Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မလေးရှားမှာ မြန်မာများ ထပ်မံ ၍အသက်ခံရပြန်

$
0
0
၆-၇-၂၀၁၃ ရက် မွန်းတည့် ၁၂ နာရီ အချိန်တွင် ဆူဗန်းဂျာရာ မြို့မှ တယ်လီဖုန်းတစ်လုံးသည် ကပုန်း(၇)သားသမီးနာရေးကူညီမှု့ (မလေးရှား)ရုံခန်းသို့ဝင်ရောက်လာပါသည်။

ရုံတာဝန်ခံ ကိုကျော်သူမှ မေမြန်းသောအခါ ဆူဗန်းဂျာရာ SS/6C လမ်းထိပ်တွင်   မြန်မာတစ်ဦးဓါး ဒဏ်ရာဖြင့်သေ ဆုံးနေကြောင်းအကြောင်းကြားပါသည်။

ထို့နောက် ရုံအတွင်ရှိ ကပုန်း(၇)ရက်သားသမီနာရေးကူညီမှု့အသင်း ဥက္ကဌ ဦးစန်းဝင်းနှင့်   မြန်မာနိုင်ငံသား များအတွက် ကူညီဆောင်ရွက်ပေးနေသော (မလေးရှား) နိုင်ငံ သား Dato Dr Riches Tan နှင့် အဖွဲ့ ဝင်များသည် မလေးရှား ရဲတပ်ဖွဲ့သို့ချက်ခြင်းအကြောင်းကြားပြီး အခင်ဖြစ်ပွားရာနေရာသို့ သွားရောက်ခဲ့ပါသည်။

ထိုနေရာသို့ရောက်သောအခါ ဇနီးသည် မမေသန်းနှင့် သူငယ်ချင်း မြန်မာမိသားစုများအား အလောင်းနား တွင်တွေ့ဆုံခဲ့ပါသည်။

ဇနီးသည်၏ပြောချက်အရ ကိုရဲဝင်းထွန်း အသက်(၃၃)နှစ်သည် အမှတ်(၄၀၄) သုမာလာ၊ ၉ လမ်း ( ၂ ) ရပ်ကွပ် မြောက်ဥက္ကလာ တွင်နေထိုင်သူတစ်ဦးဖြစ်ပြီး မလေးရှားတွင်နေထိုင်သည်မှာ ၁၀နှစ်ကျော်ခန့် ရှိပါသည်။

6P စီမံချက်ဖြင့်ထုတ်ပေးသော ပါတ်စ်ပို့စာအုပ်တွင် ပါမစ်ရှိပါသည်ကိုရဲဝင်းထွန်းသည်ကားပြင် ၊ ဆေးမှုတ်စက်ရုံ ဆူဗန်းမေဝ တွင်အလုပ်လုပ်ပါသည် ယမန်နေညတွင်ဇနီးသည်မှ အိမ်ပြန်မလာသဖြင့် ည ၁၁ နာရီကျော်တွင် ဖုန်းဆက်သောအခါ ကိုရဲဝင်းထွန်းမှ ဇနီးသည်အား ဆူဗန်းဂျာရာရှိ Summit Five Star Hotel ရှေတွင် စက်စမ်းရန်မောင်းနှင့်လာသောကားမှာ စက်ပျက်နေသဖြင့် တစ်ဦးတည်းကားပြင်နေရကြောင်း ဇနီးသည်မမေသန်းအား စိတ်မပူရန်ပြန်ပြောပါသည်။

ထို့နောက် ၆-၇-၂၀၁၃ နံနက်ကြီး ၁ နာရီခန့်တွင်ထက်မံ၍ဖုန်းဆက်သောအခါ ကိုရဲဝင်းကိုင်ဆောင်နေသောဖုန်းနှစ်လုံးမှ တစ်လုံးသာခေါ်၍ရပါသည်ကျန်တစ်လုံးမှာခေါ်၍မရပါ ခေါ်ဆို၍ရသောဖုန်မှာဖုန်းကိုင်မည့်သူမရှိပါ ထပ်မံ၍ခေါ်သောအခါဖုန်းကိုပိတ်လိုက်ပါသည်။

ထို့နောက်မိသားစုများမှ စိုးရိမ်၍ ၄င်း ကားပျက်သောနေရာသို့ ဦးလေးဖြစ်သူတစ်အိမ်တည်းနေသူများနှင့်ရှာဖွေသော်လည်းမတွေ့ရှိခဲ့ရပါ။

ယနေ့နေ့လည် ၁၂ နာရီခန့်တွင် ရေမြောင်းထဲတွင်ဓါးဒဏ်ရာ ၇ ချက်ဖြင့်သေဆုံးနေကြောင်းနှင့်၎င်စက်စမ်းယာဉ်ကားလည်းအနားတွင်ရှိနေကြောင်းကိုဇနီးသည်မှ နာရေးကူညီမှု့အသင်းမှ တာဝန်ရှိသူများအားပြောကြားပါသည်။ ထိုနောက် သက်ဆိုင်ရာရဲတပ်ဖွဲ့မှရောက်ရှိလာသောအခါ ဇနီးသည်အားမေးမြန်းပြီ လိုအပ်သည်များကိုဆောင်ရွက်ခါ ဆူဗန်းဂျာရာ မြို့ မှ အလောင်းကို သယ်ဆောင်ပြီ PJ ယူနီဗာစတီ ဆေးရုံသို့် ရဲတပ်ဖွဲ့ နှင့် ပူးပေါင်း၍ ကပုန်း(၇)ရက်သားသမီနာရေးကူညီမှု့အသင်း မှ စစ်ဆေးရန် ပို့ဆောင်ခဲ့ပါသည်။




From: မူရင်း မလေးရှားသတင်း Owaynews Journal


www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>