Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ကိုယ်စီးတဲ့မြင်း အထီးအမခွဲခြားသိပါစေ (ပေးစာ ၁၉)

$
0
0


 ရေးလို့ရတိုင်း၊ ပြောလို့ရတိုင်း၊ ကိုယ်ရေးတဲ့စာ၊ ကိုယ်ပြောတဲ့စကား၊ ဘယ်ရောက် လို့ရောက်မှန်းမသိ ရေးနေပြောနေကြတယ်။
 “သမ္မတက တပ်မတော်အပေါ်မထိန်းချုပ်နိုင်ဘူးတဲ့” “သမ္မတထက် ဦးစီးချုပ်က ပိုအာဏာရှိနေတယ်တဲ့” ဘာရည်ရွယ်ချက်၊ ဘာအကြံအစည်နဲ့ ရေးနေပြောနေကြလဲမသိဘူးနော်။ အကြံအစည်တစ်ခုခု တော့ရှိ ရမယ်။ ခုလည်းလာပြန်ပြီ။ ယွက်စစ်ကြီးက နိုင်ငံတော်သမ္မတ နဲ့ ကောင်းမိကောင်းရဲ့ လာဆွေးနွေး သွားပြီးမှ “သမ္မတဟာ တပ်မတော်ကို ထိန်းချုပ်ကိုင်တွယ်နိုင်တဲ့ အာဏာလေးနက်မှုမရှိကြောင်း” ဆိုပြီး RCSS/SSA အဖွဲ့က ထုတ်ပြန်ချက်များတောင် ထုတ်လိုက်သေးရဲ့။ နိုင်ငံတော်သမ္မတဆိုတာ နိုင်ငံတော်ရဲ့ အထွတ်အထိပ်ပါ။

 နိုင်ငံတော်နဲ့ နိုင်ငံသားတွေအပေါ်မှာ သမ္မတကြီးရဲ့ အာဏာသက်ရောက်မှုအပြည့်အ၀ရှိပြီးသားပါ။ တပ်မတော်ဆိုတာလည်း ဒီနိုင်ငံသားတွေနဲ့ ဖွဲ့စည်းထားတဲ့ လုံခြုံရေးအဖွဲ့အစည်းကြီးပါ။ ပြည်သူ လူထုတစ်ရပ်လုံးက လေးစားကြည်ညိုချစ်ခင်ရတဲ့ သမ္မတကြီးရဲ့စကား၊ တပ်မတော်ကရော ဖယ်ရှားဝံ့မှာလား။ စဉ်းစဉ်းစားစားပြောကြပေါ့ဗျာ။ တပ်မတော်ရဲ့ ကြီးမြတ်တဲ့ အစဉ်အလာအရလည်း နာမည်ပျက်မရှိ လေးစားကြည်ညိုခံရတဲ့ ဗိုလ်ချုပ်ကြီးဟောင်း တစ်ယောက်ကနေ တိုင်းပြည်ကို ဦးဆောင်တဲ့သူဖြစ်လာတဲ့ သမ္မတကြီးကို မလေးမစားလုပ်ပါ့မလား။ သမ္မတကြီးကိုယ်တိုင်ကရော “တပ်မတော်နိုင်နင်းအောင် မကိုင်တွယ်နိုင်ပါဘူး” “သူ့စကားကို နားမထောင်ကြပါဘူး” လို့ တစ်စွန်းတစ်စဖွင့်ဟပြောဖူးတာများ ကြားခဲ့ဖူးကြပါရဲ့လား။ ဗိုလ်ချုပ်ကြီးတစ်ဦး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ သမ္မတကြီးဟာ တပ်မတော်ကို မကိုင်တွယ်၊ မထိန်းသိမ်းနိုင်စရာ အကြောင်းတစ်စက်မှကို မရှိတာခင်ဗျ။ ခင်ဗျားတို့မကြားချင်လည်း “သမ္မတလောင်းတစ်ဦးဟာ စစ်ရေးအမြင် ရှိရမယ်” ဆိုတာ ထပ်ပြောရဦးမယ်။

 ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ လက်နက်ကိုင်တွေက တစ်ချိန်တည်းမှာ၊ စစ်ရေးအမြင်ရှိနေချိန်မှာ ကိုယ့်လူတွေက ဘုမသိ၊ ဘမသိ ထင်ရာလျှောက်ရေးနေ ပြောနေကြတာတော့ မကောင်းပါဘူး။ ငယ်ငယ်တုန်းက သင်ဖူးကြလား။ အင်းဝနဲ့ ပဲခူး ပန်းကျော်ချောင်းဘေးက သဲသောင်ပြင်မှာ စစ်ပြေငြိမ်းစကားပြောဖို့ စီစဉ်ကြတယ်။ အင်းဝဘက်က လက်နက်မပါဘဲ လာကြတယ်။ ပဲခူးဘက်က လက်နက်တွေကို သောင်ပြင်မှာကြိုမြှုပ်ထားတယ်။ အင်းဝဘက်က မိုးညှင်းသတိုးက ပဲခူးဘက်က လဂွန်းအိမ်ကို “ဒီပွဲအမှန်အကန်လား” လို့ နှစ်ကိုယ်ကြားမေးတယ်တဲ့။ လဂွန်းအိမ်က ပြန်ဖြေတယ်။ “ဟယ်သူရူး စစ်တို့၏သဘောတွင် သစ္စာမှန်သည်ရှိဖူးသလော၊ ငါ့ကိုနင်ရလည်းသတ်မည်၊ နင့်ကိုငါရလည်း သတ်မည်ပင်၊ စစ်အတွင်းမှာ ပြုသည့်သစ္စာ ဖြောင့်မှန်သည်ဟု မင်းယုံမည်လော” တဲ့ သတိုးက သူ့လူတွေကို အော်ဟစ်သတိပေးပြန်ဆုတ်သွားတာနဲ့ သစ္စာပြုပွဲပျက်သွားတယ်တဲ့။ ကဲ ခုခေတ်မှာရော ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေထဲမှာ လဂွန်းအိမ်ရဲ့ ဆယ်ပုံတစ်ပုံလောက် ရိုးသားတဲ့သူ ဘယ်နှစ်ယောက်များပါပါသလဲ။

 နိုင်ငံတော်က တိုင်းရင်းသားပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ပြည်ထောင်စုအရေး၊ ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားအဖွဲ့ ပေါင်းစုံနဲ့ တွေ့ဆုံစေ့စပ်ညှိနှိုင်းကြိုးစားခဲ့ပါတယ်။ တကယ်ဖြစ်လာတာက လက်နက်ကိုင်အဖွဲ့များက သူတို့ လူမျိုးအမည်ခံထားတဲ့ ပြည်နယ်တစ်ခုလုံးကို ကိုယ်စားပြုသယောင်ယောင်နဲ့ အရင်က တရားဥပဒေစိုးမိုးခဲ့တဲ့ မြို့ပေါ်တွေအထိ ရောက်လာပြီး လက်နက်ကိုင်ရမ်းကားလာကြတယ်။ အတင်းအဓမ္မ ပေါ်ပေါ်ထင်ထင်ဆက်ကြေးကောက်ကြတယ်။ ရိက္ခာဆင့်ကြတယ်။ မူးယစ်ဆေးဝါး စိုက်ပျိုးတာတွေကို ဆက်ကြေးယူခွင့်ပြုထားကြတယ်။ သဘောတူညီချက်တွေကို ဖောက်ဖျက်ပြီး သတ်မှတ် ထားတဲ့နေရာကနေ ကျော်ပြီး တပ်စခန်းတွေကို တိုးချဲ့ကြတယ်။ ရွာသူရွာသားတွေကို အတင်းအဓမ္မလူသစ် စုဆောင်းပြီး တပ်အင်အားတိုးချဲ့ဖို့ ကြိုးစားကြတယ်။ တိုင်းရင်းသားပြည်သူတွေအနေနဲ့ အပစ်အခတ် ရပ်လိုက်လည်း ငြိမ်းချမ်းရေးအရသာကို မခံစားကြရဘူး။ RCSS/SSA အဖွဲ့ဆိုတာလည်း တစ်ချိန်က ဘိန်းမှောင်ခို၊ ဆက်ကြေးကောက်၊ လူသတ်နေတဲ့အဖွဲ့တစ်ဖွဲ့ပါပဲ။ ခုမှသာ ခေတ်ရေစီးကြောင်းနဲ့လိုက်ပြီး ပြည်ထောင်စုအရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုပြီး ရောယောင်လိုက်နေတာပါ။

