မကြာသေးခင်ကပေါ့ကွယ်၊ ရွှေနိုင်ငံ ဆိုတဲ့ တိုင်းပြည်ဂျီးမှာ ဆိုင်ရာဆိုင်ရာ အခွင့်အရေးတွေ တရားမျှတမှုတွေ ရှိစေဖို့ လွှတ်တော်ဂျီးတစ်ရပ်ကို ဖွဲ့စည်းပါသတဲ့။
အာ့မှာတင်၊ လူတွေက အဆိုပြုလိုက်၊ ခြင်္သေ့တွေက အိပ်ငိုက်လိုက်၊ ဒေါင်းတွေကလည်း တအာအာ ထတွန်လိုက်၊ မျောက်တွေကလည်း တကွိကွိ နဲ့ ဆတ်စလူးခါလိုက်၊ ခွေး ၈၈ ကောင်ကလည်း တစ်စီစီ ထအူလိုက်၊ ငိုက်မြည်းနေတဲ့ ခြင်္သေ့တွေက လန့်နိုးပီး ကယောင်ကတမ်းနဲ့ ထထောက်ခံလိုက်နဲ့ အရမ်းအရမ်းကို စည်ကားသိုက်မြိုက်နေတာပေါ့ကွယ်
ဂလို နားကလောဖွယ်ရာ အသံဗလံဒေကို စိတ်ပျက်လာတဲ့ လူတစ်ယောက်ဟာ လွှတ်တော်ဆီက ဖယ်ခွာလို့ Online သိုင်းလောကကြီးထဲကို ဝင်ရောက်ပီး ဒေါက်တာဆိတ်ဖွား ဆိုတဲ့အမည်နဲ့ ဇာတ်မြှုပ်နေထိုင်ပါသတဲ့၊ သူစွဲကိုင်တဲ့ လက်နက်ကတော့ မိုက်ကယ်ဒဲလ် ရဲ့ ပန်းပဲဖိုက ထုတ်လုပ်တဲ့ DELL Keyboard ပဲဖြစ်ပီး၊ Zaw Gyi font နဲ့ ပေါင်းစပ်ထားပါသတဲ့။ ဒေါက်တာဆိတ်ဖွားရဲ့ Oramin-G အတွင်းအားသုံး သံမဏိ လက်ချောင်းရိုက်ကွက်တွေဟာ အင်မတန်မှ ဆန်းကျယ်ပီး သိမ်မွေ့ နက်နဲလှသတဲ့။
တစ်ရက်မတော့၊ မျောက်အုပ်ကြီးဟာ Online သိုင်းလောက အထိလိုက်ပီး တကွိကွိအူ ဒုက္ခပေးနေတာကြောင့်၊ ဘယ်လိုမှ သည်းမခံနိုင်တော့တဲ့အဆုံး၊ Online ဘက်တော်သား ဒေါက်တာဆိတ်ဖွား အနေနဲ့ အင်မတန်မှ အတွင်းအား ပြင်းလှတဲ့ Above The Law ဆိုတဲ့ အဆင့်မြင့် တိုက်ကွက်ကြီးကို ထုတ်သုံးလိုက်တဲ့ အခါမတော့၊ . . .
