Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဦးဝီရသူ တရားပွဲအနီး ဗုံးကွဲမှု မသင်္ကာသူများကို စစ်ဆေး

$
0
0
ဦးဝီရသူ တရားပွဲအနီး ဗုံးကွဲမှု မသင်္ကာသူများကို စစ်ဆေး 


















မန္တလေး မြို့တော်တွင် ဇူလိုင်လ ၂၁ ရက်နေ့ညက မျိုးစောင့် ဥပဒေ ဦးဆောင် ရေးဆွဲသည့် ဦးဝီရသူ တရားဟောကြားသည့် တရားပွဲအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွား ခဲ့ခြင်းကြောင့် မသင်္ကာဖွယ်ရာ အခြေ အနေ ရှိ သူများကို စုံစမ်း စစ်ဆေးလျက် ရှိပြီး စစ်ဆေးနေသည့် လူအရေအတွက် ကိုမူ ပြောဆိုနိုင်ခြ င်း မရှိသေးကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ရဲမှူး စိုးငြိမ်းက ပြောကြားသည်။

ယင်းအပြင် မန္တလေးမြို့ အဝင်၊ အထွက် ထူးခြားမှု များကိုလည်း စောင့်ကြည့် လျက်ရှိကြောင်း ၎င်းက ဆိုသည်။ မန္တလေးတိုင်း ဒေသကြီး၊ မဟာအောင်မြေ မြို့နယ်၊ ရတနာဘုမ္မိ အနောက် ရပ်ကွက်တွင် ဇူလိုင်လ ၂၁ ရက်နေ့ ည ၉ နာရီခန့်က ဆရာတော် ဝီရသူ တရားဟောနေစဉ် သံကြွပ်စ ထည့်သွင်း ပြုလုပ် ထားသည့် လက်လုပ် ဗုံး ပေါက်ကွဲခဲ့မှုကြောင့် ငါးဦး ဒဏ်ရာရခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ မှတ်တမ်းများ အရ သိရသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် ဘာသာရေး အသွင်ဆန်ဆန် အကြမ်းဖက်မှုများ မဖြစ်ပွားစေလိုကြောင်း မန္တလေးမြို့တွင် ဖြစ်ပွားသော ပဋိပက္ခ ကာကွယ် တားဆီးရေး လုပ်ငန်းများ၌ ပါဝင် ဆောင်ရွက်နေသူ တစ်ဦးက ပြောကြား သည်။ “ည ၈ နာရီခွဲ ကျော်ကျော်လောက်မှာ တရားဟောနေတဲ့ ပလ္လင်အောက် ကနေ မီးခိုးတွေနဲ့ အသံ ထွက်လာတာ။ ဗုံးပေါက်ပြီးစတုန်းက မူးသွားတာ။ အခုဗုံးစ ခွဲထုတ်ရမှာ။ နောက်မှ အရိုးဆေးရုံကြီးကို ပြောင်းရမှာ” ဟု ယင်းဗုံးပေါက်ကွဲ မှုကြောင့် ဝဲဘက် ခြေသလုံးတွင် ဒဏ်ရာ ရရှိသဖြင့် မန္တလေး ဆေးရုံကြီး ပြင်ပလူနာ ဌာန၌ တက်ရောက် ကုသနေသော ဒေါ်အေးအေးခင်က ပြောကြားသည်။
ဗုံးကွဲမှုကြောင့် ဒဏ်ရာရ သူများကို ဝီရသူက တစ်ဦးလျှင် ကျပ်ငါးသောင်း ထောက်ပံ့ပေးခဲ့ကြောင်း ဆရာတော် ဝီရသူက မိန့်ကြားသည်။ မဟာအောင်မြေမြို့နယ် ရတနာဘုမ္မိ အနောက် ရပ်ကွက်၊ ၃၆ လမ်း၊ (၈၄ x ၈၅) လမ်းကြား၊ အေးမေတ္တာ ဆေးခန်းရှေ့ လမ်းဘေးတွင် ရပ်ထားသည့် ယာဉ်ပိုင်ရှင် ဒေါက်တာ တင်မြင့်၏ ၇က/၃၀၂၀ တိုယိုတာ ကိုရိုလာ အဖြူရောင်ယာဉ် အနီးမှ ဇူလိုင်လ ၂၁ ရက်နေ့ ည ၉ နာရီခန့်က ဗြောက်အိုး ကွဲသံကဲ့သို့ အသံဖြစ်ပေါ်ပြီး ယာဉ်၏ နောက်ဘီး နှစ်ဘီးနှင့် ရှေ့ယာဘက် ဘီးတို့ ဘီးပေါက်ခဲ့ကြောင်း အဆိုပါ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံး မှတ်တမ်းများအရ သိရသည်။

