Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

နောက်ကြောင်းပြန် လှည့်ရန်နောက်ကွယ်မှ ကြိုးကိုင်နေသူများ

$
0
0

မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲ လိုမှုများဟာ အလွန်အရှိန်အဟုန် မြန်ဆန်လွန်းတာကြောင့် တာဝန်ယူ ဖြေရှင်း ဆောင်ရွက်ပေးရသူများ အနေနဲ့ လိုက်လို့မမီနိုင်ဖြစ် နေရပါတယ်။ ပွင်းလင်း၍ ထင်သာမြင်သာ ရှိသော လွတ်လပ်စွာ ရေးသားပြောဆို ဆန္ဒထုတ်ဖော်နိုင်သော ကာလကြီးမှာ အရေးကိစ္စများဟာလည်း တစ်ခု မပြီးခင် နောက်တစ်ခုက ပေါ်ပေါက်လာနေတာ ဆက်တိုက်ဆိုသလိုပါပဲ။

ယခုတစ်လော လယ်ယာမြေသိမ်းဆည်းခံရမှု ပြန်ပေးရေးတောင်းဆိုမှုတွေ၊ စုံစမ်းစစ်ဆေးမှုတွေက ထိပ်တန်းရောက်နေပါတယ်။ ယခင်အစိုးရလက်ထက်က အကြောင်းအမျိုးမျိုးကြောင့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်အသီးသီးက နည်းအမျိုးမျိုးနဲ့ ပိုင်ဆိုင်ထားကြတာဖြစ်ပါတယ်။ အခွင့်အရေးရလာတော့ အရင် အစိုးရလက်ထက်တင်မဟုတ်တော့ဘူး၊ အရင့်အရင်က မြေတွေပါ တိုင်ကြတောင်းကြရော။

မြေယာပြန်လိုချင်တဲ့သူတွေထဲမှာ မြေစာရင်းကအတည်ပြုထားသူတွေလည်း
ပါတယ်။ ဘာမှ နားမလည်ဘဲ ဘိုးဘေးစဉ်ဆက် ဓားမဦးချလုပ်ကိုင်ခဲ့သူတွေလည်း ပါတယ်။ သိသိနဲ့ တရားမ၀င်ကျူးကျော် နေထိုင်သူတွေ လည်းပါတယ်။ မြေသိမ်း ဆည်းခံရသူတွေကို နိုင်ငံတော် က မြေကွက် အစားပြန်ပေးလို့ သိမ်းမယ့်မြေမှာ နေရာသွား ဦးတဲ့သူတွေလည်းရှိ တယ်။ မတော်လောဘ တက်ပြီး မြေကွက်ရရှိရေးအတွက် အိမ်ထောင်စု တစ်ခုတည်း ကနေ အိမ်ထောင်တွေခွဲထွက်တာလည်း ရှိတယ်။

မြေယာကိစ္စများ စုံစမ်းစစ်ဆေးပေးသူတွေ၊ ဆွေးနွေးဖြေရှင်း ပေးနေသူတွေ ထဲမှာလည်းအမှန်တကယ် နစ်နာသူ လယ်သမားများအတွက် စေတနာမှန်မှန်နဲ့ စုံစမ်းစစ်ဆေးဖြေရှင်း   ဆွေးနွေးဆောင်ရွက်ပေး သူ တွေလည်းပါတယ်။ အရင်က အပြောမှား၊ အလုပ်မှားတွေကို သင်ပုန်းချေဖို့ ကြိုးစားနေသူတွေလည်း ပါတယ်။ မြေယာပြဿနာများကို လက်နက် သဖွယ်အသုံးချပြီး ကိုယ်ကျိုးစီးပွားအတွက် လုပ်နေသူ၊ နိုင်ငံရေး အမြတ်ထုတ် နေသူတွေလည်းပါတယ်။ ပါတီအဖွဲ့အစည်း အမည်ခံပြီး လယ်သမားအရေး ဆောင်ရွက် ပေးမယ်ဆိုကာ မသိနားမလည်သူများထံမှ ငွေသောင်းဂဏန်းကနေ သိန်းဆယ်ဂဏန်း အထိ လိမ်လည်ရယူ သွားတဲ့ မြေပွဲစားတွေလည်း ရှိတယ်။

ပြည်သူ့အရေး ဖြေရှင်းဆွေးနွေးပေးရာမှာလည်း “ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ” ဆိုပြီး မိမိတို့ရဲ့ ပုဂ္ဂလိက ခံစားချက်များနဲ့ ရောသမမွှေပြီး သတိလက်လွတ်ပြောဆို နေကြတာလည်း တွေ့ရပါတယ်။ ပြဿနာ ရဲ့အရင်းခံကို သေချာဆန်းစစ်လေ့လာခြင်းမရှိဘဲ အများဆန္ဒအရ ဆောင်ရွက်ပေးရမည် ဆိုတဲ့ ပုံစံမျိုးတွေ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာ ကူးစက်ပျံ့နှံ့လာတာဖြစ်ပါတယ်။ ဆန္ဒပြသူ အားလုံးတော့လည်း လယ်သမားအစစ်အမှန် မဟုတ်ကြပါဘူး။

