Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မန္တလေးမြို့ ဆရာတော် ဦးဝီရသူ တရားပွဲတွင် ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး CCTV ကင်မရာ မှတ်တမ်းအရ မသင်္ကာသူနှစ်ဦးကို စစ်ဆေးလျက်ရှိ

$
0
0
cctv-july24

မန္တလေးမြို့ရှိ ရတနာပုံ ဒိုင်းမွန်းပလာဇာတွင် CCTV ကင်မရာ တပ်ဆင်ထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-မင်းသန့်)

မန္တလေးမြို့၊ ဇူလိုင် ၂၁ ရက်ညက မဟာအောင်မြေမြို့နယ်၊ ရတနာဘုမိ အနောက်ရပ်ကွက်၊ ၃၆ လမ်း၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြားတွင် ပြုလုပ်ခဲ့သော သဟပုညကာရီဘုံ ဆွမ်းလောင်းအသင်းမှ ငါးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် တရားပွဲကျင်းပခဲ့ရာ ငါးရက်မြောက်နေ့ ဆရာတော် ဦးဝီရသူ တရားပွဲတွင် ပေါက်ကွဲခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး CCTV ကင်မရာ မှတ်တမ်းအရ မသင်္ကာသူ နှစ်ဦးအား စစ်ဆေးလျက်ရှိကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

"ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့နေရာ အနီးမှာ တပ်ဆင်ထားတဲ့ CCTV ကင်မရာ မှတ်တမ်းကိုယူပြီး ခရိုင်ရဲမှူး ဦးစီးအဖွဲ့မှ စိစစ်ဆောင်ရွက်ခဲ့ရာ မသင်္ကာသူတွေကို စိစစ်တွေ့ရှိလို့ ဓာတ်ပုံမှတ်တမ်းများ ထုတ်ယူဆောင်ရွက်ခဲ့တယ်" ဟု ရဲမှူးဦးစိုးညိမ်းမှ ပြောကြားသည်။
"ဒီလို ဆောင်ရွက်ခဲ့ရာမှာ ဇူလိုင် ၂၂ ရက် ညနေ ၃ နာရီမှာ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အနီးမှာ တပ်ဆင်ထားတဲ့ CCTV ကင်မရာ မှတ်တမ်းအရ အခင်းဖြစ် ပတ်ဝန်းကျင်မှာ မသင်္ကာ သံသယဖြစ်ဖွယ် နှစ်ဦးကို ရဲတပ်ဖွဲ့မှူးရုံးမှာ ခေါ်ဆောင်ပြီး စစ်ဆေးနေပါတယ်။ CCTV ကင်မရာမှတ်တမ်းပါ မသင်္ကာသူတွေကိုလည်း တရားခံဖမ်းဆီး ရမိရေးအတွက် ဖော်ထုတ်စိစစ်ဆေးသွားမှာပါ" ဟု ရဲမှူးက ဆက်လက်ပြောကြားသည်။

ဇူလိုင် ၂၂ ရက် ညနေ ၃ နာရီမှာ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အနီးမှာ တပ်ဆင်ထားတဲ့ CCTV ကင်မရာ မှတ်တမ်းအရ အခင်းဖြစ် ပတ်ဝန်းကျင်မှာ မသင်္ကာ သံသယဖြစ်ဖွယ် နှစ်ဦးကို ရဲတပ်ဖွဲ့မှူးရုံးမှာ ခေါ်ဆောင်ပြီး စစ်ဆေးနေပါတယ် . . . . .

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အနီးတွင် နေထိုင်သူ တစ်ဦးက "ပေါက်ကွဲမှု မဖြစ်ပွားခင် ည ၉ နာရီ ကျော်ကျော်လောက်မှာ အင်္ကျီမပါ လူတစ်ဦး ဆိုင်ကယ်တစ်စီးနဲ့ ကားအောက်ကို အရာဝတ္ထုတစ်ခု လှမ်းပစ်သွားတာကို တွေ့လိုက်ရတယ်။ ဆရာတော် ဦးဝီရသူရဲ့ တရားပွဲဆိုတော့ လူများတယ်။ လူများတော့ မထင်မရှားဘဲ တွေ့လိုက်ရတာပါ။ ပေါက်ကွဲမှုက ဆရာတော်ဦး ၀ီရသူရဲ့ တရားပွဲမပြီးခင် ပေါက်ကွဲသွားတာ" ဟု ပြောကြားသည်။

ပေါက်ကွဲမှုကြောင့် ဒေါက်တာတင်မြင့်၏ ၇က/၃၀၂၀ တိုယိုတာ ကိုရိုလာအဖြူရောင် ယာဉ်အနီးမှ ဗြောက်အိုးကွဲသံကဲ့သို့ အသံဖြစ်ပေါ်ခဲ့သည်။ ယာဉ်၏ နောက်ဘီးနှစ်ဘီး၊ ရှေ့ယာဘက်ဘီးတို့ ဘီးပေါက်ခဲ့ပြီး ကားဘော်ဒီ၊ ဆီတိုင်ကီများနှင့် အနီးရှိ လူငါးဦးတို့တွင် လက်လုပ်ဗုံးဟု ယူဆရသော သံကြွပ်စငယ်များ၏ ဒဏ်ရာများ ရရှိခဲ့သည်။

ပေါက်ကွဲမှုဖြစ်စဉ်အား မြို့မရဲစခန်း (မဟာအောင်မြေ) မှ (ပ) ၄၅၉/၂၀၁၃ ပြစ်မှုပုဒ်မ ၂၈၆ အမှုဖြစ်စဉ်သည် အခင်းဖြစ်ရှိလူများ သာမန်/ပြင်းထန်ဒဏ်ရာ ရရှိစေရန်နှင့် လူအများ၏ အသက်အန္တရာယ် ထိခိုက်စေရန် ရည်ရွယ်ပြုလုပ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ပြစ်မှုပုဒ်မ ၂၈၆/၃၃၇/၃၃၈/၃၀၇ တို့ ဖွင့်လှစ်ပြီး ခရိုင်ရဲမှူး ဦးစီးအမှုစစ် အဖွဲ့ဖြင့် ဖွဲ့စည်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ တရားခံ ဖမ်းမိရေးအတွက် မြို့ဝင်/မြို့ထွက်များတွင် မသင်္ကာသူများကို ပိတ်ဆို့စစ်ဆေးမှုများလည်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။

From:Eleven

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


“မှတ်ပုံတင်နှင့် လပေးမှသည် အပေါင်ဆိုင်သို့ ”


TTA Oreo Gapp Installer


မြန်မာဘီယာသံဘူး ကံစမ်းမဲကာလ တဘူးကျပ် ၁၃၀၀ အထိ ဈေးမြင့် လိုအပ်သည့်အရေအတွက်...


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးကြောင့် အကောင်အထည် မပေါ်ခဲ့သော အတိုင်ပင်ခံ...


အိမ်သာထဲ၌ ဆယ်ကျော်သက်အရွယ်ခယ်မလေးကို အဓမ္မကျင့်နေတုန်း ယောက္ခမနဲ့ မိသောအခါ


ကရဝေး စိုက်ပျိုးနည်း


လူရွှင်တော် ဇာဂနာ ပြောကြားသော "နိုင်ငံသားတို့၏ ရပိုင်ခွင့်နှင့်တာဝန်"...


အသိမ်းသန်တဲ့ ဒို့နိုင်ငံ-တက္ကသိုလ်ဘုန်းကြွယ်



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>