Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ရှေးဟောင်းအဆောက်အအုံများ ထိန်းသိမ်းရန် ဂျပန် ကူညီမည်

$
0
0

မြန်မာနိုင်ငံအတွင်းရှိ နှစ်တစ်ရာကျော် သက်တမ်းရှိ ရှေးဟောင်း အဆောက်အအုံများ ထိန်းသိမ်းရန် ဂျပန်နိုင်ငံ Kyoto Institute of Technology (KIT) တက္ကသိုလ်မှ နည်းပညာ အကူအညီများ ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဗိသုကာပညာရှင်များအသင်း ဥက္ကဋ္ဌ ဦးငြိမ်းအောင်က ပြောကြားသည်။ ဇူလိုင်လ ၁၇ ရက်နေ့က ကျင်းပသည့် ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာ (Architectural Heritage Management and Technical Knowledge Transfer Seminar) ဆွေးနွေးပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲ Kyoto Institute of Technology (KIT) တက္ကသိုလ်မှ ပါမောက္ခနှစ်ဦးက နည်းပညာ အကူအညီများ ပေးမည့်အပြင် ယင်းတက္ကသိုလ်သို့လည်း မြန်မာနိုင်ငံမှ သင်တန်းသားများ စေလွှတ်ရန် နားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

 မြန်မာနိုင်ငံတွင် နှစ် ၁၀၀ မှ ၁၅၀ ဝန်းကျင် သက်တမ်းရှိ ရှေးဟောင်း အမွေအနှစ် အဆောက်အအုံများ များစွာ ကျန်နေသေးပြီး စနစ်တကျ ထိန်းသိမ်းပြုပြင်နိုင်ရန် နည်းပညာ၊ ငွေကြေးတို့ လိုအပ်လျက် ရှိကြောင်း ၂၀၁၃ ခုနှစ် ဇူလိုင် ၁၈ ရက်နေ့ထုတ် The Voice သတင်းစာတွင် ဖော်ပြထားပါသည်။ 

From:ခေတ်လူငယ်


www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>