Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

စစ်ဘေးဒုက္ခသည်တို့၏ ရင်ဖွင့်သံများ

$
0
0
 
(ပုံမှာ စစ်ဘေးဒုက္ခသည်များက ငြိမ်းချမ်းလိုကြောင်းကို ငြိမ်းချမ်းရေးသင်္ကေတဖြင့် သရုပ်ဖော်နေစဉ်)



ကေအိုင်အေထိုးစစ်ကြောင့် ဒေသခံရွာသူရွာသားတို့မှာလည်း ပန်ဝါမြို့အတွင်းသို့ ၀င်ရောက်ခိုလှုံခဲ့ပြီး စာသင် ကျောင်းဟောင်း၌ နေထိုင်ခဲ့ရသည်မှာ တစ်နှစ်ကျော်လာခဲ့ပါပြီ။ ထိုစစ်ဘေးဒုက္ခသည်များကို ကချင်အထူးဒေသ(၁) ကပင် ဦးစီး၍ ကြည့်ရှုစောင့်ရှောက် ထားရသည်။

““ကျွန်တော်တို့အိမ်ပြန်ချင်တယ်။ ကေအိုင်အေကိုကြောက်လို့ မပြန်ရဲဘူး။ ကျွန်တော်တို့ရွာတွေဖက် မှာ ကေအိုင် အေမရှိအောင် နိုင်ငံတော်ကကူညီပေးရင် ရွာမှာပြန်နေချင်တယ်။ လွန်ခဲ့တဲ့နှစ်လေးဆယ် အတွင်း ဥက္ကဌကြီး ဦးဇခုန်တိန့် ယိန်းအုပ်ချုပ်မှုအောက်မှာ အေးအေးချမ်းချမ်းနေလာခဲ့ကြတယ်။ အခုလည်း နိုင်ငံတော်အုပ်စိုးမှုအောက်မှာပဲ နေချင် တယ်““ဟု ပန်ဝါမြို့၊ စာသင်ကျောင်းဟောင်း တွင်ဖွင့်လှစ်ထားသော ဖရဲ-လဂွေဒုက္ခသည်စခန်းမှ ဖရဲကျေးရွာလူကြီး ဦးဖရဲ ယောင်ဆောက ရင်ဖွင့်သည်။


ဖရဲကျေးရွာသား ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးကလည်း ““ကေအိုင်အေဆိုတာ အရင်ကဒီမြေမှာ မတွေ့ဖူးဘူး။ ကျွန်တော်တို့လူထုကို အရမ်းဒုက္ခပေးတယ်။ ကေအိုင်အေကောင်းလားမကောင်းလားဆိုတာ အခုမှသိတယ်””ဟု ဆိုသည်။ 


ပန်ဝါမြို့သို့ ၂၀၁၂၊ မေလမှစတင်ကာ ခိုလှုံလာကြသည့် စစ်ဘေးဒုက္ခသည်များမှာ ပန်ဝါဒေသတွင်း ရွာ(၉)ရွာမှ တိုင်းရင်းသားများဖြစ်ကြပြီး လူဦးရေ ၃၈၉ ဦးရှိသည်။ ထိုဒုက္ခသည်တို့အတွက် လိုအပ်သည့်အစားအသောက်ကို ပန်ဝါမြို့ အကြီးအကဲများနှင့် အုပ်ချုပ်ရေးအဖွဲ့များကပင် တာဝန်ယူထားကြ သည်။ သို့သော်လည်း ချမ်းအေးသည့်ဒေသဖြစ်သည်မို့ အ၀တ်အစားနှင့် စောင် လိုအပ်ချက်များရှိနေကြသည်ကို တွေ့ရသည်။



From:ဥက္ကာ ကိုကို

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


သင်္ကြန်မှာ မုန့်လုံးရေပေါ် စတုဒီသာ ဒါနပြုမယ်


TTA Oreo Gapp Installer


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


၂၀၁၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွေ့အကြုံမှသည် အနာဂတ် နယ်စပ်ပညာရေး...


ဇွဲမလျော့သော မွန်မင်း သမိန်ထောရာမ


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက် မွန်ပြည်နယ် ခြောက်နှစ်ဆက်တိုက် ပထမရ


အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)


အစ်ကိုအရင်းက ညီမကို မူးလာတိုင်း ဓါးထောက်မုဒိန်းကျင့် ဗိုက်ထွက်လာမှသိရ


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


ဆရာလွတ် အင်္ဂလိပ်စာရေးနည်း နှင့် Essay, Letter စာအုပ်


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


တာနောယက္ခ


မနောမယအိမ်ခြံမြေရောင်းနည်း