ဂျော်ဒန်နိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများ အခွင့်အရေးဆုံး ရှုံးနေမှုကြောင့် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ သော်လည်း တစုံတရာ အရေးယူပေးခြင်းမရှိသည့်အပြင် ဥပဒေမဲ့ပြု လုပ် ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော အလုပ်သမားများမှ ကျန်ရှိသူ များ အား အမြန် ဆုံး ပြန်လာနိုင်ရန်နှင့် လုပ်ငန်းအဆင်ပြေစေရန် ရည်ရွယ်၍ ၈၈ မျိုးဆက်ကျောင်း သားများ ရုံးခန်း တွင် ကြုံတွေ့ခဲ့ရသည့် အခက် အခဲများနှင့်ပတ်သက်၍ ယနေ့ နံနက် ၁၀နာရီက သတင်းစားရှင်း လင်း ပွဲပြုလုပ်ခဲ့ကြသည်။
မြန်မာအလုပ်သမားများအား အဆင့်အတန်းခွဲခြားဆက်ဆံခြင်း၊ လုပ်ငန်းခွင် အတွင်း နှိမ့်ချဆက်ဆံခြင်း၊ လုပ်ခလစာ နည်းပါးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု မပေးခြင်း၊ အလုပ်သမား အခွင့်အရေးများ မရရှိခြင်း များကြောင့် လွန်ခဲ့သည့်လမှ စတင်၍ ဆန္ဒထုတ်ဖော်မှုများပြုလုပ်ခဲ့သော် လည်း ယခုချိန်ထိ တစုံတရာ ပြေလည် အောင်မညှိနှိုင်းသည့်အပြင် ဂျော်ဒန်နိုင်ငံ ဥပဒေအရကြာရှည်စွာ ဆန္ဒထုတ်ဖော် မှု ပြုလုပ်ပါ က ခေါင်းဆောင်များအား အရေးယူမည် စသည်ဖြင့် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ထို့သို့သော အခက်အခဲများကြောင့် မိမိနိုင်ငံသို့ အမြန်ဆုံး ပြန် လည်ရောက်ရှိနိုင်ရန် ယခုကဲ့သို့ ပြုလုပ်ခဲ့ ရခြင်းဖြစ်ကြောင်း ပြန်လည်ရောက်ရှိ လာသော အလုပ်သမားများက ပြောကြားသည်။ "နေပြည်တော်ထိ ဒီကိစ္စနဲ့ပတ်သက်ပြီး စာတွေတင်ထားတယ်။
ခုချိန်ထိတော့ ဘာမှမထူးသေးဘူး။ ဟိုဘက်နဲ့လည်း ဒီနေ့မနက်ထိ အဆက်အသွယ် ရနေ တယ်။ အလုပ်မဆင်းလို့ သူတို့ မိန်ကလေးအခန်းတွေထဲထိ ဆွဲလားရမ်းလား လုပ်တာတွေလည်း ရှိတယ်ပြော တယ်။ လေးယောက်လည်း ဒဏ်ရာရတယ်လို့ ပြောတယ်"ဟုဂျော်ဒန်နိုင်ငံရှိ ယင်းစက်ရုံတွင် ၂ နှစ်ကျော်ကြာ အလုပ် လုပ်ကိုင် လျက်ရှိသူ မလင်းလင်း ဖြိုး၏ အကိုဖြစ်သူ ကိုနိုင်ဦးမှ ပြောကြားသည်။ အလုပ်သမားများ ၏ လုပ်ခလစာ တိုးမြှင့်ပေးမှုမရှိခြင်းနှင့် အစားအသောက် အဆင်မပြေမှု တို့ကြောင့် ပြန် လာချင်ကြောင်း၊ ဆန္ဒပြမှုတွင် အား လုံး ပါဝင် နေပြီး သူမအနေဖြင့်လည်း ကိုယ်တိုင်ကြုံတွေ့နေ ရသည့် အခက်အခဲများ ကြောင့် အလုပ်မဆင်းဘဲနေခဲ့ပြီး အလုပ်မဆင်း ဘဲ နေခဲ့သည်မှာ တလခန့် ရှိခဲ့ပြီးနောက် စက်ရုံဘက် မှ ခြိမ်းခြောက်မှုများကြောင့် အချို့မှာ အလုပ်ပြန် လည် လုပ်ကိုင်နေကြကြောင်း၊ သို့သော်လ ည်း အားလုံးနီးပါးမှာ ပြန်လာချင် သူများဖြစ်ပြီး ၎င်း၏ညီမဖြစ်သူမှာမူ နှစ်သက်တန်းတိုးထားရာ ဆယ်လခန့် သက်တန်းများ စွာ ကျန်ရှိနေသောကြောင့်ပြန်လာရန် မလွယ်ကူကြောင်း၊ ပြန်လာချင်သူများမှာ ကုမ္ပဏီ အား လော်ကြေးပေးမှသာ ပြန်လာနိုင်ကြေင်း၊ အချို့မှာ ဆက်လက်မလုပ် ကိုင်တော့ သဖြင့် လျော်ကြေးပေး ၍ ပြန်လာကြ ကြောင်းလည်း ဆက်လက်ပြောကြားသည်။
