Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

သံတွဲမြို့ရှိ အပျက်အစီးစာရင်းများ

$
0
0


၃၀.၆.၂၀၁၃ ရက်နေ့ ညနေ(၅)နာရီကျော်လောက်မှာ ရဲစခန်းသို့လူ(၅၀)ဦးခန့် စုရုံးရောက် ရှိခဲ့ကြပါတယ်။ တာဝန်ရှိသူများက ရှင်းလင်းပြောဆိုသဖြင့် (၆း၃၀) လောက်လူစုကွဲပါတယ်။ ည(၇း၁၅)လောက်မှာ ကောင်းကင်သစ္စာ မော်တော်ယာဉ်အသင်းမှ ၈ည/၃၂၃၁ - ၈ဈ/၃၇၆၅ ယာဉ်နှစ်စီးကို လူအချို့ကခဲဖြင့်ပစ်ပေါက် ဖျက်ဆီးခဲ့ကြပါတယ်။

အစ္စလာမ်ဘာသာဝင် ဒေါ်ဆာမိကွမ်းယာဆိုင်ကို ဖျက်ဆီးရန် ကြိုးစားသော်လည်း တာဝန်ရှိသူများရောက်လာ၍ အပျက်အစီး မဖြစ်ခဲ့ဟု သိရပါသည်။

ည(၉)နာရီကျော်ခန့်တွင် ဒွါရာဝတီ(က)ရပ်ကွက် (၈)လမ်းရှိ တဲ(၁)လုံး၊ စက်ဘီး(၃)စီး၊ ဆိုင်ကယ်(၁)စီး၊ သစ်တောဝန်ထမ်းဦးဘရင် အိမ်က ဆိုင်ကယ်(၁)စီး နှင့်ကိုမျိုးသက်ဆိုသူပိုင်အိမ်ကို လူစုဖြင့်ဖျက်ဆီး မီးရှို့မှုရှိခဲ့တယ်လို့ သိရပါတယ်။

တစ်ဆက်တည်း ဦးကြည်အောင်၊ ဒေါ်ဝင်းကြည် အိမ်မီးလောင်ကျွမ်းပြီး
ဒေါ်လှအုန်းမေ(ရခိုင်/ဗုဒ္ဓ) အိမ်ကို မီးကူးစက်လောင်ကျွမ်း ခဲ့တယ်လို့သိရပါတယ်။

သံတွဲမြို့နယ်အုပ်ချုပ်ရေးမှူးက လူစုလူဝေးမလုပ်ရန် ၊ ညလုံခြုံရေးများ
တာဝန်ထမ်းရွက်ရာတွင် အတားအဆီးမဖြစ်စေရေးအတွက် လမ်းပေါ်သို့မထွက်ကြရန် အမိန့်ထုတ်ပြီး၊ အသံချဲ့စက်နှင့်အော်ခိုင်းခဲ့တယ်လို့သိရပါတယ်။ ပုဒ်မ(၁၄၄) ထုတ်ပြန်ခြင်းမျိုးမဟုတ်သေးဘူးလို့ သိရပါတယ်။

သံတွဲမြို့ လုံထိန်းအင်အား(၁၀၀)၊ နယ်မြေခံ ရဲတပ်ဖွဲ့ ၊ နယ်မြေခံတပ်မတော်တပ်ရင်းမှ
လုံခြုံရေး တင်းကြပ်စွာချထားကြောင်းသိရပါတယ်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကလည်း အခင်းစဖြစ်စဉ်ကပင် ၊ အုပ်ချုပ်ရေးတာဝန်ရှိသူများသို့ လိုအပ်သောညွှန်ကြားမှုများကို ပြုလုပ်ပြီး လုံခြုံရေး အစီအမံများအတွက်
စီစဉ်ဆောင်ရွက်မှုကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ခဲ့ကြောင်း ၊ ၀န်ကြီး(၂)ဦးကို စေလွှတ်၍တည်ငြိမ်ရေးနှင့်တရားဥပဒေစိုးမိုးရေး
ဆောင်ရွက်ရန် တာဝန်ပေးအပ်ထားကြောင်းသိရပါသည်။




From: Arakan Events

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>