Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မျက်လုံးထဲ တက်တူးထိုးခြင်း

$
0
0
eye 
 
မျက်လုံးထဲ တက်တူးထိုးတဲ့ ယဉ်ကျေးမှုက ဟိုးလွန်ခဲ့တဲ့ နှစ် ၂၀၀၀ ကတည်းက ရှိခဲ့တာလို့ လေ့လာရပါတယ်။ ရည်ရွယ်ချက်က နှစ်မျိုးပဲ ရှိပါတယ်။ အလှအပ နဲ့ ကျန်းမာရေး အတွက် ဖြစ်ပါတယ်။ အလှအပအနေနဲ့ ရည်ရွယ်ချက်နဲ့ မျက်လုံးထဲ တက်တူးထိုးတာတော့ ၂၁ ရာစုမှာ အတော်လေးနည်းသွားပါပြီ။ မျက်ကပ်မှန် ယဉ်ကျေးမှု ထွန်းကားလာလို့ ဖြစ်ပါတယ်။
မျက်လုံးထဲမှာ တက်တူးထိုးစရာ နှစ်နေရာ ရှိပါတယ်။ Cornea လို့ခေါ်တဲ့ မျက်ကြည်လွှာနဲ့ Sclera လို့ခေါ်တဲ့ မျက်ဖြူသား ဖြစ်ပါတယ်။ ဒါကြော့င် မြန်လာလို လိုရင်းခေါ်မယ်ဆိုရင် မျက်စံတက်တူးနဲ့ မျက်ဖြူသား တက်တူး ဖြစ်ပါတယ်။
မျက်ကြည်လွှာ တက်တူးထိုးခြင်း
မျက်စံ အနက်တည့်တည့်မှာ ထိုးတဲ့ တက်တူးက Corneal tattooing ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ ထောင်ကျော်ကတည်းက ရှိတာ ဖြစ်ပါတယ်။ အများစု ကတော့ ကျန်းမာရေး ကုထုံးအတွက် အသုံးပြုပြီး လေဆာမင်တံ နဲ့ ဖောက်ပြီး ထိုးပါတယ်။ မျက်ကြည်လွာမှာ တိမ်ဖုံးနေမှုများ၊ အဆင်းထင်နေမှုများ၊ ပုံပျက်နေမှုများကို ပြင်ဆင်ပေးတယ်လို့ ဆိုပါတယ်။ အခြားသော ကျန်းမာရေးရည်ရွယ်ချက်များနဲ့လည်း ထိုးပါတယ်။ မျက်လုံးနဲ့ ပက်သက်လို့ ဖြစ်ပွားတဲ့ ရောဂါတွေကို ကုဖို့အတွက် ဖြစ်ပြီး အမြင်ပြန်ကောင်း လာတဲ့ အကျိုးကျေးဇူးတွေ ရတယ်လို့ ဆိုပါတယ်။
နောက်ထပ်ရည်ရွယ်ချက်က အလှအပအတွက် ဖြစ်ပါတယ်။ အပြာရောင် လဲ့လဲ့သန်းတဲ့ မျက်ကြည်လွှာ ပိုင်ဆိုင်ရရှိဖို့အတွက် အပြာရောင် ဆေး တက်တူးထိုးကြပါတယ်။ အမြင်အာရုံကို မထိခိုက်ဘူးလို့ ဆိုပါတယ်။ အလှအပ အတွက် မျက်ကြည်လွှာ-မျက်စံအနက်မှာ တက်တူးထိုးတဲ့ အလေ့အထလည်း ရှိနေပါသေးတယ်။
Corneal tattooing မှာ အက်ဆီးဒန့် ဖြစ်တတ်ပါတယ်။ ဖြစ် လည်း ဖြစ် တတ်ကြပါတယ်။ အဆိုးဆုံး အက်ဆီးဒန့်ကတော့ အမြင်အာရုံ ဆုံးရှုံးရတဲ့ အဆင့်အထိ ဖြစ်ပါတယ်။ ဒါကြောင့် မျက်လုံးထဲ တက်တူးထိုးခြင်းကို ကျန်းမာရေးအတွက် ဆိုရင် မျက်စိအထူးကု ဆရာဝန်တွေသာ နိုင်ငံတကာမှ ခွင့်ပြုချက်ရပြီး အလှအပအတွက်ကတော့ သာမန် တက်တူးဆရာများကို လိုင်စင်နဲ့ ခွင့်ပြုပေးထားတာ ရှိတယ်လို့ ဆိုပါတယ်။
မျက်ဖြူသားပေါ် တက်တူးထိုးခြင်း
နောက်ထပ် မျက်လုံးထဲ တက်တူးထိုးနည်းကတော့ မျက်ဖြူသားကို တက်တူးထိုးတဲ့ Scleral tattooing ဖြစ်ပါတယ်။ ဒါကတော့ Extreme Practice လို့ သတ်မှတ်ထားပါတယ်။ တရားဝင်ခွင့်ပြုထားမှု နည်းပါတယ်။ မျက်ဖြူသားတစ်ခုလုံးကို အပြာရောင်ခြယ်တာမျိုး၊ အနီရောင် ခြယ် တာမျိုးတို့ ဖြစ်ပါတယ်။  သူက မျက်လုံးနဲ့ တိုက်ရိုက်ဆက်ထားတဲ့ အာရုံကြောများကို ထိခိုက်လွယ်စေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် မျက်ဖြူသားပေါ် တက်တူးထိုးတဲ့ အလေ့အထကတော့ နည်းပါတယ်။ သို့ပေမယ့် တက်တူးရူးသွတ်သူများအတွက်ကတော့ မျက်ဖြူသားပေါ် တက်တူးထိုးခြင်းဟာလည်း အလှအပတစ်ခုလို့ပဲ မှတ်ယူပါတယ်။ အသဲပုံ ပုံစံ၊ နှင်းဆီပုံစံ၊ စာရေးထိုးခြင်း အစရှိသဖြင့်တို့ကို ပြုလုပ်ပါတယ်။
----
----
မျက်လုံးထဲ တက်တူးထိုးခြင်းက ကျန်းမာရေး လိုအပ်ချက်အတွက် ပြုလုပ်တာ ပဲ ကောင်းတယ်လို့ ဆေးပညာရှင်များက တိုက်တွန်းထားပါတယ်။ ဒါတောင် အပြည့် အဝ ကောင်းမွန်လာနိုင်တယ်လို့ ဆရာဝန်များ အာမ မခံထားပါဘူး။ ကံမကောင်းရင် အမြင် အာရုံ ဆုံးရှုံး ရနိုင်ပါတယ်။ မျက်ကပ်မှန် ရေပန်းစားလာတဲ့ ခေတ်ကြီးမှာ မျက်လုံးထဲ တက်တူးထိုးတဲ့ ယဉ်ကျေးမှုကတော့ အတွေ့နည်းလာပါတယ်။ လုံးဝပျောက်ကွယ်သွား တာမျိုးတော့ မဖြစ်နိုင်သေးပါဘူး။ တက်တူး ထိုးတဲ့ ယဉ်ကျေးမှု ရှိနေသရွေ့ မျက်လုံးထဲ တက်တူးထိုးခြင်းကလည်း ဆက်လက် တည်ရှိနေအုံးမှာ ဖြစ်တယ်လို့ cosmetic ပညာရှင်တို့ ခန့်မှန်းထားပါတယ်။
------


From: Ref:wiki
အောင်ခမ်း (TSJ team)

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>