Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

နေရာပြောင်းပါ ၊ စာရင်းရှင်းပါ

$
0
0

ခေတ်မီ တိုးတက် လာတဲ့ ခေတ်ကာလနှင့် အညီ နိုင်ငံ အတွင်းမှာ အခမ်း အနားတွေ၊ နှစ်ပတ် လည်နေ့တွေ၊ အသင်း အဖွဲ့တွေ၊ တွေ့ဆုံ ပွဲတွေ အများ အပြား လုပ်လာကြ တာကို တွေ့ရ မှာ ဖြစ်ပြီး   ကောင်း မွန်တဲ့ လုပ်ဆောင်ချက် အတွက် အမှတ် တရ ဖြစ်စေ ရန်နှင့် အသိ အမှတ်ပြု/ ဂုဏ်ပြု ခြင်းများ အတွက် အဓိကထား ဆောင်ရွက် ကြတာကို တွေ့ရ ပါတယ်။

 ဒါပေမယ့် ၈၈ မျိုးဆက်သစ် ကျောင်းသားများ အဖွဲ့က ဦးစီးပြီး သြဂုတ်လ ၈ ရက်နေ့မှာ ကျရောက်မယ့် ၈၈၈၈ အခမ်းအနား ကျင်းပရေး အတွက် စီစဉ် နေတဲ့ အစည်း အဝေးက ထွက်လာတဲ့ စကားတွေဟာ ကြားရသူ အဖို့ ရင်ထု မနာ ဖြစ်ရတယ်။ ဘာရည်ရွယ် ချက်လဲ၊ ၈၈၈၈ ရဲ့ ကောင်းကွက် ကို ပြောပြပါ ဦး။ နောက်ပြီး အခု ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှာ ခေါင်းဆောင် နေတဲ့ ကောင်တွေ မင်းတို့က ဘာတွေ မို့လို့လဲ၊ နိုင်ငံနှင့် ပြည်သူ့ အကျိုး မပြောနဲ့ ကိုယ့်ရပ်ကွက် အတွက် ဘယ်လောက် လုပ်ပြီးပြီလဲ။ ကုန်ကုန်ပြောမယ် မင်းတို့ မိန်းမတွေ အတွက်ကော ခင်ပွန်း တာဝန် ကျေခဲ့ ရဲ့လား။ နိုင်ငံ့ အခြေ အနေ မပြောနဲ့ မင်းတို့ ထောင်ထဲမှာ ရောက်နေတဲ့ အချိန် မင်းတို့ မိန်းမ တွေရဲ့ အခြေ အနေ မှန်ကော သိရဲ့လား။ ငါးပွက်ရာ ငါးစာ ချလိုတဲ့ မင်းတို့လို ဂဏန်းသွားသွားတဲ့ ကောင်တွေ အတွက် ဆုံဆည်းရာ နှစ်ပတ်လည် လုပ်ချင် တာလား။

ပိုဆိုး တာက ၈၈၈၈ နှစ်ပတ်လည် နေ့မှာ ပြည်တွင်း ပြည်ပမှ တက်ရောက် သူများ တည်းခိုရန် ဆိုပြီး မင်းတို့ အစည်း အဝေးက ဆွေးနွေး ဆုံးဖြတ်ချက် ချထားတာ ပြန်စိစစ်ပါ။ မင်းတို့ အခမ်း အနားကို တက်မဲ့ အလုပ်မရှိ၊ အကိုင်မရှိ ပြည်တွင်း ပြည်ပက သူတွေ တည်းခိုဖို့၊ စားဖို့၊ သောက်ဖို့၊ မဟုတ်တဲ့ နေရာ ပေါင်းစုံ သွားဖို့ လူစု တည်းခိုမည့် နေရာတွေက သင်္ဃန်းကျွန်း မြို့နယ်မှာ ရှိတဲ့ မဂ္ဂင်ကျောင်း၊ ဓမ္မပီ ရကျောင်း၊ ရွှေသိမ်ဓမ္မ သိဂ င်္ီင်္ီင်္ီင်္ီင်္ီကျောင်း၊ မရမ်းကုန်း မြို့နယ် မှာ ရှိတဲ့ ပေါက်စေတီကျောင်း၊ သမိုင်းမြို့မ ပရိယတ္တိ စာ သင်တိုက်၊ ဗဟန်းမြို့နယ်မှာ ရှိတဲ့ သာသနာ့ သိပ္ပံကျောင်း၊ အင်းစိန်မြို့နယ်မှာ ရှိတဲ့ အင်းစိန် မြို့ ဦးကျောင်း၊ တောင် ဥက္ကလာပ မြို့နယ်မှာ ရှိတဲ့ မင်္ဂလာ ရာမ ကျောင်းတွေ တဲ့... ကဲကောင်းကြရောပေါ့။

