Quantcast
Viewing all articles
Browse latest Browse all 4837

နိုင်ငံတော်သမ္မတ အမည်သုံးပြီး ငွေလိမ်ခဲ့သူ ရဲတပ်ဖွဲ့က နေ့ချင်းဖမ်းမိ


နိုင်ငံတော်သမ္မတ၏ အထူးကံစမ်းမဲ ကျပ်သိန်း ၁၅ဝဝ ပေါက်နေ၍ ငွေထုတ်ယူရရှိရေး ဆောင်ရွက်ရန် အတွက်ဟုဆိုကာ ငွေလိမ်လည် တောင်းခံမှုတစ်ခု ဖြစ်ပွားခဲ့ပြီး တရားခံအား ရဲတပ်ဖွဲ့က နေ့ချင်းဖော်ထုတ် ဖမ်းဆီးရမိခဲ့သည်။ ဖြစ်စဉ်မှာ ဇူလိုင် ၃ ရက် ၁၂ နာရီခန့်တွင် သိန်းနီမြို့နယ် ပန်လော့ကျေးရွာနေ ဒေါ်အေးစိန်ထံသို့ ဖုန်း- ဝ၉-၄၃ဝ၄ဝ၃ဝ၄ ဖြင့် ဖုန်းဆက်၍ ဒေါ်အေးစိန် ကိုင်ဆောင်သော ဖုန်း- ဝ၉၄၇၃၁၆ဝ၄၂ မှာ နိုင်ငံတော်သမ္မတက မဲဖောက်သော အထူးကံစမ်းမဲ ငွေကျပ်သိန်း ၁၅ဝဝ ပေါက်နေကြောင်းနှင့် ယင်းငွေ ထုတ်ယူရန်အတွက် စာရွက်စာတမ်းများ ဖြည့်သွင်းရန်နှင့် ငွေလွှဲပို့ရန်အတွက် ငွေကျပ် ၃၈ သိန်းအား ရိုးမဘဏ် မှတစ်ဆင့် ရန်ကုန်မြို့ ဘုန်းကြီးလမ်းရှိ ရိုးမဘဏ်ခွဲသို့ အမြန်ငွေလွှဲပို့ရန် အမည်နှင့် မှတ်ပုံတင်နံပါတ်ပေးပြီး အကြောင်းကြား ငွေတောင်းခံလာခဲ့သည်။

 ဒေါ်အေးစိန်က အဆိုပါဖြစ်စဉ်အား သက်ဆိုင်ရာသို့ သတင်းပို့ တိုင်ကြားခဲ့ရာ လားရှိုးခရိုင် အထူးမှုခင်းနှိမ်နင်းရေးအဖွဲ့က ငွေလိမ်လည် တောင်းခံသူအား ဖမ်းဆီးရမိရေး အတွက် လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ပူးပေါင်းဆောင်ရွက်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး လမ်းမတော် မြို့နယ် ရဲတပ်ဖွဲ့စခန်းမှူး ရဲအုပ်ဆန်းထွန်းနှင့် ပူးပေါင်းအဖွဲ့က ယင်းနေ့ ညနေ ၃ နာရီခွဲခန့်က ဘဏ်သို့ ငွေလွှဲ လာရောက် ထုတ်ယူသူ အောင်မျိုးမင်း အသက်(၃၁နှစ်) နတ်စင်လမ်း လှိုင်သာယာမြို့နေသူအား ဖမ်းဆီး ရမိခဲ့သည်။ ဖြစ်စဉ်အား သိန်းနီမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေးအတွက် ဆက်လက်စုံစမ်း ဖော်ထုတ်လျက်ရှိကြောင်း ၂၀၁၃ ခုနှစ် ဇူလိုင် ၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။ 
From:ခေတ်လူငယ်

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>