ယွက်စစ်တို့အဖွဲ့ နေပြည်တော်ကပြန်တော့ ကျောက်မဲမှာ ဒေသခံတွေသူ့ဘက်ပါမလားဆိုပြီး ၀င်စည်းရုံးခဲ့သေးတယ်။ ဒေသခံတွေက လက်နက်စွန့်ပြီး ငြိမ်းချမ်းစွာနေဖို့ရယ်၊ ရှမ်းအဖွဲ့မျိုးစုံက ကိုယ့် တိုင်းရင်းသားအချင်းချင်း လက်နက်အားကိုးအနိုင်ကျင့်နေတာ၊ စစ်တပ်က ဘာမှမတောင်းဘဲ ရှမ်းအဖွဲ့တွေ က ဆက်ကြေးတောင်း၊ အဓမ္မလူသစ်စုနေတာ၊ ရှမ်းပြည်နယ်ထဲမှာ ဘိန်းစိုက်ပျိုးတာတွေရှိနေလို့ ဒေသခံ တွေ မူးယစ်ဆေးဝါးစွဲနေတာတွေကို ဖြေရှင်းပေးဖို့ မေးမြန်းတဲ့အခါ ယွက်စစ်က တော်လှန်ရေးလုပ်နေတဲ့ အချိန်မှာ ဒေသခံပြည်သူတွေအနေနဲ့ ဒီလောက်တော့ ပူးပေါင်းပါဝင်ဒုက္ခခံရမယ်လို့ပြောပြီး ဖြေရှင်းပေးခဲ့ပါ သတဲ့။ ဒီလို တိုင်းရင်းသားပြည်သူလူထုကို လက်နက်ကိုင်အနိုင်ကျင့်ပြီး ဥပဒေမဲ့လုပ်နေသရွေ့ကတော့ စစ်တပ်က အကာအကွယ်ပေးရင်းနဲ့ ဆက်ပြီး တိုက်ပွဲတွေဖြစ်ချင်ဖြစ်နေဦးမှာပေါ့။ ကေအိုင်အေနဲ့ တိုက်ပွဲဖြစ်တုန်းကလည်း သမ္မတက ပစ်ခတ်တာရပ်စဲဖို့ စာရေးတာကို တပ်က နားမထောင်ဘူးလို့လည်း ပြောကြ၊ ရေးကြတယ်။ စစ်တပ်ပဲ အမိန့်ပေးရင်နာခံရမှာပေါ့။ ဒါပေမယ့် ဒီအမိန့်ကို နာခံနေတုန်း ငြိမ်းချမ်းရေးဆွေးနွေးမလိုလို၊ ဘာလိုလိုလုပ်နေတုန်း၊ ကေအိုင်အေက အခွင့်ကောင်းယူပြီး တိုက်ခိုက်လိုက်ကြလို့ တပ်မတော်သားတွေ သေကြေဒဏ်ရာရလိုက်ကြတာ သောက်သောက်လဲပေါ့။

