တိုင်းမ်မဂ္ဂဇင်း ပါ မျက်နှာဖုံးဆာင်းပါးနှင့်ပတ် သက်ပြီး အမေရိကန်ပြည်ထောင်စုရှိ မြန်မာရဟန်းသံဃာတော် (၅)ပါးကဦးဆောင်ကာ ဇူလိုင် ၃ ရက်နေ့တွင် နယူးယောက်မြို့ ရှိ တိုင်းမ်မဂ္ဂဇင်း ရုံးချုပ်ရှေ့ တွင် ဆန္ဒပြကြ မည်ဖြစ်ကြောင်း ဦးဆောင် လှုပ်ရှားသူ မြန်မာဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဆရာတော်ဦးနာ ယက, က ရန်ကုန်တိုင်းမ်နေ့စဉ်သ တင်းစာသို့ အတည်ပြုမိန့်ကြား သည်။ ''ဘုန်းဘုန်းတို့ မြန်မာရဟန်း တွေက ဦးဆောင်တာ ဆိုပေမယ့် ဆန္ဒပြတဲ့အခါ နိုင်ငံ တကာ က ဗုဒ္ဓ ဘာသာရဟန်းတော်တွေပါလာ မှာဖြစ်တယ်။ သီရိလင်္ကာတို့၊ ဂျပန် တို့၊ ဘင်္ဂလားဒေ့ရှ်တို့ စသဖြင့် အဲဒီက ရဟန်းတွေလည်းပါမယ်။ သံဃာ အပါး ၂ဝနဲ့ ၃ဝကြားတော့ပါလာ မယ်ထင် တယ်''ဟု ဦးနာယက, က ဆက်လက် မိန့် ကြား သည်။
ဦးဆောင်မည့် မြန်မာရ ဟန်းတော်များမှာ ဦးနာယက (နယူးယောက်)၊ ဦးပညာဇောတ (နယူးယောက်)၊ ဦးအိန္ဒာစာရ(န ယူးယောက်)၊ ဦးအကုင်္ရ(ပန်ဆယ် ဗေးနီးယား)နှင့် ဦးကောဝိဒ(က နေဒါ)တို့ ဖြစ်သည်။ အဆိုပါဆန္ဒပြပွဲတွင် ရဟန်း သံဃာများအပြင် နယူးယောက် မြို့နှင့်အနီးဝန်ကျင်ဒေသများ ဖြစ်သော မေရီလင်း၊ ဝါရှင်တန်၊ နယူးဂျာဇီ စသည့်နေရာများရှိ မြန်မာနိုင်ငံသားများနှင့် ဗုဒ္ဓဘာ သာဝင်လူပုဂ္ဂိုလ်များပါ လာရောက် ရန်နှိုးဆော်ထားကြောင်း သိရ သည်။ ''ဘာကြောင့် ဆန္ဒပြရသလဲ ဆိုတော့ တိုင်းမ်မဂ္ဂဇင်းကဆောင်း ပါးဟာ ဦးဝီရသူတစ်ပါးတည်းကို ရေးတာမဟုတ်ဘူး။ ဗုဒ္ဓဘာသာ တစ်ဘာသာလုံးကို မထီမဲ့မြင်ပြု လုပ်လိုက်တာဖြစ်တယ်။ ပြီးတော့ တိုင်းမ်ဟာ မီဒီယာ ကျင့် ဝတ်နဲ့မ ကိုက်ညီဘူး။ ဒီလိုရေးသားတာ ဟာ မြန်မာနိုင်ငံအတွက်ကောင်း ကျိုးမပေးဘူး။ ဆိုးကျိုးကိုသာ ဖြစ်စေမယ်'' ဟု ယင်းကမိန့်သည်။ ဆန္ဒပြပွဲကို ငြိမ်းချမ်းငြိမ် သက်စွာပြသရန် ရည်ရွယ်ထား ကြောင်း၊ တရား ထိုင်နေ သည့် ပုံစံ မျိုးဖြင့် ဆန္ဒပြသမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာရဲစခန်းတွင် ခွင့်ပြု ချက်ရရှိပြီးဖြစ်ကြောင်းလည်း သိရသည်။
နယူးယောက်မြို့ ၁၂၇၁ အဲဗင်းနယူးလမ်းရှိ တိုင်းမ်မဂ္ဂဇင်း ရုံးချုပ်ရှေ့တွင် ဇူလိုင် ၃ရက် မွန်း လွဲ ၁နာရီမှ ၂နာရီအထိ ဆန္ဒပြ ကြမည်ဖြစ်ကြောင်း သတင်းရ ရှိသည်။ ဆရာတော်ဦးဝီရသူက ''ဝီရ သူကိုပြစ်မှားရင် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက် ရင် ခွင့်လွှတ်လို့ရတယ်။ အခုက သာသနာတော်တစ်ခုလုံး ကို စော်ကားတယ်။ သူရေးတဲ့ အ ချက်တွေကလဲ လွဲမှားနေတယ်။အဲဒီလိုစွပ်စွဲတဲ့ကိစ္စကို