လူထုရဲ့ အများဆန္ဒဆိုပြီး လူတစ်စုအင်အားသုံးပြီး တည်ဆဲဥပဒေများကို ဆန့်ကျင်လို့မရသလို အစိုးရ ကလည်း တည်ဆဲဥပဒေများအတိုင်း ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ယခင်အစိုးရကို အကာအကွယ် ပေးရမှာ မဟုတ်သော်လည်း ယခင်အစိုးရက တည်ဆဲဥပဒေများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခဲ့တာတွေကိုနောက် အစိုးရက တာဝန်ယူ ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။

မြေယာပြဿနာများကို မှန်ကန်စွာကိုင်တွယ်ဖြေရှင်းရန် လိုအပ်မှာဖြစ်ပါတယ်။ နိုင်ငံရေး အမြတ်ထုတ် သူများ၊ ကြားပွဲစားများ၊ သွေးထိုးလှုံ့ဆော်သူများ၊ ဦးဆောင်လှုပ်ရှားသူများကို ဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူရမှာ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ ပြည်သူ့ဆန္ဒဆိုတာကို ဗန်းပြပြီး “ဆိုင်ဆိုင် မဆိုင်ဆိုင် တောင်းသမျှပြန်ပေးပါ” “ပြန်မပေးရင် ဆရာစံအရေးတော်ပုံလို ထွန်တုံးတိုက်ပွဲတွေ၊ ဆန္ဒပြပွဲတွေ ဖြစ်လာလိမ့်မယ်” “ယခင်ဆောင်ရွက်ခဲ့သူတွေကို တရားစွဲထောင်ချပစ်မယ်” စသည်ဖြင့် ပြောဆိုဆွေးနွေး ကာ တစ်လွဲဆံပင်ကောင်းနေခြင်းများမှာလည်း အရုပ်ဆိုးလွန်းလှပါတယ်။

တပ်မတော်တပ်ရင်း/တပ်ဖွဲ့များက သိမ်းဆည်းထားတဲ့ မြေယာများကိုလည်း စိစစ်ပြီး ပြန်ပေးသင့် တာတွေ၊ ပြန်ပေးနိုင်တာတွေပြန်ပေးမယ်လို့ တာဝန်ရှိသူများက ပြောကြားထားပြီးဖြစ်ပါတယ်။ ရသင့်ရထိုက် တာတွေ ကိုလည်း ပြန်ရကြမယ်လို့ ယုံကြည်ပါတယ်။ အရင်အစိုးရအဆက်ဆက် တပ်မတော်နဲ့ တပ်မတော် သားများရဲ့ ခံစားခွင့်(Facility)များကို အပြည့်အ၀မဆောင်ရွက်ပေးနိုင်သေးလို့ တပ်ရင်း/တပ်ဖွဲ့များအနေနဲ့ တပ်ပိုင်မြေပေါ်မှာ ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်နေရတာဖြစ်ပါတယ်။ တပ်မတော်နဲ့ တပ်မတော်သား တွေရဲ့ အခြေခံ ရပိုင်ခွင့်တွေကို အပြည့်အ၀ ဖြည့်ဆည်းပေးဖို့က နိုင်ငံတော်ရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ တပ်မတော် သားတွေရဲ့ အခြေအနေမှန်ကိုမသိရှိဘဲ တပ်မတော်ကို တစ်ဖက်သတ် ဝေဖန်ပုတ်ခတ် တိုက်ခိုက်နေရင်တော့ အလွန်မှားသွားမှာ ဖြစ်ပါတယ်။

ဒီတော့ နက်နဲသိမ်မွေ့တဲ့ မြေယာကိစ္စတွေကို အဆောတလျင်ဆိုတာထက် ဆုံးဖြတ်ချက် မမှားအောင် စီမံဆောင်ရွက်ပေးကြပါ။ မူလပိုင်ရှင်ဆိုတာ ဘယ်သူတွေလဲ၊ တည်ဆဲဥပဒေတွေကို လေး စားကြပါ။ သွေးထိုး လှုံ့ဆော်သူတွေ၊ နောက်ကွယ် ကကြိုးကိုင် နောက်ကြောင်းပြန်လှည့်ချင်သူတွေ ဘယ်နေရာ၊ ဘယ်ဌာန အထိ ရောက်နေကြပြီလဲဆိုတာ သတိမူကြပါ။ မတူတော့တဲ့ခေတ်အခြေအနေမှာ အရေးတော်ပုံ တွေ၊ ထွန်တုံးတိုက်ပွဲတွေ၊ ဆန္ဒပြပွဲဆိုတာတွေကို တာဝန်ရှိသူတွေကိုယ်တိုင် က နှပ်ကြောင်းပေးလို့ ဆူပူ မငြိမ်သက်မှုတွေဖြစ်လာပြီး ထိန်းမနိုင်၊ သိမ်းမနိုင်ဖြစ်လာရင်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတိုင်း ထိန်းသိမ်း နိုင်သူတွေက ၀င်ရောက်ထိန်းသိမ်းပေးသွားမှာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ်ညှိညှိနှိုင်းနှိုင်း၊ ပြေပြေ လည်လည် ဖြစ်စေချင်ပါတယ်။ အားလုံး “အဂတိ” လေးပါးကင်းရှင်းကြပါစေ။


From: မောင်ဘကောင်း

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>