ဒေါ်အောင်ဆန်းစုကြည်၏ လက်ပံတောင်းတောင်ခရီးစဉ်တွင်ဒေသခံများမှ ယခင်ကလိုနွေးထွေးပျူ ဌာ စွာကြို ဆိုခြင်းမျိုးမရရှိဟုသိရသည်။ အချို့နေရာများတွင် နွေးထွေးမှုအတိုင်း အတာလျော့ပေါ့နေကြ သလို ၊ အချို့နေရာများတွင် နွေးထွေးမှုမရှိဟုလည်းသိရသည်။ မတ်လ ၁၄ ရက်နေ့ နံနက် ၉ နာရီ တွင် ဒေါ်အောင်ဆန်းစုကြည် တုံရွာသပိတ်စခန်းသို့ရောက်ရှိလာပြီးနောက် ဒေသခံများနှင့် ညှိနှို င်းဆွေးနွေး မှုများ ကို ဒေါ်အောင်ဆန်းစုကြည် နှင့် ၂ ဦး တစ်ဖွဲ့ ၊ ၃ ဦးတစ်ဖွဲ့ စသည်ဖြင့် တုံရွာ သပိတ် စခန်း တွင် ညှိနှိုင်းဆွေးနွေးခဲ့ကြသော်လည်း ဒေသခံများဘက်မှ လက်ခံနိုင်ခြင်းမရှိသေး ဟုသိရသည်။
ဒေါ်အောင်ဆန်းစုကြည် ကို ရဲ လုံခြုံရေးအပြည့်ဖြင့် တာဝန်ယူ စောင့်ရှောက်ပေးထားသလို စုံစမ်း စစ်ဆေးရေးကော်မ ရှင် အဖွဲ့ဝင်များလည်း ရောက်ရှိနေကြောင်း သတင်းရရှိသည်။ ဒေါ်အောင်ဆန်း စုကြည် မှ ပြောကြားရာတွင်“လက်ပံတောင်းတောင်မရှိတော့ ပေမယ့် ထို့နည်းတူသ ယာ စိုပြေ တဲ့ ပတ်ဝန်း ကျင်တစ်ခုရဖို့ ကျွန်မလုပ်ပေးသွားမှာ ပါ´´ဟု တုံရွာသပိတ်စခန်း တွင်ပြောကြားခဲ့ သည်ဟုဆိုသည်။ သပိတ်စခန်းမှ ပြန်လည်ပြောကြားရာတွင် “အစီရင်ခံစာ ကို ပြန်ဖျက် သိမ်းပေး´´လုံးဝ အလိုမရှိ ၊ဒါမဖြစ်သင့်တဲ့ကိစ္စတွေ ချည်းပဲ စသည်ဖြင့် ပြန်ပြောကြား ကြကြောင်းသိရသည်။
From:The Hots