Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှု စစ်ဆေး တွေ့ရှိချက်များ မြန်မာအစိုးရထံ ပေးပို့မည်

$
0
0

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်ရှိ မြတ်စွာဘုရား ပွင့်တော်မူရာ ဗုဒ္ဓဂယာရှိ မဟာဗောဓိ စေတီတော် တွင် ဖြစ်ပွား ခဲ့သော ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှု များမှ ရရှိသော အချက်အလက် များကို မြန်မာနိုင်ငံ အစိုးရထံ ပေးပို့သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယ သံရုံးမှ ဒုတိယ သံအမတ်ကြီး Mr. Sailas Thangal က The Voice သို့ ပြောကြား သည်။

အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာန အတွင်းဝန် Mr.Ranjan Mathai က မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် လာရောက်တွေ့ဆုံ ဆွေးနွေးစဉ် ယင်းသို့ ပြောကြား ခဲ့ခြင်း ဖြစ်ကြောင်း အိန္ဒိယ သံရုံးမှ ဒုတိယ သံအမတ်ကြီးက ရှင်းပြသည်။ Mr.Ranjan Mathai က ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှုများမှ ရရှိသော အချက်အလက် များကို မြန်မာနိုင်ငံ အစိုးရထံ တင်ပြပေးမည်ဖြစ်ကြောင်း၊ လိုအပ်ပါက လုံခြုံရေး လုပ်ငန်းများတွင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု မြန်မာ နိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ ဆုံရာ တွင် ပြောကြားခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

“ဗုဒ္ဓဂယာကို ငြိမ်းချမ်းတဲ့ ဘုရားဖူး နယ်မြေအဖြစ် ပြန်လည် ဖန်တီးပေးနိုင် လိမ့်မယ်လို့ အိန္ဒိယ အစိုးရ ကိုယ်စား အာမခံချက် ပေးပါတယ်” ဟု Mr. RanJan Mathai က ပြောကြား ခဲ့သည်။ မဟာဗောဓိ ညောင်ပင် ခြေရင်းတွင် ဇူလိုင်လ ၇ ရက်နေ့ အိန္ဒိယ စံတော်ချိန် နံနက် ၅ နာရီမိနစ် ၃၀ ခန့်က စတင် ပေါက်ကွဲခဲ့သည့် အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ဘုရားဝတ်ပြုနေစဉ် ဒဏ်ရာ ရရှိသွားသော မြန်မာ သံဃာတော် ဦးဝိလာသဂ္ဂ၏ ကျန်းမာရေး အခြေအနေကို နိုင်ငံခြားရေး ဝန်ကြီးထံ တင်ပြ ဆွေးနွေးခဲ့သည့် အပြင် ယင်းသံဃာကို အိန္ဒိယ အစိုးရက တာဝန်ယူ စောင့်ရှောက် သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြား ခဲ့သေးသည်။

ထို့အပြင် ၎င်း၏ ခရီးစဉ်အတွင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့ကြောင်း အဆိုပါ ဒုတိယ သံအမတ်ကြီးက အတည်ပြု ပြောကြားသည်။ ယင်းသို့ ဗုဒ္ဓဘာသာဝင်တို့၏ အမွေအနှစ် တစ်ခုဖြစ်သော ဗုဒ္ဓဂယာတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းသည် အလွန် ဝမ်းနည်းဖွယ်ရာ အဖြစ်အပျက် တစ်ခုဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က Mr. RanJan Mathai နှင့် တွေ့ဆုံရာတွင် ပြောကြား ခဲ့သည်ဟု ၎င်းက ဆိုသည်။

အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ဗုဒ္ဓ အမွေအနှစ် များစွာ တည်ရှိနေသည့်အတွက် ယင်း အမွေအနှစ်များကို ဗုဒ္ဓဘာသာဝင် အားလုံး၏ ကိုယ်စား ထိန်းသိမ်း ကာကွယ်ရန် ပျက်ကွက်ခြင်းသည် ဗုဒ္ဓဘာသာနိုင်ငံများနှင့် သံခင်းတမန်ခင်းအရ အရှက်ရစေမည့် ကိစ္စ ဖြစ်သောကြောင့် တရားခံကို အမြန်ဆုံး ဖော်ထုတ်ပေးရန်နှင့် လုံခြုံရေး ကိစ္စရပ်များ အရှိန်မြှင့်တင်ရန် လိုအပ် ကြောင်း ဂျပန်၊ တရုတ်၊ ဘူတန်၊ ထိုင်းနှင့် သီရိလင်္ကာနိုင်ငံတို့က အသီးသီး ထုတ်ပြန်ထားကြောင်း India TV သတင်း စာမျက်နှာတွင် ဖော်ပြထားသည်။

From:ရိုးရာလေး

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...