Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

“ ၉၆၉ ဂဏန်းသည် ငြိမ်းချမ်းရေး သင်္ကေတဖြစ်သည် ”

$
0
0
၉၆၉ ရဲ့ ရည်ရွယ်ချက်တွေက ဗုဒ္ဓဘာသာသာသနာအတွက် အင်မတန်ကောင်းမြတ်ပါတယ်
စိတ်ဆန္ဒပြင်းထန်သူတွေကြောင့် ၉၆၉ ဆောင်ပုဒ်တွေ၊ ဆောင်းပါးတွေမှာ တခြားဘာသာဝင်တွေအကြောင်း ထည့်သွင်း ဝေဖန်ခြင်း၊ ရှူံချခြင်းများ ပြုလုပ်နေမိပါသောကြောင့် ၉၆၉ကို လူတချို့က အကြမ်းဖက်ဝါဒဟု အထင်လွဲခံနေရခြင်းဖြစ်ပါတယ်

ဒါကြောင့် ၉၆၉နှင့် သက်ဆိုင်သော post များတင်သောသူများသည် တခြားဘာသာကို ဝေဖန်ခြင်း၊ကဲ့ရဲ့ရှူတ်ချခြင်းများထည့်သွင်း မရေးသားကြဘဲ မိမိတို့၏အဓိက ဆိုလိုရင်းဖြစ်သော ဗုဒ္ဓဘာသာဝင် အချင်းချင်း စည်းလုံးညီညွတ်စွာ အတူလက်တွဲ၍ ကူညီစောင့်ရှောက်ခြင်း၊ဖေးမကူညီခြင်းများဖြင့် ဗုဒ္ဓ သာသနာတော်ကြီးကို ပိုမိုထွန်းလင်းတောက်ပလာအောင် ဆောင်ရွက်ပေးစေလိုပါတယ်
မိမိသားသမီးများ မကောင်းလျှင် မိမိသားသမိများကိုသာလျှင် နားလည်ယဉ်ကျေးလိမ်မာလာအောင် ပြောဆိုဆုံးမသင့်ပါသည်

တခြားသူများ၏ သားသမီးများကြောင့်ဟု တပါးသူ၏ သားသမီးများအား အပြစ်တင်နေပါလျှင် လိုရင်းမရောက်နိုင်ဘဲ ပြသာနာရှိလာရှိနိုင်ပါသည်
မိမိကိုယ်ကို မိမိကာကွယ်စောင့်ရှောက်ရမည်အဆိုကို လက်ခံ၍ လူဆိုးလူကောင်း ခွဲခြားပြီး ရပ်တည်ခဲ့ကြသည်
ထိုနည်းတူစွာပင် မိမိ၏ မီသားစုဝင်များအတွက် အဆိုးအကောင်း ခွဲခြား၍ စောင့်ရှောက်ပေးကြ၏
မိမိ၏ပိုင်ဆိုင်မှူ့ အိမ်ခြံမြေ အစရှိသည်တို့အားလည်း မပျောက်မပျက်အောင် ရန်သူမျိုး၅ပါး ရန်မှာ ကင်းလွတ်အောင် စောင့်ရှောက်ထိန်းသိမ်းထားကြသည်


ဤသို့ဆိုပါလျှင် မိမိယုံကြည်ကိုးကွယ်နေသော ဘာသာတရားကိုလည်း မိမိက မပျောက်မပျက်ဘဲ ထွန်းလင်းတောက်ပလာအောင် ကာကွယ်စောင့်ရှောက်သင့်ပေသည်
ဗုဒ္ဓဘာသာဝင်များ ယနေ့ ဖူးမျှော်ကြည်ညိုခွင့်ရရှိနေကြသော ရဟန်းသံဃာတော်ကြီးများ စေတီပုထိုးများ သာသနာ့အမွေအနှစ်များသည် အဖိုးအဖွားမိဘများ၏ ဗုဒ္ဓသာသနာတော်ကို ကာကွယ်စောင့်ရှောက်ခဲ့ခြင်းကြောင့် ဖြစ်ပါသည် မိမိတို့လက်ထက်တွင် ၎င်းအမွေအနှစ်များ မပျောက်စေဘဲ သာသနာတော်ကြီး ပိုမို ထွန်းကားလာအောင် ကျိုးပမ်းဆောင်ရွက်သင့်ပါသည်


မိမိကိုယ်ကို လူကောင်းလူတော်ဖြစ်အောင် နေထိုင်ခြင်းကဲ့သို့ ဗုဒ္ဓဘာသာဝင်များသည် ဗုဒ္ဓဘာသာဝင်ကောင်းတစ်ဦး အဖြစ်ရပ်တည်နေထိုင်သင့်ပါသည်

From: ဗမာပြည်ဖွားညီနောင်များ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>