Quantcast
Viewing all articles
Browse latest Browse all 4837

ခေတ်သစ် ၀ိသာခကျောင်းအမနှင့် ခိုးသား ၅၀၀


ကျွန်ုပ်တို့ မြန်မာနိုင်ငံသား အပေါင်းတို့ သည် အမျိုးသားခေါင်းဆောင်ကြီး၏ သမီးဆိုသော ပညတ်ချက်တစ်ခုတည်းနှင့်ပင် လေးစားချစ်ခင်ခဲ့ကြပြီး ဘုမသိဘမသိနှင့် နိုင်ငံရေးစင်မြင့်ပေါ် သို့ ယောင်လည်လည်နှင့် တက်ရောက်လာခဲ့သောသူမအားအမျှော်လင့်ကြီး မျှော်လင့် ခဲ့ပြီး သောင်းသောင်းဖြဖြ ၀မ်းမြောက်ဝမ်းသာနှင့် ကြိုဆိုခဲ့ကြသည်။

ထို့ နောက်.....
သူမငိုရှိုက်နေခဲ့သောအချိန်များတွင်ကျွန်ုပ်တို့ လည်း ထပ်တူရှိုက်ငိုခဲ့မိပါသည်။သူမပူဆွေးနေခဲ့ရသော ကာလများတွင်လည်းသူမနှင့် ထပ်တူဆွေးပူခဲ့ကြရပါသည်။သောကများနှင့် သူမဘ၀ကိုဖြတ်သန်းနေသော အခါများ တွင် ကျွန်ုပ်တို့  ဘ၀တွေကို ဖြတ်သန်းရင်း သူမအပေါ်သောကတွေပိုခဲ့ရပါသည်။တစ်နည်း အားဖြင့် အသနားပိုခဲ့ကြရပါသည်။

သို့ ပေမဲ့လည်း......
ကျွန်ုပ်တို့ ၏ခေတ်သစ်ဝိသာခကျောင်းအမသည်ခိုးသားငါးရာနှင့်ပေါင်းဖက်မိသွားသောအခါ....

မကြာသေးခင်ကမြန်မာနိုင်ငံအလယ်ပိုင်းမြို့ ကြီးများတွင်ဖြစ်ပွားခဲ့သော ပဋိပက္ခများ၊ ယနေ့ တိုင်အောင် မပြီးဆုံးသေးသော မလေးရှားရောက် ဗုဒ္ဓဘာသာဝင်များ၏ပြသာနာများ၊ အချိန်မရွေးပြန်လည်ပေါက်ကွဲနိုင်သည့် တဖက်နိုင်ငံမှ တရားမ၀င် နယ်မြေကျော်ဖြတ်လာသော ဘင်္ဂလီများနှင့် ကျွန်ုပ်တို့ ၏   သွေးချင်း ညီနောင် ရခိုင်တိုင်းရင်းသားတို့ ၏ အရေးအခင်းများတွင် ခိုးသားငါးရာ နှင့်   မွေ့ လျော် စွာပေါင်းဖက်နေသော ၀ိသာခ ကျောင်းအမကြီးကား တေမိဇာတ်ကို ကျွန်ုပ်တို့ အားလုံးအား ပိုင်ပိုင်နိုင်နိုင် ကပြအသုံးတော်ခံခဲ့ပါလေတော့သတည်း။

ထိုအချိန်မှစတင်ကာ ကျွှန်ုပ်တို့ တိုင်းရင်းသား လုပ်သားပြည်သူအပေါင်းတို့ သည် သူမ၏ ကျွန်ုပ်တို့ အပေါ်ထားရှိခဲ့သော သဘောထားအမှန်ကို ကျွန်ုပ်တို့ ၏ တဆစ်ဆစ်ကိုက်ခဲကာ ကွဲကြေမွခဲ့ရသော နှလုံးအိမ်နှင့်ရင်းကာ မျက်ဝါးထင်ထင်ခံစားကာ မြင်ခဲ့ရပါသည်။ကျောင်းအမကြီးအပေါ် မျှော်လင့်ကြီးမျှော်လင့်မိခဲ့သော မျှော်လင့်ချက်ရောင်နီလည်း အလုံးစုံပျောက်ဆုံးသွားခဲ့ရပါသည်။ထို့ နောက်တွင်တော့ ကျွန်ုပ်တို့ သည်လည်းကျောင်းအမကြီးတို့ ၏ အမျိုးသားဒီမိုကေ ရစီအဖွဲ့   ချုပ်မှ ပြည်သူလူထုအပေါ် ထားရှိသော သဘောထားအမှန် နှင့်လုပ်ငန်းစဉ်များ ကိုပြန်လည်သုံးသပ်ရန် လိုလာသည်ကို သတိပြုမိလာခဲ့ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် နောက်ကြောင်းပြန်မလှည့်  ရေးဟူသောစကားစုကို ထပ်ကာတလဲလဲ ရေရွတ်ရင်းနှင့်သွားလေသူ အစိုးရကိုနာကြည်းမှန်းတီး အပုပ်ချနေဆဲပင် ဖြစ်ပါသည်။အတ္တနှင့်မာန တရားများကို ရင်ဝယ်ပိုက်ကာ စိမ်းကားလွန်းသော မျက်လုံးများနှင့် သွားလေသူအစိုးရကို လက်ရှိတည်ဆဲ အစိုးရနှင့် ခွဲခြားမမြင်နိုင်တော့သည်မှာ အနာဂတ်နိုင်ငံတော် ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ချီတက်ရာတွင် လုံးဝမဖြစ်သင့်သော အဓိကအကြောင်းအရင်းပင် ဖြစ်ပါလေသည်။