"သေချာညှိနှိုင်းပြီး ဆက်လုပ်ကိုင်ခိုင်းမယ်ဆိုရင်လဲ သူ့တို့ရဲ့ လုံခြုံရေး၊ သူတို့ရဲ့ အသက်အန္တရာယ်ကို ဘယ်သူက တာဝန်ယူမလဲ၊ မိမိနိုင်ငံကို ပြန်လာဖို့ အလုပ် ရှင်က ဆောင်ရွက်မပေး ရင် ဂျော်ဒန် နဲ့ မြန်မာနိုင်ငံ အစိုးရ ညှိနှိုင်းပြီး ဖြေရှင်းပေးဖို့ လိုလာပြီ"ဟု ယင်းကိစ္စအား ကူညီဆောင် ရွက် ပေးနေသူ ၈၈ မျိုးဆက်ကျောင်း သားများ အဖွဲ့မှ ဒေါ်မာမာဦးမှ ပြောကြားသည်။ ဂျော်ဒန်နိုင်ငံရှိ အခက် အခဲကြုံတွေ့နေ ရသော အလုပ်သမားများ၏ အခက်အခဲ များ ပြေလည်သည်အထိ မိမိတို့ဘက်မှ ဆက် လက် ကူညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လုပ်ကိုင် သွားရန်ရှိကြောင်း၊အစိုးရ တာဝန်ရှိ သူများအား ၎င်းတို့၏ အခက် အခဲများအား သိရှိနိုင်ရန် စာများ ပေးပို့ထားကြောင်း၊ အစိုးရဘက်မှလည်း ကြိုးစားနေကြောင်း၊ ယင်းကိစ္စအားဆောင်ရွက်ရန် ဂျော်ဒန်နိုင်ငံသို့ လူလွှတ်ထား ကြောင်း၊ သို့သော်လည်း ယခုချိန်ထိ ဂျော်ဒန်နိုင်ငံသို့ ရောက်ရှိခြင်း မရှိသေးကြောင်း ဆက်လက် ပြောကြားသည်။
ဂျော်ဒန်နိုင်ငံရှိ အလုပ်သမားများ၏ အခက်အခဲနှင့် ပတ်သက်၍ သွားရောက် ဖြေရှင်းဆောင် ရွက်နိုင်ရန် မြန်မာနိုင်ငံ အလုပ်သမားဦးစီးဌာနမှ ညွှန်မှူး တစ်ဦးနှင့် ဒုညွှန်မှူး တစ်ဦးအား တာဝန်ပေးထားကြောင်း၊ ဗီဇာမကျသေး၍ စောင့်နေခြင်း ဖြစ်ကြောင်း၊ ဗီဇာကျသည်နှင့် သွားရောက် ၍ မည်သို့သော အခက်အခဲများ ရှိနေသည်ကို ကြည့်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလုပ်သမား ဦးစီးဌာနမှ ဦးမျိုးအောင်မှ ပြောကြားသည်။ မိဘများအနေဖြင့်လည်း ၎င်းတို့၏ သာသမီးများ အဆင်ပြေပြေဖြင့် အမြန်ဆုံး ပြန်လည်ရောက်ရှီရန်ကိုသာ မျှော်လင့်ကြောင်း၊ ဆက်လက် လုပ်ကိုင်ခွင့် ရှိမည် ဆိုပါကလည်း ယင်းကဲ့သို့ပြဿနာတက်ခဲ့ပြီး ဆက်သွယ်ရန် ခက်ခဲသည့် နိုင်ငံတွင် ဆက်လက် လုပ်ကိုင်စေရန် မသင့် တော်ကြောင်း၊ ထို့ကြောင့် အမြန်ဆုံး ပြန်လည် ရောက် ရှိအောင် သာ ဆောင်ရွက်ပေးစေလိုကြောင်း အလုပ်လုပ်ကိုင်နေသူ မိန်ကလေးတစ်ဦး၏ ဖခင်က ပြောကြားသည်။
ဂျော်ဒန်နိုင်ငံ Ramtha မြို့ရှိ Century Miracle Apparel (CMA) အထည်ချုပ် စက်ရုံတွင် မြန်မာနိုင်ငံမှ အလုပ်သမား ၁ ထောင်ကျော်သည် လုပ်ခလစာ အမေရိကန် ဒေါ်လာ ၁၅၅ မှ ၂၀၀ သို့ တိုးပေးရေး၊ မြန်မာ လူမျိုးများနှင့် ကိုက် ညီသည့် အစားအသောက်များ ကျွေးမွေးပေးရန်နှင့် စက်ရုံအုပ်ချုပ်သူ များ၏ လူမျိုးရေး ခွဲခြား ဆက်ဆံမှုများ အဆုံးသတ်ပေးရန် ဆန္ဒပြတောင်းဆိုမှုများ ဖြစ်ပွားခဲ့သည်မှာ လွန်ခဲ့သည့် ဖေဖော်ဝါ ရီလ ၁၄ ရက်နေ့ကတည်းက ဖြစ်သည်။
From:Myanma Age