ဘုန်းကြီး ကျောင်းဆိုတာ လူတိုင်း အထွဋ် အမြတ် ထားတဲ့ နေရာ ဖြစ်တယ် ဆိုတာ မင်းတို့လို ပုစွန် ဦးနှောက်နဲ့ကောင်တွေ မသိကြ ဘူးလား။ မင်းတို့လို ကောင်တွေကြောင့် နိုင်ငံ အတွင်းမှာ ဘာသာ ရေးကို နိုင်ငံရေး ခုတုံး အဖြစ် အသုံးချတာ ခံနေ ရတာ။ ဘုန်းကြီးကျောင်း ဆိုတာ ပရိယတ္တိ၊ ပရိပတ္တိ သာသနာ များကို ပြန့်ပွား ထွန်းကားအောင် ဆောင်ရွက်တဲ့ နေရာတွေပါ... ဟ ... ငနွား တွေရ။ ဘုန်းကြီးကျောင်းမှာ မင်္ဂလာဆောင် ကျင်းပတာ ရှိသလား (ဆွမ်းကျွေးမပါ)။ သာသနာပြု ပုဂ္ဂိုလ် တွေကို မင်းတို့ ခုတုံး လုပ်ပြီး အသုံးချတယ်၊ စည်းရုံးပြီး နိုင်ငံရေးထဲ ထည့်သွင်းတယ်၊ လူမှုရေးထဲ ရောယှက် စေတယ်၊ ငါတို့ ဗုဒ္ဓ ဘာသာကို အရောင် ဆိုးနေတာ မင်းတို့လို ကောင်မျိုးတွေ ရှိနေ လို့ပဲ။

မင်းတို့ ဘာသာ မင်းတို့ ဧည့်သည်တွေကို အခြား နေရာမှာ ထားပါလား။ မင်းတို့ပိုက်ဆံတွေ ဘယ်ရောက် ကုန်ပြီလဲ။ တစ်လောက ကုလား ဆောက်လုပ်ရေး ကုမ္ပဏီတွေဆီက ရထားတဲ့ ငွေတွေ ဘယ်မှာလဲ။ ရခိုင် အရေး၊ ကချင် အရေးကို ဗန်းပြပြီး တောင်းထားတဲ့ ငွေတွေ ဘယ်ရောက် ကုန်ပြီလဲ။  ရခိုင် အရေး၊ ကချင် အရေးမှာလဲ မင်းတို့တွေ သွားလှူတာ မင်းတို့ ရထား တာရဲ့ အပုံ ၂၀ ပုံ တစ်ပုံမရှိ ပါဘူး။ အဲဒီ ကျန်တဲ့ ငွေတွေ ဘယ်ရောက် သွားပြီလဲ။ မင်းတို့ နိုင်ငံခြား သွားတဲ့ အချိန် ဇိမ်ခန်း တွေမှာ ဖြုန်းပစ် လိုက်ပြီလား။ ဒါမှမဟုတ် မင်းတို့ မိသားစု စားဝတ် နေရေး အတွက် ဖြေရှင်း လိုက်ပြီလား။ မင်းတို့ကော မယ်မယ် ရရ အလုပ် အကိုင် မရှိပဲ ဘယ်လို ရပ်တည် စားသောက် နေတယ် ဆိုတာ မင်းတို့ ပြော ရဲလား။
ဘာပဲပြောပြော (၁) မင်းတို့ ရထားတဲ့ ငွေတွေ အတွက် လှူထားတဲ့ လူတွေ အမြင် ရှင်းအောင် ရှင်းတမ်း ထုတ်ပါ။ (၂) မင်းတို့ ၈၈၈၈ နှစ်ပတ်လည် နေ့အတွက် တည်းခိုမည့် ပြည်တွင်း ပြည်ပ ဧည့်သည်တွေကို ဘုန်းကြီးကျောင်းတွေမှာ တည်းခို စေခြင်း လုံးဝ လက်မခံပါ။

ပြည်သူ တစ်ယောက် အဖြစ် မြင်တာကို ပြောနေခြင်း ဖြစ်တယ်၊ ပုဂ္ဂိုလ်ရေး မုန်းတီးမှု မရှိပါ၊ နားလည် ပေးစေ လိုပါတယ်။ သူများတွေလို ရင်ထဲမှာ သည်းခံ အောင့်အီး မနေ တတ်ပဲ ရင်ဖွင့်ချရ ပေမဲ့ ငါ့ရဲ့ စကားလုံး တွေဟာ ပါးပါး လေးပဲ ရှိသေးတယ်ဆိုတာ မင်းတို့ အသိဆုံးပါ သူငယ်ချင်းတို့။


From: မိုးမခ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...