အထက်ပါ ယာဉ်အနီးမှ သံကြွပ်စငယ် လေးခု၊ ယာဉ်၏ ယာဘက် နောက် တံခါးတွင် အစငယ်အချို့ ထိမှန်ထားသော အရာ လေးချက်ခန့် တွေ့ရှိရပြီး အစ ထိမှန်ခြင်းကြောင့် ယာဉ်အောက်ရှိ ဆီတိုင်ကီ အနည်းငယ်ပေါက်ကာ ဆီယိုစိမ့်ခဲ့ကြောင်း အခင်းဖြစ်ပွားသည့် နေရာ အနီးတွင် ရှိနေသူများက ဆိုသည်။ “ပေါက်သံ ကြားလိုက်တော့မှ ထွက်ကြည့်တာ။ မီးခိုးငွေ့တွေ မြင်ရတယ်။ လူတွေ စိတ်ပူမှာစိုးလို့ ကား ဘီးပေါက်တယ်လို့ ပြောရတယ်” ဟု ယာဉ်ပိုင်ရှင် ဒေါက်တာတင်မြင့်က ပြောကြားသည်။

အဆိုပါ ပေါက်ကွဲမှု နေရာနှင့် ကိုက် ၂၀ အကွာတွင် ပုညကာရီဘုံ ဆွမ်းလောင်းအသင်းမှ ကျင်းပသည့် တရားပွဲတွင် ဆရာတော် ဦးဝိစိတ္တာဘိဝံသ (ခ) ဦးဝီရသူသည် ည ၈ နာရီ ၄၅ မိနစ်တွင် စ၍ တရား ဟောကြားခဲ့ပြီး ည ၁၀ နာရီ အချိန်တွင် ပြီးဆုံးခဲ့သည်။ ဦးဝီရသူသည် မန္တလေး မစိုးရိမ်ကျောင်းတိုက်မှ ဆရာတော် တစ်ပါးဖြစ်ပြီး ၂၀၁၃ ဇူလိုင်လ ၁ ရက်ထုတ် တိုင်းမ် မဂ္ဂဇင်းက ဗုဒ္ဓဘာသာဝင်များ ဆိုးသွမ်းနေသောအခါဟု အဓိပ္ပာယ်ရသည့် ဆောင်းပါးကို ဦးဝီရသူ မျက်နှာဖုံး ပုံတင်၍ The Face of Buddhist Terror ဟု ဖော်ပြခြင်းခံရသည့် သံဃာတစ်ပါး ဖြစ်သည်။

ယင်းသို့ ဖော်ပြခြင်း အတွက် နိုင်ငံတော် သမ္မတရုံး အပါအဝင် ပြည်တွင်း ဘာသာရေး အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များက တိုင်းမ် မဂ္ဂဇင်းကို ကန့်ကွက် ခဲ့ကြသည်။ ဇူလိုင်လ ၇ ရက်နေ့က အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် ဗုဒ္ဓဂယာ၌ ဗုံးကိုးလုံး ဆက်တိုက် ပေါက်ကွဲမှု ကြောင့် မြန်မာ သံဃာ တစ်ပါး အပါအဝင် ငါးဦး ဒဏ်ရာ ရရှိပြီး နောက်ပိုင်း ရန်ကုန်နှင့် မန္တလေးမြို့ရှိ လူအများအပြား လာရောက်သည့် ဘုရား စေတီများတွင် လုံခြုံရေး အစီအစဉ်များ တိုးမြှင့်ပြီး ယင်းနေရာများ အပါအဝင် လုံခြုံရေး တိုးမြှင့်မှုများ ပြုလုပ်ထားသည်။
From:ရိုးရာလေး

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>