေက ပဲ ဆောင်ရွက်ပေးမှာပါ။ အရင်ရောင်းချ ထားတဲ့ ဖုန်းတွေလိုမျိုး ဆက်သွယ်ရေး ရုံးတွေမှာလျှောက်လို့ မရပါဘူး'' ဟု ၄င်းက ဆက်ပြောသည်။

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း သည် ယခုလမှစ၍ ကျပ်ထောင့်ငါးရာ တန်ဂျီဖုန်း နှစ်သိန်းကို စတင်ရောင်းချ မည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး တွင် အလုံးရေ ရှစ်သောင်းကျော် ချထားမည် ဖြစ်ကြောင်း၊ ယင်းအပြင် ယခင်ရောင်းချ လျက်ရှိသည့် MECတံဆိပ် CDMA 800 MHz ဖုန်းကိုလည်း အလုံးရေ တစ်သိန်းခွဲ ဆက်လက်ရောင်းချပေးမည် ဖြစ်ပြီး ရန်ကုန်တွင် တစ်သောင်းလေး ထောင်ကျော် ချထားပေးမည် ဖြစ် ကြောင်း သိရသည်။

အဆိုပါ ဖုန်းများကိုလည်း ယခင် ရောင်းသည့်ပုံစံအတိုင်း ရပ်ကွက်အုပ် ချုပ်ရေးမှူးရုံးများမှတစ်ဆင့် လျှောက် ထားရမည်ဖြစ်ပြီး ကတ်ချိုးပြီး ၁၅ ရက်အတွင်း ငွေဖြည့်သွင်းခြင်းမရှိပါက အလိုအလျောက် လိုင်းပိတ်မည်ဖြစ် သည်။ ၄င်းအပြင် MEC ကဲ့သို့ နှစ်လ အတွင်း ကျပ်ငါးထောင်ကုန်အောင် မ သုံးစွဲပါကလည်း ကျပ်ငါးထောင်အထိ အလိုအလျောက် ဖြတ်တောက် မည်ဖြစ် ကြောင်း သိရသည်။

From:Popular

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


စပါးရောဂါများ


မန္တလေးအကြမ်းဖက်ရမ်းကားမှုအတွင်းအပြစ်မဲ့ မွတ်စ် လင်မ် တစ်ဦး ရက်ရက် စက်စက်...


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ရိုးရာမပျက် ဆင်ကာနွှဲ အာခါတိုင်းရင်းသားတို့ရဲ့ နှစ်သစ်ကူးပွဲ ( သတင်းဆောင်းပါး )


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အမွေကိစ္စ အမြန် အဆင်ပြေစေသောယတြာ


ညီမဖြစ်သူကို ဦးလေးအရင်းမှ ..သားမယားကျင့်နေပုံကို မြင်တွေ့ခဲ့ရတဲ့အစ်မ...


Sao Kun Hoo (2012) 18+


ဗြိတိန်မှာ သံရုံးကြီးဆောက်မယ့်တရုတ်နဲ့ လုံခြုံရေးစိုးရိမ်ချက်တွေ


ပွဲကျောင်းသိုင်းပညာဆိုတာ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>