ရဟန်းတော် တွေနဲ့ ပြည်သူတွေက ဆန္ဒထုတ် ဖော်ကြတယ်။ အဲဒီလို မဟုတ် တာ တွေကို ပြောတဲ့အတွက် ဆန္ဒထုတ် ဖော်ဖို့တာဝန်ရှိတယ်။ မြတ်စွာ ဘုရားရဲ့တရားတော်တွေထဲမှာ လဲ ဟောကြားထားတာတွေရှိတယ်။ အခုလိုဆန္ဒပြကြမှာကို သိရတဲ့ အတွက် ဆရာတော်အနေနဲ့ သာ ဓုခေါ်ပါတယ်''ဟု ရန်ကုန်တိုင်းမ် နေ့စဉ် သတင်းစာ သို့ မိန့်ကြား သည်။
From: ညီလတ်ဦးဆောင်မည့် မြန်မာရ ဟန်းတော်များမှာ ဦးနာယက (နယူးယောက်)၊ ဦးပညာဇောတ (နယူးယောက်)၊ ဦးအိန္ဒာစာရ(န ယူးယောက်)၊ ဦးအကုင်္ရ(ပန်ဆယ် ဗေးနီးယား)နှင့် ဦးကောဝိဒ(က နေဒါ)တို့ ဖြစ်သည်။ အဆိုပါဆန္ဒပြပွဲတွင် ရဟန်း သံဃာများအပြင် နယူးယောက် မြို့နှင့်အနီးဝန်ကျင်ဒေသများ ဖြစ်သော မေရီလင်း၊ ဝါရှင်တန်၊ နယူးဂျာဇီ စသည့်နေရာများရှိ မြန်မာနိုင်ငံသားများနှင့် ဗုဒ္ဓဘာ သာဝင်လူပုဂ္ဂိုလ်များပါ လာရောက် ရန်နှိုးဆော်ထားကြောင်း သိရ သည်။ ''ဘာကြောင့် ဆန္ဒပြရသလဲ ဆိုတော့ တိုင်းမ်မဂ္ဂဇင်းကဆောင်း ပါးဟာ ဦးဝီရသူတစ်ပါးတည်းကို ရေးတာမဟုတ်ဘူး။ ဗုဒ္ဓဘာသာ တစ်ဘာသာလုံးကို မထီမဲ့မြင်ပြု လုပ်လိုက်တာဖြစ်တယ်။ ပြီးတော့ တိုင်းမ်ဟာ မီဒီယာ ကျင့် ဝတ်နဲ့မ ကိုက်ညီဘူး။ ဒီလိုရေးသားတာ ဟာ မြန်မာနိုင်ငံအတွက်ကောင်း ကျိုးမပေးဘူး။ ဆိုးကျိုးကိုသာ ဖြစ်စေမယ်'' ဟု ယင်းကမိန့်သည်။ ဆန္ဒပြပွဲကို ငြိမ်းချမ်းငြိမ် သက်စွာပြသရန် ရည်ရွယ်ထား ကြောင်း၊ တရား ထိုင်နေ သည့် ပုံစံ မျိုးဖြင့် ဆန္ဒပြသမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာရဲစခန်းတွင် ခွင့်ပြု ချက်ရရှိပြီးဖြစ်ကြောင်းလည်း သိရသည်။
နယူးယောက်မြို့ ၁၂၇၁ အဲဗင်းနယူးလမ်းရှိ တိုင်းမ်မဂ္ဂဇင်း ရုံးချုပ်ရှေ့တွင် ဇူလိုင် ၃ရက် မွန်း လွဲ ၁နာရီမှ ၂နာရီအထိ ဆန္ဒပြ ကြမည်ဖြစ်ကြောင်း သတင်းရ ရှိသည်။ ဆရာတော်ဦးဝီရသူက ''ဝီရ သူကိုပြစ်မှားရင် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက် ရင် ခွင့်လွှတ်လို့ရတယ်။ အခုက သာသနာတော်တစ်ခုလုံး ကို စော်ကားတယ်။ သူရေးတဲ့ အ ချက်တွေကလဲ လွဲမှားနေတယ်။အဲဒီလိုစွပ်စွဲတဲ့ကိစ္စကို ရဟန်းတော် တွေနဲ့ ပြည်သူတွေက ဆန္ဒထုတ် ဖော်ကြတယ်။ အဲဒီလို မဟုတ် တာ တွေကို ပြောတဲ့အတွက် ဆန္ဒထုတ် ဖော်ဖို့တာဝန်ရှိတယ်။ မြတ်စွာ ဘုရားရဲ့တရားတော်တွေထဲမှာ လဲ ဟောကြားထားတာတွေရှိတယ်။ အခုလိုဆန္ဒပြကြမှာကို သိရတဲ့ အတွက် ဆရာတော်အနေနဲ့ သာ ဓုခေါ်ပါတယ်''ဟု ရန်ကုန်တိုင်းမ် နေ့စဉ် သတင်းစာ သို့ မိန့်ကြား သည်။
YMG
www.mmdailystar.com