အလုပ်သမား ခေါ်ရန် မြန်မာ အစိုးရနှင့် ဂျပန်နိုင်ငံ JITCO တို့ နားလည်မှု စာချွန်လွှာ MoU ရေးထိုးပြီး တစ်လခန့် အကြာတွင် ဂျပန်နိုင်ငံက မြန်မာ အမျိုးသမီး အလုပ်သမား၂၀ ကျော် ခေါ်ရန် အလုပ် ခေါ်စာ (Demand) စတင် ရရှိထားပြီး ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြား သည်။
ဂျပန်နိုင်ငံက မြန်မာနိုင်ငံမှ အလုပ်သမားများ ခေါ်ရန် အမျိုးသမီး အပါအဝင် အလုပ်ခေါ်စာ ၅၀ ကျော် ရရှိထားပြီးဖြစ်ပြီး ယင်းအလုပ် ခေါ်စာများ မှန် မမှန် ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံဆိုင်ရာ သံရုံးက စိစစ်နေ ကြောင်း ၎င်းက ဆိုသည်။
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်နှင့် အဆိုပါဌာနမှ အကြီးတန်း အရာရှိများသည် မေလအတွင်းက သွားခဲ့သည့် ဂျပန်ခရီးစဉ်တွင် ဂျပန်နိုင်ငံ အစိုးရနှင့် လုပ်ငန်းရှင်များကို တွေ့ဆုံကာ အလုပ်သမားအရေးကို ဆွေးနွေးခဲ့ပြီး ဂျပန်နိုင်ငံရှိ အငြိမ်းစား အစိုးရ ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသည့် JITCO (Japan International Cooperation Organization) က မေလ ၂၀ ရက်နေ့တွင် မြန်မာလုပ်သား ခေါ်ယူရေးနှင့် ပတ်သက်၍ နားလည်မှု စာချွန်လွှာ (MoU) ရေးထိုးခဲ့သည်။
မြန်မာနိုင်ငံက အမျိုးသမီး အလုပ်သမား များကို ပြည်ပနိုင်ငံများသို့ စေလွှတ်ရာတွင် လုပ်ငန်း တစ်ခုတွင် မြန်မာ အမျိုးသမီး အနည်းဆုံး ငါးဦးခန့် လုပ်ကိုင်ခွင့် ရရှိမှသာ စေလွှတ်မည်ဟု ဆိုထားသော်လည်း ဂျပန်နိုင်ငံ၏ အလုပ်အကိုင် ကောင်းမွန်မှုနှင့် ဥပဒေ ခိုင်မာမှုများကြောင့် ဖြေလျှော့ စဉ်းစားပေးမည်ဟု ဦးမျိုးအောင်က မီဒီယာများကို ဇွန်လ အတွင်းတွင် ပြောဆို ထားသည်။
မြန်မာနိုင်ငံမှ အမျိုးသမီးလုပ်သားများကို ထိုင်း၊ မလေးရှား၊ စင်ကာပူနိုင်ငံ တို့သို့ တရားဝင် စေလွှတ်ခွင့် ပြုထားပြီး စင်ကာပူနိုင်ငံသို့ အိမ်အကူ လုပ်ငန်းကို တရားဝင် စေလွှတ်ခွင့် ပြုထားသည်။ ဂျပန်နိုင်ငံတွင် မြန်မာ အလုပ်သမား တစ်သောင်း ဝန်းကျင် ရှိကြောင်း ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ များထံမှ သိရှိရသည်။
From: ရိုးရာလေးဂျပန်နိုင်ငံက မြန်မာနိုင်ငံမှ အလုပ်သမားများ ခေါ်ရန် အမျိုးသမီး အပါအဝင် အလုပ်ခေါ်စာ ၅၀ ကျော် ရရှိထားပြီးဖြစ်ပြီး ယင်းအလုပ် ခေါ်စာများ မှန် မမှန် ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံဆိုင်ရာ သံရုံးက စိစစ်နေ ကြောင်း ၎င်းက ဆိုသည်။
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်နှင့် အဆိုပါဌာနမှ အကြီးတန်း အရာရှိများသည် မေလအတွင်းက သွားခဲ့သည့် ဂျပန်ခရီးစဉ်တွင် ဂျပန်နိုင်ငံ အစိုးရနှင့် လုပ်ငန်းရှင်များကို တွေ့ဆုံကာ အလုပ်သမားအရေးကို ဆွေးနွေးခဲ့ပြီး ဂျပန်နိုင်ငံရှိ အငြိမ်းစား အစိုးရ ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသည့် JITCO (Japan International Cooperation Organization) က မေလ ၂၀ ရက်နေ့တွင် မြန်မာလုပ်သား ခေါ်ယူရေးနှင့် ပတ်သက်၍ နားလည်မှု စာချွန်လွှာ (MoU) ရေးထိုးခဲ့သည်။
မြန်မာနိုင်ငံက အမျိုးသမီး အလုပ်သမား များကို ပြည်ပနိုင်ငံများသို့ စေလွှတ်ရာတွင် လုပ်ငန်း တစ်ခုတွင် မြန်မာ အမျိုးသမီး အနည်းဆုံး ငါးဦးခန့် လုပ်ကိုင်ခွင့် ရရှိမှသာ စေလွှတ်မည်ဟု ဆိုထားသော်လည်း ဂျပန်နိုင်ငံ၏ အလုပ်အကိုင် ကောင်းမွန်မှုနှင့် ဥပဒေ ခိုင်မာမှုများကြောင့် ဖြေလျှော့ စဉ်းစားပေးမည်ဟု ဦးမျိုးအောင်က မီဒီယာများကို ဇွန်လ အတွင်းတွင် ပြောဆို ထားသည်။
မြန်မာနိုင်ငံမှ အမျိုးသမီးလုပ်သားများကို ထိုင်း၊ မလေးရှား၊ စင်ကာပူနိုင်ငံ တို့သို့ တရားဝင် စေလွှတ်ခွင့် ပြုထားပြီး စင်ကာပူနိုင်ငံသို့ အိမ်အကူ လုပ်ငန်းကို တရားဝင် စေလွှတ်ခွင့် ပြုထားသည်။ ဂျပန်နိုင်ငံတွင် မြန်မာ အလုပ်သမား တစ်သောင်း ဝန်းကျင် ရှိကြောင်း ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ များထံမှ သိရှိရသည်။
www.mmdailystar.com