ဒီမိုကရေစီနှင့်လူ့ အခွင့်အရေးဆိုသည်မှာ ကျောင်းအမကြီးတို့ ခိုးသားငါးရာတို့ အတွက်လား ၊နိုင်ငံဝန်ထမ်းတွေအတွက်ရောမရရှိသင့်တော့ဘူးလား ဆိုတာကို လည်းမေးချင်မိပါသည်။ခိုးသားငါးရာ နှင့် နောက်လိုက်အစွယ်အပွား ဂုတ်ကျား တို့ တစ်သိုက် နိုင်ငံတစ်ဝှမ်းလည့် လည်ကာ Media သမားများ၏ camera များကို နောက်ဆုံးပေါ်လက်နက် သဖွယ်သုံးပြီး နိုင်ငံဝန်ထမ်းများအပေါ် အနိုင်ကျင့်စော်ကား မောက်မာခဲ့သောလုပ်ရပ်များသည် ဒီမိုကရေစီလမ်းကြောင်းပေါ်ကို လျှောက်လှမ်း ကာစတိုင်းပြည်နုနု တခုအတွက် လိုအပ်တာထက်ကို ကျွန်ုပ်တို့ စိုးရိမ်ခဲ့မိပါသည်။ခိုးသားငါးရာတို့ မှ မိမိ တို့ အတွက် လူ့ အခွင့်အရေး ကို media သမားများ အသုံးချပြီး နိုင်ငံဝန်ထမ်းများကိုဒုက္ခပင်လယ်ဝေ ခဲ့စေသည်မှာ နေရာတိုင်းတွင်ဖြစ်ပေါ်စေခဲ့ပြီးဖြစ်ပါသည်။

ထို့ အပြင်မိမိတို့ နှင့် စရိုက်တူ ရည်မှန်းချက်တူညီကြသော ပြည်တွင်း မီဒီယာ များ online မီဒီယာများ ပြည်ပအသံလွှင့်ငှာနများအားလုံး နှင့်ပေါင်းစုကာ ဟန်ချက်ချက်ညီညီ ဖြင့်ပြည်သူလူထုနှင့် ကမ္ဘာနိုင်ငံများအသီးသီးကို မုသားမျိုးစုံသုံးပြီး၊အညိုေ၇ာင်၊ အနက်ေ၇ာင်ဝါဒဖြန်.ချီခြင်းများအကွက်ချလုပ်ကိုင်ကာ ၊နိုင်ငံတော် အစိုး၇ကိုအလုံးစုံပျက်သုဉ်းစေခြင်း၇ည်၇ွယ်ချက်ဖြင်.မုသာဝါဒ Media ပူးပေါင်းစစ်ဆင်ေ၇းကြီး၇ှက်ကြောက်ခြင်းကင်းမဲ.စွာနဲ. ဆင်နွဲနေခြင်းမှာလည်း တိုင်းပြည်၏ဒီမိုကေ၇စီခရီးလမ်းကြောင်းအတွက်နောက်ပြန်ဆွဲသောလုပ်၇ပ်များပင်ဖြစ်ပါသည်။


မည်.သို.ပင်ဆိုစေကာမူ ခေတ်တို့ ကား ပြာင်းလည်းသွားပြီးလေ ။ ပြည်သူတို.က ပွင်.လင်းမြင်သာမှု၇ှိသော စနစ်၏ ဒီမိုကရေစီ ရေစီးကြောင်းတွင် အလိုက်သင့် စီးမျောနေနှင့် ပြီ ၊ဟိုယခင်ကလို BBC, VOA တို့ ၏အညိုရောင်ဝါဒဖြန့် ချီရေးက ထင်တိုင်းမပေါက်တော့ ၊ ပြည်သူပြည်သားတို့ ၏ Political IQ ကားယခင်နှင့်မတူ မြင့်မားလာချေပြီ။ထို့ ကြောင့်မဝေးကွာလှသော အနာဂတ်တွင်ဘေးထိုင် ဘောက်ပြော ကန့် လန့် တိုက် စနစ်ကိုနောက်ပြန်ဆွဲ နေသောခေတ်သစ်ခိုးသားငါးရာနှင့် ဂုတ်ကျားတို့ တစ် သိုက်နေ၀င်လေတော့မည်။ပြည်သူလူထုမှ ပြစ်ဒဏ်မခတ်ခင် ခေတ်သ စ်ခိုးသားငါးရာကို စွန့်ခွာပြီး ကျောင်းအမကြီးတစ်ယောက်အမြင်မှန် အချိန်မှီရပါစေ။အဆိုးတွေမြင်နေရင်တော့ အမြင်တွေ ဆက်ပြီး ဆိုးနေဦးမှာပါ။ရွေပင်နားပြီးရွှေကျေးဖြစ်လာပါစေဗျာ....အမှားအမှန် ဝေဖန်နိုင်ခြင်း အသိဥာဏ် နည်းလွန်းပြီး ပုဂ္ဂိုလ်ရေးအရ ယုံကြည်မှုလွန်ကဲစွာနဲ့ ကျောင်းအမကြီး ၏ လုပ်ဆောင်ချက်မှန်သမျှကို ထောက်ခံနေတဲ့ ဂုတ်ကျားတို့ တစ်သိုက်လည်း အယူတိမ်းရင် နတ်စိမ်းဖြစ်မှာ စိုးကြောက်မိကြောင်းပါခင်ဗျာ။..........



ကိုဇော်ခိုင်
From: Phay Sit Gyi

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>