ဒါမျိုးကျတော့ ဘယ်သူမှပါးစပ်မဟ၊ လက်မဆော့ကြတော့ဘူး။ အစိုးရနဲ့ စစ်တပ်ဘာလုပ်လုပ်အကောင်းမမြင်တဲ့ မီဒီယာတစ်ခုက ဖွဲ့စည်းပုံဥပဒေပြင်ရင် ပြည်နယ် တွေမှာ ပြည်နယ်ကာကွယ်ရေးတပ်တွေရှိဖို့ လိုမယ်ဆိုတဲ့အချက်ကို ထည့်သင့်ကြောင်း၊ ဒါဟာလည်း သူတို့ရဲ့ ပြည်နယ်ကာကွယ်ရေးအတွက် ဖြစ်ကြောင်း တိုင်းရင်းသားတစ်ဦးရဲ့ ပြောကြားချက်ကို ရေးသား ဖော်ပြခဲ့တယ်။ သူ့လောက်မဆိုးတဲ့ မီဒီယာတစ်ခုကတော့ ဒီလိုရေးသားဖော်ပြလာတဲ့အတွက် စိုးရိမ်လာရ ကြောင်း၊ ပြည်နယ်ရဲ့ရန်သူဆိုတာ ဘယ်လိုမျိုးလဲ၊ ပြည်ထောင်စုအတွင်း ကိုယ်နဲ့ ကပ်ရက်လူမျိုးတစ်မျိုးရဲ့ ပြည်နယ်ကို ရန်သူအဖြစ်သတ်မှတ်မှာလား စသည်ဖြင့် စဉ်းစားစရာဖြစ်လာကြောင်း ပြန်လည်ရေးသားခဲ့ပါ တယ်။ ဘယ်မီဒီယာက အတွေးအခေါ် စေတနာမှန်သလဲဆိုတာတော့ စဉ်းစားသာကြည့်ကြပါ။ ယူနီယံပဲပြောပြော၊ စတိတ်ပဲပြောပြော၊ ဖက်ဒရယ်ပဲပြောပြော အားလုံးဟာ “ပြည်ထောင်စု” ဆိုတဲ့ အဓိပ္ပာယ်ပဲဖြစ်ပါတယ်တဲ့။ ဘယ်ပုံစံနဲ့ပဲ နိုင်ငံကိုဖွဲ့စည်း၊ ဖွဲ့စည်း တပ်မတော်က တစ်ခုတည်းပဲဖြစ်ရမှာပါ။ တိုင်းရင်းသားအားလုံးပါဝင်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို ကာကွယ်မယ့်တပ်မတော်ကြီးပေါ့။

ဒီလို မဟုတ်ဘဲ မကြံအပ်၊ မကြံရာတွေ ကြိတ်ကြံပြီး ကိုယ်ပိုင်တပ်တွေထားကာ လက်နက်အားကိုးနဲ့ အနိုင်ကျင့်၊ ဆက်ကြေးကောက်၊ လူသစ်စုနေရင်တော့ ငြိမ်းချမ်းရေးက ဝေးနေဦးမှာ။ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်အချို့ စေတနာမှန်မှန်နဲ့ လဂွန်းအိမ်ရဲ့ ဆယ်ပုံတစ်ပုံစာ လောက် ရိုးသားကြည့်လိုက်ပါ။ ငြိမ်းချမ်းရေးအကြောင်းပြပြီး လက်နက်ကိုင်အဖွဲ့တွေအတွက် ဝါဒဖြန့်ရေးသားပြောဆိုနေကြတဲ့ မီဒီယာတွေ “ကိုယ်စီးတဲ့မြင်း အထီးအမ ခွဲခြားသိနိုင်အောင် ရိုးသားကြည့်လိုက်ပါ”။ သမ္မတကြီးဟာ နိုင်ငံတော်ရဲ့ အထွတ်အထိပ်ဖြစ်တယ်ဆိုတာ ခင်ဗျားတို့အမှန်အတိုင်းမြင်လာမှာပါ။


From:  အောင်ဘာလေ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


သင်္ကြန်မှာ မုန့်လုံးရေပေါ် စတုဒီသာ ဒါနပြုမယ်


အစ်ကိုအရင်းက ညီမကို မူးလာတိုင်း ဓါးထောက်မုဒိန်းကျင့် ဗိုက်ထွက်လာမှသိရ


ချယ်ရီရိပ်က မြတ်ဆရာများ


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ


မနောမယအိမ်ခြံမြေရောင်းနည်း


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


၂၀၁၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွေ့အကြုံမှသည် အနာဂတ် နယ်စပ်ပညာရေး...


သွေးမြေမကျခဲ့သော ဘုရင့်နောင်၏ သီဟိုဠ်ကျွန်း အရေး


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


အောင်ဝေး - ေ ဒၚ ေ အ ာ င် ဆ န်း စု ကြ ည် သို့ေ ချ ပ ချ က် (၂)


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>