မျောက်တော်ဂျီး တစ်ခုလုံးသည် မျောက်မီးခဲကိုင်မိဆိုသလို အုံးအုံးကြွက်ကြွက် ဆူညံပူညံ မျောက်အူသံဒေ သောသောညံကုန်သတဲ့။ Offline မှာပါ မျောက် -ီး သမန်းရှ ပီး နေထိထိုင်မသာဖြစ်သွးရှာတဲ့ မျောက်အုပ်ထဲက ဒေါက်တာမျောက်ရင် က ဒါကို စုံစမ်းဖေါ်ထုတ်မှ ဖစ်မယ် နို့မို့ မျောက်တော်ဂျီး တစ်ခုလုံး ရှက်ရှက်တေကွဲ လိမ့်မယ် ဘာညာ ကွိစိကွစ ထအူပါလေရော၊
ထုံးစံအတိုင်း - ဘူမသိကိုးမသိ ဒေါင်းဒေကလည်း ဝင်အာ၊ ခွေးဒေကလည်း မဆီမဆိုင် ဝင်အူတာပေါ့နော်။ အာ့မှာတင် - အိပ်ငိုက်နေတဲ့ ခြင်္သေ့ဒေလည်း လန့်နိုးသွားပီး ဂယောင်ဂတမ်းနဲ့ ဟုတ်တယ် ထောက်ခံတယ် စုံစမ်းသင့်တယ် ဘာညာအီးယောင်ကြောင်ဝါး ထသမ်းကြတာပေါ့ကွယ်။ ပညာရှိရွှေဇီးကွက်ကြီးကလည်း သူ့ရဲ့ မျက်မှန်ကို အသာပင့်ကြည့်ပီး သြော် ခြင်္သေ့ဒေကတောင် ထောက်ခံနေမှတော့ စုံစမ်းစစ်ဆေးစေ ဆိုပီး ခွင့်ပြုလိုက်သတဲ့
စကတည်းက သောက်လုပ်မရှိ ယဥ သန်းရှာချင်နေတဲ့ ဒေါက်တိုမျောက်ရင် နဲ့ အဖွဲ့ဒေလည်း အင်မတန်ပျော်ရွှင်မြူးတူးပီး ဟိုလူ့ခေါင်း သန်းရှာ ဒီလူ့ ယဥ သန်းရှာ လုပ်နေကြပီး၊ ဒီလူ့ ယဥ ကတော့ဖြင့်ကြီးတယ်၊ ဒီလူ့ ယဥ ကတော့ဖြင့် ငယ်တယ် ငါတို့ မျောက်တော်ကို - င် ချသွားတာ ဒီ ယဥ မျိုး ဟုတ်လောက်ဘူး ဘာညာ ကွိစိကွစ နဲ့ အလုပ်ရနေကြနေတာပေါ့
လက်သည်း ကို ဖင်ကြားထဲဝှက်ပီး ဂွင်စောင့်နေတဲ့ ဒေါက်တိုကြောင်ထွဋ် တို့ တစ်ပူး နဲ့တကွ ကြောင်ဝဲစား မီဒီယာဒေလည်း ငွေရွှင်နေကြတာပေါ့
အာ့ဂလိုမျိုး အကျိုးရှိရာ ကောင်းရာကောင်းကျိုးမလုပ်ပဲ လူတကာ ယဥ သန်း ပတ်ရှာ သောက်ချိန်ဖြုန်းနေတဲ့ မျောက်တေကြောင့် ဒေါက်တာဆိတ်ဖွားကနေ တိုင်းပြည်အရေးမျှော်တွေးပီး၊ မျောက်တေအနေနဲ့ သိပ်ပီး ဆပ်စလူးစိန်မထကြဖို့ သူဘယ်သူလဲဆိုတာပြောပြပါ့မယ် လို့ ရဲရဲရင့်ရင့်ကြေငြာ လိုက်ရတာပေါ့
မျောက်အုန်းသီးရ ဆိုတဲ့အတိုင်း ဒေါက်တာမျောက်ရင်တို့ အဖွဲ့ဟာ တစ်ခါထပ်ပီး - သရဲကောင်းမှန်ရင် ကိုယ့်တိုက်ကွက်ကိုကိုယ် တာဝန်ယူရဲရမယ် ဘာညာ အထွန့်တက်ပီး မျောက်တို့ရဲ့ ဗီဇအတိုင်း တကွိကွိ ထပ်အူပြန်သတဲ့
မျောက်တေရဲ့ သောက်ချိုးကို အလွန် သောက်ညင်ကပ်သွားတဲ့ Online သိုင်းသမား ဒေါက်တာဆိတ်ဖွား ဟာ ဘယ်သူလည်းဆိုတာ ဖွင့်မပြောတော့ပဲ ကြိုးရှည်ရှည်နဲ့ ချည်ထားလိုက်တာကြောင့်၊ မျောက်တော်က မျောက်တေဟာ နောက်ထပ်တဖန် မျောက် -ီး သမန်းရှ ပီး မျောက်ကဆက်က နေကြပါသတဲ့ကွယ်။ ဇာတ်လမ်းပမာလေးကတော့ ဒီမျှပါပဲ သိုင်းလောကသား သယ်ဂျင်းတို့ရယ်
www.mmdailystar.com